တောင်ကိုရီးယားမှာ ခွေးကို အသားအဖြစ်မွေးမြူ၊ ရောင်းချ၊ thetဖြတ်တာကို ပိတ်ပင်

International News
တောင်ကိုရီးယားမှာ ခွေးကို အသားအဖြစ်မွေးမြူ၊ ရောင်းချ၊ thetဖြတ်တာကို ပိတ်ပင်

တောင်ကိုရီးယားမှာ ခွေးအသားဆိုင်ရာမူဝါဒကို ကန့်ကွက်ဖို့ ကိုရီးယားခွေးအသားဆိုင်ရာအဖွဲ့ဝင်တွေ စုဝေးနေချိန် အတူမြင်တွေ့ရတဲ့ လှောင်အိမ်ထဲက ခွေးတစ်ကောင်

တောင်ကိုရီးယား နိုင်ငံမှာ ခွေးကို အသားစားဖို့ အလို့ငှာ မွေးမြူရောင်းချတာ၊ thetဖြတ်တာကို ပိတ်ပင်တားမြစ်တဲ့ ဥပဒေ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယား ပါလီမန်က အတည်ပြုလိုက်တဲ့ အဲဒီ ဥပဒေအရ ဖောက်ဖျက် ကျူးလွန်သူတွေကို ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်ပါတယ်။

ဒါပေမယ့် ခွေးသား စားခြင်းဟာ တရားမဝင်ဘူးလို့တော့ ဥပဒေထဲမှာ ဆိုမထားပါဘူး။ ရာစုနှစ်များစွာ တည်ရှိခဲ့တဲ့ အလေ့အကျင့်တစ်ခုကို ပယ်ဖျက်ဖို့ အရင် အစိုးရတွေ တုန်းကတည်းက ကြိုးစား ခဲ့ကြပြီး၊ အခု သမ္မတ ယွန် ဆွတ်ခ် ယိုးလ် လက်ထက် အကောင်အထည် ပေါ်လာတာ ဖြစ်ပါတယ်။

တိရိစ္ဆာန် အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေက အခု ဥပဒေကို ကြိုဆို နေကြပါတယ်။

သနား ကြင်နာရေး နိုင်ငံတကာ ကိုရီးယား အဖွဲ့ကို ဦးဆောင်သူ ဘိုရမီဆီအိုက “ကိုရီးယား လူ့အဖွဲ့အစည်းထဲမှာကို တိရိစ္ဆာန် အခွင့်အရေး ကာကွယ်ရေး ကဏ္ဍမှာ စိတ်ပါဝင်စားမှု တိုးမြင့်လာပါတယ်။

ခွေးသားစားတဲ့ အလေ့အကျင့်လည်း ကျဆင်းလာပြီး အတိတ်မှာ ထားခဲ့နိုင်ပြီ ဖြစ်ပါတယ် ” လို့ ဘီဘီစီကို ပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။