ယုံယုံကြည်ကြည်နဲ့အားပေးခဲ့ကြတဲ့ ရတနာချစ်သူတွေကို ဆိုင်နဲ့ပက်သက်ပြီး သတင်းစကားပါးလိုက်တဲ့ ပိုးကြာဖြူခင်

Celebrity Local News
ယုံယုံကြည်ကြည်နဲ့အားပေးခဲ့ကြတဲ့ ရတနာချစ်သူတွေကို ဆိုင်နဲ့ပက်သက်ပြီး သတင်းစကားပါးလိုက်တဲ့ ပိုးကြာဖြူခင်

ပရိသတ်ကြီးရေ ပိုးကြာဖြူခင်ကတာ့ ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်ရဲ့ အချစ်တော် မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလှတဲ့ ရုပ်ရည်အပြင် သရုပ်ဆောင်စွမ်းရည်ကလည်းပြည့်ဝလွန်းလှတာကြောင့်ပရိသတ်များ စွာ ကို ပိုင်ဆိုင် ထားတဲ့ သူတစ်ယောက်ပါ ။မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ ပရိသတ်ရဲ့ အားပေးမှုကို အပြည့်ရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်

ပိုးကြာဖြူခင်က သူမရဲ့ ရတနာPK Htunဆိုင်နဲ့ပက်သက်ပြီး “2.6.2023 မှာ စဖွင့်ခဲ့တဲ့ ရတနာ PK Htun ဆိုတဲ့ ဒီ ၇ လသား ဆိုင်လေးကို ယုံယုံကြည်ကြည်နဲ့ အားပေးဝန်းရံပေးခဲ့ကြတဲ့ ရတနာ ချစ်သူလေးတွေ အားလုံးကို တကယ် ရင်ထဲက ကျေးဇူးတင်တယ် ရတနာလောကထဲ ဒရိမ်းဒရိုင်နဲ့ ဝင်လာခဲ့တာ ၇ လကျော်ခဲ့ပြီ ငိုခဲ့ရတဲ့နေ့တွေ မအိပ်နိုင်ခဲ့တဲ့ညတွေ ဆုံးရှုံးခဲ့ရတာတွေ lesson ပေါင်းများစွာရယ်ကို အချိန်တိုလေးအတွင်း ခံလိုက်ရတာဆိုတာ တော်သေးတာပေါ့ ဘာလုပ်လုပ် ဘာဖြစ်ဖြစ် မှီစရာ ယောက်ကျားရင်ဘက်လေးရှိလို့ ဒီလောက် တိုးတက်လာတာ ဗိုက်တလုံးနဲ့ ကလေး ၃ ယောက်နဲ့ ဟိုပြေးဒီပြေး ကြိုးစားခဲ့တာ ခုဆို ဆိုင်လေး ရဲ့ ပုံရိပ်က တော်တော်လှခဲ့ပြီ ဒီနှစ်ထဲ နောက်ထပ်ဆိုင်ခွဲ တခု ထပ်ဖွင့်နိုင်အောင်ကြိုးစားပါမယ် ဆိုင်ခွဲထပ်ဖွင့်ပြီးရင် ကလေးနောက်တယောက် ထပ်ယူပါမယ် နောက်တဆိုင်ကို နောက်တဗိုက်နဲ့ ထပ်မံ အောင်မြင်အောင် ကြိုးစားပါဦးမယ်ရှင် နော် PK Tun” ဆိုပြီး ပရိသတ်တွေကိုအသိပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။