ထက်ထက်မိုးဦးတောင် လိုက်မမှီနိုင်တဲ့အနုပညာအရည်အချင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ဖြူဖြူထွေး

Celebrity Local News
ထက်ထက်မိုးဦးတောင် လိုက်မမှီနိုင်တဲ့အနုပညာအရည်အချင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ဖြူဖြူထွေး

ကျောင်းကပွဲတစ်ခုကတဆင့် ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်အဖြစ်နာမည်ကျော်လာတဲ့ ဖြူဖြူထွေးကတော့ ကြော်ငြာ ဇာတ်လမ်းတိုတွေရိုက် ကူးရင် ပရိသတ်အားပေးမှု အတော်လေးရလာခဲ့ပြီဖြစ်ပါတယ် ။ မကြာခဏ ဆိုသလို သူမရရှိတဲ့ အနုပညာကြေးလေးနဲ့လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး ပရိသတ်တွေ လေးစားချစ်ခင်နေကြ ရတဲ့ အနုပညာရှင် တစ်ယောက်လိုတောင်ပြောရမှာပါ ။

အခြေခံလူတန်းစားတွေအတွက် ကြီးမားတဲ့ရိုက်ခတ် မှုကြီးဖြစ်ခဲ့တဲ့ ကိုဗစ်ကာလမှာ မေတ္တာတရားနဲ့လက် လှမ်းမှီသလောက် ကူညီပေးခဲ့ပါသေးတယ်။ နေ့စဉ်ရက်ဆက်ဆိုသလို သက်ကြီးရွယ်အိုတွေသာမက စည်ပင်ဝန်ထမ်း၊ အလုပ်ကြမ်းသမားနဲ့ ဆိုက်ကားသမားပါမကျန် အလှူဒါနပြုလုပ်ပေးနေသူပါ။ဒါ့အပြင် သူရိုက်ရတဲ့ ကြော်ငြာလေးတွေမှာလည်း ခက်ခဲနေတဲ့ဇာတ်ပို့ဇာတ်ရံတွေကိုပါ ထည့်သုံးပြီး ကူညီပေးလေ့ရှိသူမို့ ပရိသတ်က လေးစားချစ်ခင်နေရသူဆိုရင်လည်း မမှားပါဘူး။

ယခုအခါမှာတော့ မြန်မာနိုင်ငံအတွင်းမသာမက ထိုင်းနိုင်ငံမှာပါ နာမည်ကြီးအောင်မြင်ကျော်ကြားနေတာပဲဖြစ်ပါတယ် … မင်းသမီးကြီးထက်ထက်မိုးဦး ထက် အောင်မြင်မှု ပိုပီး ရှိတယ်လို့လည်း သုံးသပ်ပြောဆိုတာ ကိုတွေ့ ရ ပါတယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။