Money Plant , ငွေကြေး ပြဒါးတိုင်

Astrology
Money Plant , ငွေကြေး ပြဒါးတိုင်

သင့်ရဲ့ ငွေကြေးအခြေအနေ အတက်အကျ ကို သိချင်ရင် သစ်ပင်လေး တပင်သာ စိုက်ထားပါလို့ ပြောရင် ယုံပါ့မလာ?
ဒါတင်မကဘူး၊ သစ်ပင်လေး က ငွေမဝင်နိုင်သေးဘူးပြောရင်၊ ငွေဝင်လာအောင် သစ်ပင်လေး ကို ပြုစုနည်းပါ၊ ပြောပြပါမယ်။

Pachira လို့ခေါ်တဲ့ Money plant အိမ်တွင်းစိုက်သစ်ပင်လေး အကြောင်းကို ၂၀၂၄ အတွက် စိုက်သင့်တဲ့ အပင်တွေ အကြောင်းမှာရေးခဲ့ပါတယ်။ ကိုယ်တွေ့များ ကို ဝေမျှပေးကြသူများကို လည်း ကျေးဇူးတင်ပါတယ်။
– အပင်ရဲ့ အရွက် တွေက အကိုင်းတခက်မှာ ၅ ရွက်ကနေ ၉ ရွက်အထိ ထွက်နိုင်ပါတယ်။
– သင့်မှာ ငွေ၀င်မယ် ဆိုရင် အရွက်တွေ တိုးလာ ပွားလာတာပါ။
– အရွက် ၇ ရွက် ထွက်ရင်တော့ သေချာ ပေါက် ငွေ၀င်ပါပြီ။
– ကိုးရွက် ထွက်ရင်တော့ ငွေအများကြီးကို ၀င်တတ်ပါတယ်။ ထီပေါက်တာလည်း ဖြစ်နိုင်ပါတယ်။

အပင်က သဘာဝအတိုင်း အရွက်တွေ ပွားမလာရင် အရွက်တွေ ပွားလာအောင် လည်း လုပ်နိုင်ပါတယ်။

လက်တွေ့ကျတဲ့ အချက် တခု တော့ သတိထားပါ။ ဒီအပင်မျိုးတွေက အိမ်တွင်းစိုက်တဲ့ အပင် ဖြစ်လို့ ရေအများကြီး မလိုပါ။ အရွက်တွေ ထွက်အောင် ရေကို နေ့တိုင်းလောင်း နေလို့ တော့ မရပါ။ အပင်သေပါလိမ့်မယ်။
ပြုစုနည်းလေး တချို့ပြောပြပါမယ်။

– အရွက်စိမ်းများ ရှိလို့ နေရောင်ခြည် ရနိုင်တဲ့ ပြတင်းပေါက်နား ထားပါ။
– ပန်းအိုးကို ရွှေရောင် သို့မဟုတ် အနီရောင် သုံးကြည့်ပါ။ ထူးခြားပါလိမ့်မယ်။
– ရေ နည်းနည်းဘဲ လိုတဲ့ အတွက် တပါတ် ကို တကြိမ် သို့မဟုတ် နှစ်ကြိမ်သာ လောင်းပေးပါ။

– ရေလောင်းရင် လည်း စပရေးဗူးလေး နဲ့ နည်းနည်းသာ လောင်းပေးပါ။
– အပင်တွေကို စကားပြော နိုင်ပါတယ်။ အရွက်များကို အ၀တ်လေး နဲ့ ပွတ်တိုက် ပေးရင်း သင့် ဆန္ဒ တွေကို ပြောပါ။ ဘုရားစာရွတ်ပြီး ဆုတောင်းတာလည်းရပါတယ်။
– လောင်းတဲ့ ရေ ကို ရွှေရည် ငွေရည် လောင်းပါ။ ရွှေရည်ငွေရည် ဆိုတာက သင်လောင်းမဲ့ ရေ ထဲကို ရွှေနဲ့ ငွေ စိမ်ထားတာပါ။ ရွှေဆိုတဲ့ နေရာမှာ ကျောက်တွေမပါတဲ့ ရွှေချည်းသက်သက်က ပိုကောင်းပါတယ်။

ငွေကိုတော့ တချို့က တကယ့် သတ္တုငွေကို ထည့်ကြပါတယ်။ တချို့လည်း ငွေဆိုတာ ပိုက်ဆံ မို့ ပိုက်ဆံအကြွေစေ့များ အထူးသဖြင့်ကြေးပြား များ ကို ထည့်ကြပါတယ်။
ဒါ့အပြင်လုပ်သင့်တာလေးရှိပါသေးတယ်။

* ငွေ၀င်တယ် ဆိုတာက သင့်ကုသိုလ် ကံ ကြောင့် ၀င်တာပါ။ ဒါကြောင့် ငွေကြေး ကံ အားကောင်းဖို့ လှုပေးပါ။ တတ်နိုင်သလောက် ငွေကြေး လိုအပ်နေသူများကို ကူညီပေးပါ။

* သင်ယုံကြည်တဲ့ ဘာသာတရား အရ ငွေ၀င်ကံကောင်းစေတဲ့ ဂါထာများ မန္တန် များ ကိုရွတ်ဖတ် ပူဇော်နိုင်ပါတယ်။
* ဒီနည်းလေး တွေကတော့ သစ်ပင် မရှိဘဲ လည်း သင့်ရဲ့ ငွေကြေး ကံ မြင့်မားပြီး ငွေ၀င်စေမယ့်နည်းများပါ။
ချစ်ခြင်းမေတ္တာဖြင့်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။