၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( January 29 to February 4 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် ရက်သတ္တပတ် အစောပိုင်းတွင် အားနည်းနေတတ်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။ မြေယာ၊ အိမ်ခြံမြေ စသော ရင်းနှီးမှုများမှ အကျိုးအမြတ်ကောင်းများ ရရှိနိုင်ပါမယ်။

ဤကာလအတွင်း မိသားစုဝင်တို့၏ အကူအညီဖြင့် လုပ်ငန်းခွင် တိုးတက်မှုများ ရှိနေပါမယ်။ တခြားသူထံမှ အထင်ကြီး လေးစားခြင်း ခံရနိုင်ပါမယ်။ ဒါ့အပြင် ဘာသာရေး လှုပ်ရှားမှုများတွင် ပါဝင် ဆောင်ရွက်ရဖွယ် ရှိနေပါတယ်။

ပြိဿရာသီခွင် – Taurus ( January 29 to February 4 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ အသီးအနှံများကို ပုံမှန်စားသုံးပေးရပါမယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ကောင်းမွန်နေပါမယ်။ ဝင်ငွေ တိုးတက်မှုနှင့် အတူ အပိုဝင်ငွေများ ရရှိနိုင်ဖွယ် ရှိနေပါတယ်။ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လိုပါက ကျွမ်းကျင်သူများ၏ အကြံဉာဏ်များကို ရယူပေးပါ။

ဤကာလအတွင်း မိသားစု ဘဝတွင် အပြုသဘော ဆောင်သော အပြောင်းအလဲများ ရှိနေတတ်ပါတယ်။ မိသားစုဝင်များနှင့် အတူ ပျော်ပျော်ရွင်ရွင် ဖြတ်သန်းနိုင်ပါမယ်။

မေထုန်ရာသီခွင် – Gemini ( January 29 to February 4 )
===============================================

ဤကာလ တစ်လျှောက်လုံး Gemini ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေး ရပါမယ်။ ကိုယ်ခံအား နည်းခြင်းတို့ကြောင့် ရောဂါ ဝေဒနာများ ဝင်ရောက်လာနိုင်ပါမယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုကိုပါ ပြုလုပ်ပေးပါ။

ဤကာလအတွင်း နယ်ပယ်များစွာမှ ငွေကြေး အကျိုးအမြတ်များ ရရှိတတ်ပါတယ်။ ဒါကြောင့် ဘဏ္ဍာရေးနှင့် ပက်သက်၍ အစီအစဉ်ကောင်းများ ရေးဆွဲပေးပါ။ သို့်မှသာ ငွေကြေးများကို အတိုင်းအတာ တစ်ခုထိ ချွေတာနိုင်သည့်အပြင် စုဆောင်းမှုများကိုပါ ပြုလုပ်နိုင်ပါမယ်။

Gemini ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်စရာ အခိုက်အတန့်များ ပိုင်ဆိုင်နိုင်ပါမယ်။ မိသားစုဝင် အချို့၏ အောင်မြင်မှုကြောင့် ဂုဏ်ယူနေရတတ်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( January 29 to February 4 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် စိတ်ဖိစီးမှုများမှ သက်သာရာ ရရှိနိုင်ပါမယ်။ မိမိကိုယ် မိမိ ကျန်းမာနေစေရန် တတ်နိုင်သမျှ ဂရုစိုက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် ကောင်းမွန်နေပါမယ်။ လုပ်ငန်းခွင် တိုးချဲ့မှုတို့နှင့် အတူ အမြတ်အစွန်းကောင်းများကို ရရှိနိုင်ပါမယ်။ သို့သော် ငွေကြေး ကိစ္စရပ်များကို လက်လွတ်စပယ် မဆုံးဖြတ်ပါနှင့်။

ဤကာလအတွင်း Cancer ရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။ ဒ့ါအပြင် မိသားစု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ပါလိမ့်မယ်။

သိဟ်ရာသီခွင် – Leo ( January 29 to February 4 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အထူး စိုးရိမ်စရာ မလိုအပ်ပေ။ အပြုသဘောဆောင်သော အပြောင်းအလဲတို့ဖြင့် ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ သို့သော် နေ့စဉ် နေ့တိုင်း ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ပေးပါ။

ငွေရေးကြေးရေး အရ ကံတရားသည် ကောင်းမွန်နေပါမယ်။ သို့သော် အမှတ်မထင် ဒဏ်ကြေး၊ လျော်ကြေးငွေများ ပေးဆောင်ရဖွယ် ရှိနေပါတယ်။ အထူးသဖြင့် သီတင်းပတ် အကုန်တွင် ငွေကြေး ပြဿနာများ ဖြစ်ပေါ်နိုင်ဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း Leo ရာသီခွင်တို့၏ မိသားစုဘဝတွင် မပြေလည်မှု အချို့တို့နှင့် ဆက်တိုက် ကြုံတွေ့ရတတ်ပါတယ်။ စိတ်ဖိစီးမှုတို့ကြောင့် ကောင်းစွာ အာရုံစူးစိုက်နိုင်မည် မဟုတ်ပေ။ ကြုံတွေ့လာသော အခက်အခဲများမှ သင်ခန်းစာ ရယူပေးပါ။

ကန်ရာသီခွင် – Virgo ( January 29 to February 4 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်နေပါမယ်။ ယခင် ခံစားနေရသော ဝေဒနာများမှ သက်သာရာ ရရှိနိုင်ပါမယ်။ သို့သော် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသုံးပြီး ယောဂ လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

ဤကာလအတွင်း ငွေကြေး အခြေအနေ ကောင်းမွန်နေပါမယ်။ စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့်လည်း ငွေကြေး အကျိုးအမြတ်များနှင့် အတူ လုပ်ငန်းခွင် တိုးချဲ့မှုများ ပြုလုပ်နိုင်ပါမယ်။

သို့သော် ငွေကြေး စီမံခန့်ခွဲမှုများ ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

တူရာသီခွင် – Libra ( January 29 to February 4 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေး ရပါမယ်။ ကျန်းမာရေးအရ ညံ့ဖျင်းနေတတ်ပါတယ်။ အထူးသဖြင့် အလုပ်တာဝန်တို့ကြောင့် စိတ်ဖိစီးမှု များပြားလာနိုင်ပါမယ်။

ငွေရေးကြေးရေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ လုပ်ငန်းခွင် အကျိုးခံစားခွင့်များကြောင့် ငွေကြေး အခြေအနေ တိုးတက်မှုများ ရှိနေပါမယ်။ သို့သော် ငွေကြေး ချေးငှားမှုတို့နှင့် ကြုံတွေ့ရ တတ်သောကြောင့် သတိထားပေးပါ။

ဤကာလအတွင်း မိသားစုဘဝတွင် ပျော်ရွှင်မှုများ၊ ငြိမ်းချမ်းမှုများနှင့် ပြည့်နှက်နေပါမယ်။ မိသားစုဝင်များနှင့် အတူ ဘာသာရေးဆိုင်ရာနေရာ သို့မဟုတ် ဆွေမျိုးများ၏ နေရာဒေသကို သွားရောက် လည်ပတ်နိုင်ပါမယ်။ မိသားစု အတွင်း ကြုံတွေ့နေရသော ပြဿနာများအား အခြားသူများထံ ပြောဆိုခြင်းမှ ရှောင်ကြဉ်ပေးပါ။

ဗြိစ္ဆာရာသီခွင် – Scorpio ( January 29 to February 4 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ပုံမှန် ကျန်းမာရေးကို ထိန်းထားနိုင်ပါမယ်။ သို့သော် ရက်သတ္တပတ် နောက်ပိုင်း ကာလတွင် အနည်းငယ် ထိုင်းမှိုင်းနေတတ်ပါတယ်။

ငွေကြေးကိစ္စနှင့် ပက်သက်၍ စိတ်လှုပ်ရှားစရာကောင်းသော အခိုက်အတန့်နှင့် ကြုံတွေ့ရတတ်ပါတယ်။ အကျိုးခံစားခွင့်များ ရရှိစေရုံ သာမက ဘဏ္ဍာရေး အခြေအနေသည် ယခင်ထက် ပိုမိုအားကောင်းလာပါမယ်။ ကိုယ်ပိုင် လုပ်ငန်းရှင်များ အတွက် ပိုမို ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပြင်ပလူအချို့၏ ဝင်ရောက် စွက်ဖက်မှုများကြောင့် အသက်ကြီးသော မိသားစုဝင်များကြား တင်းမာမှုကို ဖြစ်စေနိုင်ပါတယ်။ မိမိ၏ အပြောအဆိုနှင့် ပက်သက်၍ သတိထားပေးရပါမယ်။ နှုတ်မကျွံမိအောင် ဂရုစိုက်ပါ။

ဓနုရာသီခွင် – Sagittarius ( January 29 to February 4 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အနည်းငယ် အားစိုက်ပေးရပါလိမ့်မယ်။ ရာသီအလိုက် ဖြစ်ပွားတတ်သော ကျန်းမာရေး ပြဿနာများ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်စားသောက်ပါ။

ငွေရေးကြေးရေးအရ ကံတရားသည် အနည်းငယ် အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် ကုန်ကျစရိတ်များ ချင့်ချိန် သုံးစွဲပေးရန် လိုအပ်ပါမယ်။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပါလိမ့်မယ်။ မိသားစုဝင်များနှင့် အတူ လူမှုဆက်ဆံရေး လှုပ်ရှားမှုများ ပြုလုပ်ရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( January 29 to February 4 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အားနည်းနေတတ်ပါတယ်။ စိတ်တည်ငြိမ်မှု ပျောက်ဆုံးကာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရတတ်ပါတယ်။

သို့သော် ငွေရေးကြေးရေးအရ အဆင်ပြေ ချောမွေ့နေပါမယ်။ မမျှော်လင့်ဘဲ ငွေကြေး အကျိုးခံစားခွင့်များ ရရှိတတ်ပါတယ်။ မှန်မှန်ကန်ကန် အသုံးချနိုင်ပါက အနာဂတ်တွင် ပိုမိုကောင်းမွန်သော အကျိုးခံစားခွင့်များ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဤကာလအတွင်း Capricorn ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်းသာယာမှုများ ရှိနေပါမယ်။ တစ်ဦးနှင့် တစ်ဦး ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။ လူမှုရေး နယ်ပယ်များတွင် အများသူ၏ အာရုံစိုက်ခြင်းကို ခံရနိုင်ပါမယ်။ ဒါ့အပြင် မိတ်ဆွေ အပေါင်းအသင်းသစ်များနှင့် တွေ့ဆုံရတတ်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( January 29 to February 4 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေး အားနည်းနေနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်ပီး စိတ်ဖိစီးမှုများ ခံစားရတတ်ပါတယ်။ အထူးသဖြင့် ဤကာလအတွင်း ခရီးဝေး သွားလာခြင်းတို့ကို ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေနေပါမယ်။ သို့သော် ရက်သတ္တပတ် အဆုံးတွင် အထွက်ငွေသည် ကြမ်းတမ်းနေတတ်ပါတယ်။ ရရှိလာသော အခွင့်အရေးများကို အကျိုးရှိရှိ အသုံးချပါ။ လိုအပ်ပါက ဆရာကောင်း၊ မိတ်ဆွေကောင်းများထံမှ အကြံဉာဏ်များ ရယူနိုင်ပါတယ်။

ဤကာလအတောအတွင်း အလုပ်တာဝန်များပြားနေသောကြောင့် မိသားစု ဘဝအတွက် အချိန်အလုံအလောက် ပေးနိုင်မည် မဟုတ်ပေ။

မိန်ရာသီခွင် – Pisces ( January 29 to February 4 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်နေပါမယ်။ ကြီးကြီးမားမား ရောဂါ ဝေဒနာများ ခံစားရမည် မဟုတ်ပါ။ သို့သော် ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ငွေရေးကြေးရေးနှင့် ပတ်သက်၍ ယခုတစ်ပတ်တွင် ခြေလှမ်းတိုင်းကို စေ့စေ့စပ်စပ် တွေးတောပေးရပါလိမ့်မယ်။ ယခင်ပြုလုပ်ခဲ့သော ရင်းနှီးမြုပ်နှံမှုများမှ ငွေကြေး အကျိုးအမြတ် ရရှိနိုင်သလို မလိုအပ်သော တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရခြင်းကြောင့် ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။

မိသားစု စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ဤကာလအတွင်း ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။ မိသားစုဝင်များနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်နေပါမယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။