နိုင်ငံခြားအမြန်သွားချင်ရင် …ယတြာအမှတ်စဉ်(3)

Astrology
နိုင်ငံခြားအမြန်သွားချင်ရင် …ယတြာအမှတ်စဉ်(3)

အပြာရောင်မိုးပျံဘောလုံး တစ်လုံးမှာ နာမည်၊ မွေးနေ့၊ အသက်၊ ပတ်စပို့နံပါတ်၊ သွားမယ့်နိုင်ငံ၊ လျှောက်ထားတဲ့ အလုပ်၊ ကျောင်း၊ အဲဒါတွေရေး။ အားလုံးကို အင်္ဂလိပ်လို ရေးရမယ်နော်။ သောကြာနေ့ည (၁၂)နာရီ တိတိမှာ အိမ်ရှေ့မှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို လေးလေးနက်နက် ဆုတောင်းပြီး လွှတ်တင်လိုက်ရမယ်။ အဲဒီ မိုးပျံဗူဘောင်းမှာတော့ တားရော့နံပါတ် (၂၁) ကဒ်ပြားကို ချည်ပြီး လွှတ်တင်လိုက်ပါ။ ဒါလည်း အောင်မြင်စေသောယတြာ တစ်ခု ဖြစ်ပါကြောင်း။

မတ်တော်ရပ် ဘုရားတစ်ဆူဆူကိုသွားပြီး ခြေဖမိုးကို ရွှေချပြီး နိုင်ငံခြား အမြန်သွားရပါစေကြောင်း ဆုတောင်းပါ။ (ရပ်တော်မူဘုရား)

စက္ကူပေါ်မှာ မိမိနာမည်၊ မွေးသက္ကရာဇ် အပြည့်အစုံရေးပါ။ သင်္ဘောသီးတစ်လုံးရဲ့ ဘေးမှာကပ်ပါ။ နောက်ပြီး အနီရောင် တံခွန်လုံး (၇)လုံးကို သင်္ဘောသီး ထိပ်တည့်တည့်ကနေ ဝိုင်းဝိုင်းလေး စိုက်ဗျာ။ ပြီးတော့ မွေးနေ့ နံက် (၉း၄၅)မှာ တစ်ကြိမ်။ ည( ၉း၄၅) မှာ တစ်ကြိမ် သင်္ဘော အညှာပေါ်မှာ ဖယောင်းတိုင် ထွန်းပြီး လေးလေးနက်နက် ဆုတောင်းပါဗျ။

Credit – ဆရာဟိန်းတင့်ဇော်

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။