သထုံမြို့နယ်၊ ထုံးဘိုလေးရွာ စစ်တပ်က lat nat ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် နေအိမ် ၆ လုံး ထိမှန် ပျက်စီး

Local News

သထုံမြို့နယ်၊ ထုံးဘိုလေးရွာ စစ်တပ်က lat nat ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် နေအိမ် ၆ လုံး ထိမှန် ပျက်စီး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သထုံမြို့နယ်၊ ထုံးဘိုလေးရွာ စစ်တပ်က lat nat ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် နေအိမ် ၆ လုံး ထိမှန် ပျက်စီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ထုံးဘိုလေးရွာကို အကြမ်းဖက် စစ်တပ်ကlat nat ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး နေအိမ် ၆ လုံး ပျက်စီး ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၄၂ မိနစ်တွင် အကြမ်းဖက် စစ်တပ် ခမရ အမှတ် ၉ (ဝီယော်) စခန်းနှင့် လေ့ကျင့်ရေး ၉ (အလံတစ်ရာ) စခန်းတို့မှ ထုံးဘိုလေးရွာကို အကြောင်းမဲ့ lat nat ကြီး
၈ လုံး ပစ်ခတ်ခဲ့ပြီး လူနေအိမ် ၆ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။


အကြမ်းဖက် စစ်တပ်က lat nat ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ထုံးဘိုလေးရွာမှ ဒေါ်ဖောစေး၊ ဦးပန်းစိန်၊ ဦးဖားဘဲ၊ နောဒို့၊ ဦးကျေဇော၊ စောထေ့ဖိုး တို့၏ နေအိမ်များအပြင် ရာဘာပင်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။


ထုံးဘိုလေးရွာကို အကြမ်းဖက် စစ်တပ်က ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က မီးရှို့ခဲ့ပြီး လူနေအိမ် ၆၁ လုံး မီးလောင် ပြာကျကာ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းလည်း မီးရှို့ခံရကြောင်း၊ ထို့ပြင် ရွာသား ၃ ဦးလည်း thet ဖြတ်ခံခဲ့ရကြောင်း၊ အကြမ်းဖက် စစ်တပ်မှ မီးရှို့ဖျက်ဆီးမှုကြောင့် ထုံးဘိုလေးရွာရှိ ရွာသူ၊ ရွာသားများမှာ ယာယီတဲအိမ်များ ပြုလုပ်ပြီး နေထိုင်နေရကာ အကြမ်းဖက် စစ်တပ်မှ ထပ်မံပြီး lat nat ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU-ဗဟိုမှ ထုတ်ပြန်ထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။