ရထားပေါ်မှာ အိပ်ပျော်ပြီး ဘူတာကျော်မှ နိုးလာလို့ အရေးပေါ်ဘရိတ် ဆွဲခဲ့တဲ့လုပ်ရပ်ကြောင့် ဒဏ်ငွေသန်းချီ ချမှတ်ခံရဖွယ် ရှိနေသူ

Funny International News
ရထားပေါ်မှာ အိပ်ပျော်ပြီး ဘူတာကျော်မှ နိုးလာလို့ အရေးပေါ်ဘရိတ် ဆွဲခဲ့တဲ့လုပ်ရပ်ကြောင့် ဒဏ်ငွေသန်းချီ ချမှတ်ခံရဖွယ် ရှိနေသူ

ရထားစီးနေတုန်း အိပ်ပျော်သွားပြီး ဘူတာကျော်မှ နိုးလာသူတစ်ယောက်က အရေးပေါ်ဘရိတ်ဆွဲခဲ့လို့ တခြားခရီးသည်တွေပါ နှောင့်နှေးကြန့်ကြာခဲ့တဲ့ ဖြစ်ရပ်တစ်ခု ထိုင်ဝမ်မှာ ဖြစ်ခဲ့ပါတယ်။ ” ရှေး” လို့ အမည်ရတဲ့ အသက် ၂၈ နှစ်အရွယ် ထိုင်ဝမ်အမျိုးသားဟာ ဖေဖော်ဝါရီလ ၂ ရက်က နံပါတ် ၄၂၂ ရထားပေါ်မှာ လိုက်ပါလာတုန်း အိပ်ပျော်သွားခဲ့တာပါ။ သူက တိုင်ထန်းဘူတာမှာ ဆင်းရမှာဖြစ်ပေမဲ့ ဘူတာကျော်သွားပြီး ကျင်းလန်ဘူတာရောက်မှ နိုးလာခဲ့ပါတယ်။

ဘူတာကျော်သွားမှန်းသိတာနဲ့ ရှေးက အရေးပေါ်ဘရိတ် ဆွဲခဲ့တာကြောင့် ရထားချက်ချင်း ရပ်တန့်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် တခြားခရီးသည်တွေပါ ကျင်းလန်ဘူတာမှာ ဆင်းခဲ့ရပြီး နောက်ရထားပြောင်းစီးခဲ့ရလို့ နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။ ရထားလိုင်းက ရဲတပ်ဖွဲ့ထံ သတင်းပို့ခဲ့တဲ့အတွက် ရှေးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

အရေးပေါ်ဘရိတ် ဆွဲလိုက်ရင် စက်ခေါင်းမောင်းထံ အချက်ပြလိမ့်မယ်၊ ရထား ချက်ချင်းရပ်သွားမယ်လို့ ထင်မထားကြောင်း ရှေးက ဆိုပါတယ်။ သူ့အနေနဲ့ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရင်တော့ အမေရိကန်ဒေါ်လာ ၄၃၀ ကနေ ဒေါ်လာ ၄၃၀၀၀ အထိ ဒဏ်ငွေ ချမှတ်ခံရဖွယ် ရှိနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။