အရေပြားခြောက်တာကို အိမ်တွင်းနည်းများဖြင့် ကုသလိုပါသလား

Health Knowledge
အရေပြားခြောက်တာကို အိမ်တွင်းနည်းများဖြင့် ကုသလိုပါသလား

အရေပြားပေါ် နို့ရည်ဆွတ်ပေးပါ

နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်က အရေပြားမှ လက်တစ်အက်စစ်က အရေပြားမှ ဆဲလ်သေများကို ကွာကျစေပြီး အရေပြားကို ရေငွေ့ထိန်း နိုင်တဲ့ သတ္တိ ပိုရရှိစေပါတယ်။

အဝတ်စတစ်စကို အေးတဲ့ နို့ရည်ထဲ စိမ်ပြီး အရေပြားခြောက်တဲ့ နေရာပေါ်တင်ပေးပါ။ ၅ မိနစ်လောက်ထားပြီးမှ နို့ ရည်ကို ရေဖြင့် အသာအယာဆေးချပါ။ သို့မှသာ နို့ထဲရှိ လက်တစ် အက်စစ်တချို့ အရေပြားပေါ် တင်ကျန်နေမှာ ဖြစ်တယ်။

ရှားစောင်းလက်ပပ်ဆေး သုတ်ပေးပါ

ရှားစောင်းလက်ပပ်ဆေး (Aloe Vera Gel) ထဲမှာ အရေပြားမှ ဆဲလ် သေများကို ဖယ်ရှားပေးနိုင်တဲ့ အက်စစ်များ ပါရှိတယ်။ ခြောက်သွေ့တဲ့ အရေပြားကို မြန်မြန်သက်သာစေတယ်။အစေးရဖို့ရာ ရှားစောင်းလက်ပပ် အရွက်တစ်ရွက်ကို အရင်းပိုင်းမှ ဖြတ်လှီးပြီး အလျားလိုက် ဓားတစ်ချောင်း ဖြင့် ဖွင့်လိုက်ပါ။ အစေးကို ဇွန်းတစ်ချောင်းဖြင့် ခြစ်ယူပါ။

ဆားခါးရေထဲ စိမ်ပေးပါ

ဇလုံထဲ သို့မဟုတ် ရေချိုးအင်တုံထဲ ရေနွေးထည့်ပြီး ယင်းအထဲ ဆား ခါး (Epsom Salt) နှစ်ခွက်စာလောက်ထည့်ပါ။ ယင်းရေထဲမှာ မိနစ် အနည်းငယ်ကြာ စိမ်နေပါ။ ရေစိုနေတုန်း ဆားခါးကို လက်ထဲဆုပ်ပြီး အရေပြားခြောက်တဲ့ နေရာတွေကို ပွတ်တိုက်ပေးပါ။ ဆဲလ်သေများ ကွာကျစေဖို့ ဖြစ်တယ်။

Ref: R.D Home Remedies.

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။