“မိမိရင်သွေးအမည် ပက္ခလွတ်၏ ၊ မလွတ်၏”

Astrology
“မိမိရင်သွေးအမည် ပက္ခလွတ်၏ ၊ မလွတ်၏”

တွက်လိုသည့် ဇာတာရှင် (ဝါ) ကလေးငယ်၏မြန်မာမွေးခုနှစ်ကို တည်ပါ။ (၇ )ဖြင့် စား ပါ။ အကြွင်းကို ကြည့်ပါ။

အကြွင်းသည် ၁ကြွင်း ဖြစ်ပြီး အမည်မှည့်ခေါ်ထားသည့်နေ့နံများသည်….

(၁) တနင်္ဂနွေနံ အစ + တနင်္ဂနွေ အဆုံး။
(၂) စနေနံ အစ + တနင်္လာနံအဆုံး / တနင်္လာနံအစ + စနေနံအဆုံး။
(၃) သောကြာနံအစ + အင်္ဂါနံ အဆုံး / အင်္ဂါနံအစ + သောကြာနံအဆုံး။
(၄) ဗုဒ္ဓဟူးနံအစ + ကြာသာပတေးနံအဆုံး / ကြာသာပတေးနံအစ + ဗုဒ္ဓဟူးနံအဆုံး။
များထဲက တစ်ခုခုဖြစ်နေခဲ့မယ်ဆိုရင်… ဘာနေ့သားသမီးလေးအတွက်ပဲဖြစ်စေ …မသင့်လျော်သော “ပက္ခအမည်တွဲများ”လို့ မှတ်ယူပါ။

အကြွင်းသည် ၂ ဖြစ်ပြီး အမည်မှည့်ခေါ်ထားသည့် နေ့နံများသည်….

(၁) တနင်္လာနံအစ + တနင်္လာနံအဆုံး။
(၂) တနင်္ဂနွေနံအစ + အင်္ဂါနံအဆုံး / အင်္ဂါနံအစ + တနင်္ဂနွေနံအဆုံး။
(၃) ဗုဒ္ဓဟူးနံအစ + စနေနံအဆုံး / စနေနံအစ + ဗုဒ္ဓဟူးနံအဆုံး။
(၄) သောကြာနံအစ + ကြာသပတေးနံအဆုံး / ကြာသာပတေးနံအစ + သောကြာနံအဆုံး။
စသည့်ဖြင့် အမည်တွဲများထဲက ဖြစ်နေခဲ့မယ်ဆိုရင် ဘာနေ့သားသမီး အတွက်ပဲဖြစ်စေ ..မသင့်လျော်သော “ပက္ခအမည်တွဲများ”လို့ မှတ်ယူပါ။

အကြွင်းသည် ၃ ဖြစ်ပြီး …အမည်မှည့်ခေါ်ထားသည့် နေ့နံများသည်…..

(၁) အင်္ဂါနံအစ + အင်္ဂါနံအဆုံး။
(၂) တနင်္လာနံအစ + ဗုဒ္ဓဟူးနံအဆုံး/ ဗုဒ္ဓဟူးနံအစ + တနင်္လာနံအဆုံး။
(၃) ကြာသာပတေးနံအစ + တနင်္ဂနွေနံအဆုံး / တနင်္ဂနွေနံအစ + ကြာသာပတေးနံအဆုံး။
(၄) စနေနံအစ + သောကြာနံအဆုံး / သောကြာနံအစ + စနေနံအဆုံး။
စသည့်ဖြင့် အမည်တွဲများထဲက ဖြစ်နေခဲ့မယ်ဆိုရင် ဘာနေ့သားသမီး အတွက်ပဲဖြစ်စေ ..မသင့်လျော်သော “ပက္ခအမည်တွဲများ”လို့ မှတ်ယူပါ။

အကြွင်းသည် ၄ ဖြစ်ပြီး … အမည်မှည့်ခေါ်ထားသော နေ့နံများသည်….

(၁) ဗုဒ္ဓဟူးနံအစ + ဗုဒ္ဓဟူးနံအဆုံး။
(၂) အင်္ဂါနံအစ + ကြာသာပတေးနံအဆုံး / ကြာသာပတေးနံအစ + အင်္ဂါနံအဆုံး။
(၃) သောကြာနံအစ + တနင်္လာနံအဆုံး / တနင်္လာနံအစ + သောကြာနံအဆုံး။
(၄) တနင်္ဂနွေနံအစ + စနေနံအဆုံး / စနေနံအစ + တနင်္ဂနွေနံအဆုံး။
စသည့်ဖြင့် အမည်တွဲများထဲက ဖြစ်နေခဲ့မယ်ဆိုရင် ဘာနေ့သားသမီး အတွက်ပဲဖြစ်စေ ..မသင့်လျော်သော “ပက္ခအမည်တွဲများ”လို့ မှတ်ယူပါ။

အကြွင်းသည် ၅ ဖြစ်ပြီး …အမည်မှည့်ခေါ်ထားသော နေ့နံများသည်….

(၁) ကြာသာပတေးနံအစ + ကြာသာပတေးနံအဆုံး။
(၂) ဗုဒ္ဓဟူးနံအစ + သောကြာနံအဆုံး / သောကြာနံအစ + ဗုဒ္ဓဟူးနံအဆုံး။
(၃) အင်္ဂါနံအစ + စနေနံအဆုံး / စနေနံအစ + အင်္ဂါနံအဆုံး။
(၄) တနင်္ဂနွေနံအစ + တနင်္လာနံအဆုံး / တနင်္လာနံအစ + တနင်္ဂနွေနံအဆုံး။
စသည့်ဖြင့် အမည်တွဲများထဲက ဖြစ်နေခဲ့မယ်ဆိုရင် ဘာနေ့သားသမီး အတွက်ပဲဖြစ်စေ ..မသင့်လျော်သော “ပက္ခအမည်တွဲများ”လို့ မှတ်ယူပါ။

အကြွင်းသည် ၆ ဖြစ်ပြီး … အမည်မှည့်ခေါ်ထားသော နေ့နံများသည်….

(၁) သောကြာနံအစ + သောကြာနံအဆုံး။
(၂) ကြာသာပတေးနံအစ + စနေနံအဆုံး / စနေနံအစ + ကြာသာပတေးနံအဆုံး။
(၃) တနင်္ဂနွေနံအစ + ဗုဒ္ဓဟူးနံအဆုံး / ဗုဒ္ဓဟူးနံအစ + တနင်္ဂနွေနံအဆုံး။
(၄) အင်္ဂါနံအစ + တနင်္လာနံအဆုံး / တနင်္လာနံအစ + အင်္ဂါနံအဆုံး။
စသည့်ဖြင့် အမည်တွဲများထဲက ဖြစ်နေခဲ့မယ်ဆိုရင် ဘာနေ့သားသမီး အတွက်ပဲဖြစ်စေ ..မသင့်လျော်သော “ပက္ခအမည်တွဲများ”လို့ မှတ်ယူပါ။

အကြွင်းသည် ၀ ဖြစ်ပြီး …အမည်မှည့်ခေါ်ထားသော နေ့နံများသည်…

(၁) စနေနံအစ + စနေနံအဆုံး။
(၂) သောကြာနံအစ + တနင်္ဂနွေနံအဆုံး / တနင်္ဂနွေနံအစ + သောကြာနံအဆုံး။
(၃) တနင်္လာနံအစ + ကြာသာပတေးနံအဆုံး / ကြာသာပတေးနံအစ + တနင်္လာနံအဆုံး။
(၄) ဗုဒ္ဓဟူးနံအစ+ အင်္ဂါနံအဆုံး/ အင်္ဂါနံအစ + ဗုဒ္ဓဟူးနံအဆုံး။
စသည့်ဖြင့် အမည်တွဲများထဲက ဖြစ်နေခဲ့မယ်ဆိုရင် ဘာနေ့သားသမီး အတွက်ပဲဖြစ်စေ ..မသင့်လျော်သော “ပက္ခအမည်တွဲများ”လို့ မှတ်ယူပါ။

ကဲ နောက်ထပ် လိုတိုရှင်း ထပ်သွားပါမယ်။
အမည်ပက္ခမိတော့ဘာဖြစ်လဲ..။ ကျမ်းတွေမှာကတော့ တိုင်ပြန်ဦးစောက် နဲ့ ပက္ခပါမိနေခဲ့ရင် အသက်ဘေးထိ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
မိဘတွေ မှတ်လို့ လွယ်အောင် ပြောပါ့မယ်။

ပက္ခမိသည့် အမည်ရှင်တွေသည်… ဘ၀မှာ ကြီးမားတဲ့အခက်အခဲကြီးတွေ ရင်ဆိုင်ရတတ်ပါတယ်။မိမိရဲ့ မွေးနံအပေါ်မူတည်ပြီး မိမိမှည့်ထားသော ပက္ခအမည်မှာ ပါ၀င်နေသည့် နေ့နံတွေ ဂြိုဟ်တွေအလိုက်….အိမ်ထောင်ရေးပက္ခအမျိုးအစားဖြစ်နေရင် …ကြီးမားသော အိမ်ထောင်ရေး အခက်အခဲများ။အသက်မွေးမှုဆိုင်ရာ ပက္ခအမျိုးအစားဖြစ်နေရင် အလုပ်အကိုင်နှင့် ပတ်သက်သောအခက်အခဲများ။

ကျန်းမာရေး ပက္ခအမျိုးအစားဖြစ်နေရင်…ကျန်းမာရေးဆိုင်ရာ ဘဝြပဿနာများ။
အသက်ဘေးနှင့် ဆိုင်သော ပက္ခအမျိုးအစားဖြစ်နေရင် အသက်ဘေးအန္တရာယ်များ မုချ (မုချ) ကြုံရစေတတ်တယ်လို့မှတ်ပါ ။

ပက္ခဆိုတာ အလကားပါကွာ..ဘာမှမဟုတ်ပါဘူးဆိုပြီး ဖင်ပိတ်ငြင်းနေကြသူတွေလည်း ရှိပါတယ်။ သွားမလုပ်ပါနဲ့။ ခံရမှာက ကိုယ့်ရင်သွေးပါ။

ကျွန်တော်လေ့လာအားထုတ် သုတေသနပြုခဲ့ပြီးသည့်နောက် ပက္ခအမျိုးအစားအလိုက် ဆိုင်ရာပက္ခများ အလုပ်လုပ်သည့် အသက်ပိုင်းတွေမှာ ဆိုင်ရာအခက်အခဲအမျိုးအစားတွေကို အမည်ရှင်ဟာ မုချ (မုချအဆင့်) ကြုံတွေ့ဖြတ်သန်းကြရပါတယ်။

ကျော်လွှားနိုင်လို့ ပိုမိုအောင်မြင်လာကြသူတွေရှိသလို မကျော်လွှားနိုင်လို့ ဘ၀ကို အရှုံးပေးသွားရသူတွေလည်း ဒုနဲ့ဒေးပါ ။

ကျော်လွှားနိုင်သူတွေပဲ ဖြစ်ဖြစ်….
မကျော်လွှားနိုင်သူတွေ အတွက်ပဲဖြစ်ဖြစ် သေချာတာကတော့ ပက္ခအမည်တွေသည် ဆိုင်ရာအမည်ရှင်တွေရဲ့ ဘဝတွေကို ဒဏ်ရာဒဏ်ချက် များစေတာ အမှန်ပါပဲ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။