မြန်မာက နျူကလီးယားဓာတ်သတ္တုပစ္စည်းတွေကို ရောင်းချဖို့ကြိုးပမ်းမှုနဲ့ ယာကူဇာ ခေါင်းဆောင်ကို အမေရိကန်စွဲချက်တင်

International News
မြန်မာက နျူကလီးယားဓာတ်သတ္တုပစ္စည်းတွေကို ရောင်းချဖို့ကြိုးပမ်းမှုနဲ့ ယာကူဇာ ခေါင်းဆောင်ကို အမေရိကန်စွဲချက်တင်

ယာကူဇာ ခေါင်းဆောင်တာကီရှီအီဘီဆာဝါ

မြန်မာနိုင်ငံက တိုင်းရင်းသားlat nat ကိုင်အဖွဲ့တစ်ခုဆီကနေရတဲ့lat nat ထုတ်အသုံးပြုနိုင်တဲ့ နျူကလီးယားဓာတ်သတ္တုပစ္စည်းတွေကို ရောင်းချဖို့ကြိုးပမ်းမှုနဲ့ စွပ်စွဲခံထားရတဲ့ ဂျပန်ရာဇ၀တ်ဂိုဏ်း ယာကူဇာ ခေါင်းဆောင်ကို အမေရိကန်တရားရေးဌာနက စွဲချက်တင်လိုက်ပါတယ်။

တာကီရှီအီဘီဆာဝါဆိုတဲ့အဲဒီယာကူဇာ ခေါင်းဆောင်ဟာ မူးယစ်ဆေးဝါးနဲ့lat nat မှောင်ခိုကူးသန်း ရောင်းဝယ်ရေး ပူးပေါင်းကြံစည်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူဟာlat nat တွေရဖို့ရာအတွက် အီရန်ဗိုလ်ချုပ်ကြီးလို့ ယူဆရသူတစ်ဦးကို နျူကီးယားပါဝင်တဲ့ပစ္စည်းတွေ ရောင်းချဖို့ ကြိုးပမ်းမှုနဲ့ စွဲချက်အသစ်တင်ခံလိုက်ရတာဖြစ်ပါတယ်။

အီဘီဆာဝါက သူ့မှာ နျူကလီးယားပါဝင်တဲ့ပစ္စည်းတွေရှိတဲ့အကြောင်းနဲ့ ယူရေနီယံကို ဝယ်လိုတဲ့သူ ရှိ မရှိကို အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(DEA)ရဲ့ လျှို့ဝှက်သတင်းရင်းမြစ်နဲ့ DEA ရဲ့ အသွင်ယူ ထောက်လှမ်းရေးတစ်ဦးကို ၂၀၂၀ ခုနှစ်မှာ ပြောခဲ့တယ်လို့ စွဲချက်အသစ်မှာ ပြောထားတာတွေ့ရပါတယ်။

အီဘီဆာဝါကို တင်ထားတဲ့စွဲချက်ထဲမှာဖော်ပြချက်အရ အီဘီဆာဝါဟာ Geiger ဓာတ်ရောင်ခြည် တိုင်းတာတဲ့ ပစ္စည်းတွေနဲ့ ဓာတ်ပုံတွေအပြင် “ရေဒီယိုသတ္တိကြွဒြပ်စင်များ သိုရီယမ်နဲ့ ယူရေနီယမ် ပါဝင်မှုကို ညွှန်ပြတဲ့ပစ္စည်းတွေကို ” ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။

အသွင်ယူထောက်လှမ်းရေးဟာ အီရန်ဗိုလ်ချုပ်ကြီးဆိုသူအဖြစ်အသွင်ယူထားတဲ့ လျှို့ဝှက်သတင်းပေးဆီကို ပစ္စည်းရောင်းချနိုင်ရေး အီဘီဆာဝါကို ကူညီဖို့ သဘောတူခဲ့တယ်တာလို့ စွဲချက်အရ သိရပါတယ်။

အီရန်ဟာ “နျူကလီးယားlat nat အတွက် လိုအပ်တယ်’’လို့ပြောပြီး အဲဒီပစ္စည်းတွေဟာ နျူကလီးယားlat nat အတွက် အသုံးပြုနိုင်ခြင်းရှိ မရှိ အေးဂျင့်က အီဘီဆာဝါကို မေးမြန်းခဲ့လို့ဆိုပါတယ်။

‘’ကျွန်တော်ထင်တာပဲ။ သုံးလို့ရမယ်လို့ ထင်တယ်” လို့ အီဘီဆာဝါ ကပြောခဲ့တယ်လို့ စွဲချက်ထဲမှာ ဖော်ပြထားပါတယ်။

lat nat အတော်များများဝယ်ယူနိုင်ရေး ယူရေနီယံအပါအဝင် နျူကလီးယားပါဝင်ပစ္စည်းတွေကို အီဘီဆာဝါက တစ်ဆင့် အရောင်းအဝယ်လုပ်ဖို့ မြန်မာနိုင်ငံက lat nat ကိုင်အဖွဲ့ တစ်ခုရဲ့ အမည်မဖော်လိုသူ ခေါင်းဆောင်တစ်ဦးက ၂၀၂၁ ခုနှစ်တုန်းက သူ့ကို ပြောခဲ့တယ်ဆိုပြီး အီဘီဆာဝါက ပြောထားတယ်လို့လည်း စွဲချက်အသစ်မှာဖော်ပြပါတယ်။

ဗီဒီယိုခေါ်ပြီး စကားပြောထားတဲ့ မှတ်တမ်းတစ်ခုအရ မြန်မာကlat nat ကိုင်အဖွဲ့မှာ နျူကလီယားဓာတ်ပါဝင်ပစ္စည်း ကီလိုဂရမ်ထောင်ပေါင်းများစွာရှိပြီး အဲဒီ lat nat ကိုင်ထိန်းချုပ်နယ်မြေမှာတင် “နျူကလီးယားပစ္စည်း ၅ တန်အထိ ထုတ်လုပ်နိုင်တယ်” လို့ဆိုပါတယ်။

အဲဒီဗီဒီယိုခေါ်ဆိုမှုအတွင်း၊ DEA လျှို့ဝှက်အေးဂျင့်ဟာ ပွဲစားတွေနဲ့ lat nat ကိုင်ခေါင်းဆောင်တို့ သဘောတူထားတဲ့အတိုင်း အီရန်ဆီကlat nat နဲ့ ယူရေနီယံ လဲလှယ်နိုင်မယ့်အကြောင်းသဘောတူခဲ့တယ်လို့ဆိုပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ထိုင်းတရားဥပဒေစိုးမိုးရေးအဖွဲ့ဟာ ပွဲစားတွေနဲ့ အေးဂျင့်တွေကပြတဲ့ နျူကလီးယားနမူနာတွေကို ပြန်လည်ရယူခဲ့ပြီး အမေရိကန်အာဏာပိုင်တွေဆီကို လွှဲပြောင်းပေးခဲ့တယ်လို့ စွဲချက်တင်ထားတဲ့အထဲရေးသားထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။