သင်္ဘောသီး အစိမ်း စားခြင်းနှင့် ကျန်းမာရေး

Health Knowledge
သင်္ဘောသီး အစိမ်း စားခြင်းနှင့် ကျန်းမာရေး

ဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်ကြွယ်ဝပြီး သင်္ဘော သီးအစိမ်းမှာပါဝင်တဲ့ သကြားနဲ့ တူတဲ့ဒြပ်တစ်ခုကလည်း အစာ ကောင်းစွာချေဖျက်နိုင်ဖို့ထောက်ကူပေးပါတယ်။သင်္ဘောသီးစိမ်းဟာ အဆစ် အမြစ်ရောင်ရမ်းကိုက်ခဲခြင်း၊ အရိုးအဆစ်ရောင်ရမ်းနာ၊ ဂေါက်ရောဂါနဲ့ ပန်းနာရောဂါတွေကို သက်သာစေတဲ့အပြင် အူမအတွင်းက ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဝမ်းသွားစေခြင်းဖြင့် စွန့်ထုတ်စေပါတယ်။

သင်္ဘောသီးဟာ အစာချေ ဖျက်ခြင်းကို ထောက်ကူတဲ့ သဘာဝဝမ်းနုတ်ဆေး တစ်မျိုးလည်းဖြစ်တာကြောင့် ပုံမှန်စား ပေးရင် ဝမ်းချုပ်တာ၊ လိပ်ခေါင်း ရောဂါဖြစ်တာနဲ့ ဝမ်းလျှောတာ တွေကို ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီးအစိမ်းကို ဖျော်ရည် လုပ်သောက်မယ်ဆိုရင် ဓမ္မတာ ထိမ်ခြင်းကို သက်သာစေပြီး ပုံမှန်ဖြစ်စေပါတယ်။ ဒါ့အပြင် အရေပြားဆိုင်ရာ ရောဂါတွေနဲ့ ဝက်ခြံ၊ မျက်နှာပေါ်မှာ အနီအဖုအပိန့် ထတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။

အနာဖြစ်ရင်လည်း သင်္ဘော သီးစိမ်းနဲ့ ကပ်ပေးရင် ဖူးရောင်တာတွေ၊ ပြည်တည်တာတွေ မဖြစ်စေဘူးလို့ ဆိုပါတယ်။သင်္ဘောသီးစိမ်းကို အနှစ်လုပ်ပြီး မျက်နှာမှာ သုတ်လိမ်းပေးရင်လည်း အညိုစက်တွေ၊အမည်းကွက်တွေကို ပျောက်ကင်းစေပြီး အသားအရေပုံမှန်ပြန်ဖြစ်စေပါ တယ်။ နောက်ပြီး သင်္ဘောသီးစိမ်းကို ပျားရည်နဲ့ဖျော်စပ်ပြီး သောက်သုံးပေးရင် အာသီးရောင်တာ၊ ဆုံဆို့နာနဲ့ တခြားလည်ချောင်းဆိုင်ရာရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

တစ်ခု သတိထားရမှာက သင်္ဘောသီးအစိမ်းမှာပါတဲ့ ဓာတ်တစ်မျိုးက ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေတာကြောင့် မိခင်လောင်းတွေ ရှောင်ရမှာပါ။ဒါပေမဲ့ သင်္ဘောသီးမှည့်သွားရင် အန္တရာယ်ရှိစေတဲ့ ဓာတ်ကလျော့ပါးသွားပြီး ဗီတာမင်တွေ၊ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေရှိတာကြောင့် ကိုယ်ဝန်ဆောင်တွေစား ပေးသင့်ပါတယ်။

နောက်တစ်ချက်က သွေးကြောကျဉ်းရောဂါ ရှိသူတွေနဲ့ ကြက်ပေါင်စေး၊ ရော်ဘာစေးလိုမျိုးနဲ့ ဓာတ်မတည့်သူတွေ သင်္ဘောသီးစိမ်း မစားသင့်ပါဘူး။

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။