ပဟေဠိ များစွာနဲ့ ပိတ်သွားခဲ့တဲ့ ရန်ကုန်ကစားကွင်း

Knowledge Local News

ပဟေဠိ များစွာနဲ့ ပိတ်သွားခဲ့တဲ့ ရန်ကုန်ကစားကွင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပဟေဠိ များစွာနဲ့ ပိတ်သွားခဲ့တဲ့ ရန်ကုန်ကစားကွင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဒီရက်ပိုင်းကျွန်တော့်ခေါင်းထဲခဏခဏရောက်လာတဲ့အတွေးလေးတစ်ခုပေါ့😵
တစ်ညပေါ့
NFအပေါ်ဆွဲလိုက်အောက်ဆွဲလိုက်လုပ်နေတဲ့အချိန်
အမတစ်ယောက်ကGPတစ်ခုမှာမေးထားတာပေါ့ဗျာ..(GP Name တော့မမှတ်မိတော့)
“ရန်ကုန်ကစားကွင်းဘာကြောင့်ပိတ်သွားခဲ့လဲဆိုတာသိရင်ဖြေပေးကြပါလားဟင် သိချင်လို့ပါရှင့်”

ကိုယ်ကလည်းအဲ့လိုကိစ္စတွေစပ်စုရတာကြိုက်တော့
Mentတွေတစ်ခုပြီးတစ်ခုလိုက်ဖတ်ကြည့်ပါလေရော
အမျိုးမျိုးတွေ့ရပါလေရဲ့
လေလံဆွဲဖို့ပိတ်လိုက်တာ….
ကစားကွင်းကိုဖျက်ပြီးလူနေအိမ် တိုက်ခန်း အဆောက်အအုံတွေဆောက်ဖို့ တစ်ခြားသောအကြောင်းတွေပါစုံစိနေလေရော
အဲ့မှာကောင်လေးတစ်ယောက်မန့်ထားတာကကြတော့

မီးလောင်မှုတစ်ခုဖြစ်ခဲ့တာတဲ့
တော်တော်လေးဆိုးရွားခဲ့တယ်
လူThay အလောင်းတွေတောင်မနည်းဆွဲထုတ်ခဲ့ရတာတဲ့
အဲ့မီးလောင်မှုဖြစ်ပြီးနောက်ပိုင်း နာနာဘာဝ သရဲ တစ္ဆေ ခြောက်လှန့်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့်
နောက်ဆုံးပိတ်ပစ်လိုက်ရတာပါတဲ့….
အဲ့မန့်ကြီးကြောင့်ပိုပြီးဇဝေဇဝါဖြစ်ခဲ့လေရော..

ကစားကွင်းမီးလောင်မှုကိုလည်းတစ်ခါမှမကြားဘူးခဲ့
ကိုယ်နဲ့သိတဲ့သူတွေလိုက်မေးကြည့်တော့လည်း
တစ်ခါမှမကြားဖူးခဲ့ဘူးတဲ့
အဲ့မှာစပါလေရော
စသုံးလုံးလုပ်ရပြန်ပြီ(စပ်စုစိန်)
Google တွေလိုက်မွှေ
Fb ကိုလိုက်မွှေနဲ့
စာတွေလိုက်ဖတ်ကြည့်
Translate လုပ်ပြီးပါ စပ်စုခဲ့တာ🤣

ရန်ကုန်ကစားကွင်း(ဒို့ပြည်သား)ဟာ 1997-2013အထိလည်ပတ်ခဲ့ပါတယ်၊မြို့တော်ရဲ့အထင်ရှားဆုံးအပန်းဖြေနေရာတစ်ခုဆိုလည်းမမှားသလို မြန်မာနိုင်ငံက ကစားကွင်းတွေထဲမှာပထမဆုံး Roller Coaster ရှိခဲ့တဲ့ကစားကွင်းတစ်ခုဖြစ်ခဲ့ပါတယ်ဗျ
ပိတ်သိမ်းလိုက်တဲ့နှစ်ကတော့
ခန့်မှန်းချက်အရတော့2012 or 2013 လောက်ပေါ့
အများစုကတော့2013 လို့တော့ရေးထားပါတယ်
ရုတ်တရက်ပိတ်ချခဲ့တာဖြစ်ပြီး
ကြိုတင်အသိပေးကြားခြင်းမရှိ
ထုတ်ပြန်ခြင်းမရှိပဲ ပဟေဠိ ဆန်စွာနဲ့ ပိတ်သိမ်းခဲ့ပါတယ်

ပိတ်သိမ်းပြီးနောက်ပိုင်းမှာလည်းအကြောင်းအရာတစ်ခုတစ်လေမျှထုတ်ပြန်ခဲ့ခြင်းမရှိသလို ဝန်ထမ်းလစာအလျော်ပေးမှုတွေ တာဝန်ခံမှုတွေလည်းတစ်ခုမျှမရှိခဲ့ပါ။
ဒေသခံတွေရဲ့ ပြောကြားချက်တွေမှာတော့
မြေပိုင်ရှင်ဟာဆက်လက်ငှားရမ်းမှုမလုပ်ခဲ့တာကြောင့်လည်းဖြစ်နိုင်သလို
ကစားကွင်းပိုင်ရှင်ဟာ မြေငှားရမ်းမှုစာချုပ်ကိုဆက်လက်သက်တမ်းမတိုးတော့တာကြောင့်လည်းဖြစ်တယ် ဆိုပြီးလည်းပြောကြားခဲ့ပါတယ်ဗျ
သို့ပေမယ့်လည်း…
နောက်ထပ်သောinfoတွေမှာတော့
လူသတ်မှုတွေဖြစ်ခဲ့တာကြောင့်လို့လည်းပြောသလို
ကစားကွင်းမှာ နာနာဘာဝ သရဲတစ္ဆေတွေရဲ့ခြောက်လှန့်မှုကြောင့် အရေးပေါ်ပိတ်သိမ်းခဲ့တာကြောင့်ဟုလည်းဖော်ပြထားကြပါတယ်ဗျ

မြန်မာနိုင်ငံမှာ နိုင်ငံခြားသားခရီးသားတွေ လာရောက်လည်ပတ်မှုတွေတိုးတက်လာတာနဲ့အမျှ ရန်ကုန်ကစားကွင်းဟာလည်း နိုင်ငံခြားသားတွေကြားမှာပိုပြီးရေပန်းစားလာပါတယ်ဗျ
Youtube မှာဆိုရင်လည်း ခရီးသွားတွေဟာ ရန်ကုန်ကစားကွင်းထဲ ဝင်ရောက်စပ်စုထားတဲ့ video အမြောက်အများကိုရှာတွေ့နိုင်ပါတယ်ဗျ
စပ်စုသူတွေရဲ့ပြောကြားချက်အရမှာတော့
“ကစားကွင်းထဲဝင်လိုက်တာနဲ့ မြို့ပျက်ကြီးတစ်ခုထဲကိုရောက်သွားသလိုပါပဲ

ခြုံနွယ်ပိတ်ပေါင်းသောင်းခြောက်ထောင်တွေကြားထဲမှာ နစ်မြုပ်နေတဲ့ ကစားကွင်းကြီးဟာ မြင်ရသူအဖို့တော့အတော်ပင်စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်
တစ်ခါတစ်လေကြရင်
ကိုယ့်ဘေးနားမှာလူတစ်ယောက်ယောက်ရှိသလို
အမှောင်ထဲကနေ ကိုယ့်ကိုစောင့်ကြည့်နေသလိုမျိုးပါ ခံစားရပါတယ်🥶”

ဒီ့ထပ်ပိုပြီး လေ့လာချင်ရင်တော့ တိရစ္ဆာန်ရုံရောက်တဲ့အခါကြရင် ကစားကွင်းထဲခိုးဝင်ကြည့်ဖို့အကြံပေးချင်ပါတယ်🥲
သူငယ်ချင်းတွေအုပ်စုလိုက်သွားရင်တော့ ပိုပျော်ဖို့ကောင်းတာပေါ့🤩
ပဟေဋ္ဌိ ဆန်တဲ့နေရာကြီးမှာ ပဟေဋ္ဌိ ဆန်စွာအကြောင်းအရင်းမသိ အဖြေတွေများစွာနဲ့နေရာကြီးကတော့ ဆက်လက်ပဟေဌိဆန်နေမှာပါပဲ🙂


ကျွန်တော်တို့ ငယ်ဘဝ အမှတ်တရရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တဲ့နေရာလေးကတော့ ပျက်စီးခဲ့လေပြီပေါ့😪
စပ်စုမိသလောက်ကိုပြောပြပေးလိုက်တာပါ🥲


သိတဲ့အကြောင်းအရာတွေလည်းပြန်လည်မျှဝေခဲ့ဖို့တောင်းဆိုချင်ပါတယ်ဗျ😁
ပြီးတော့
ကျွန်တော်ရေးထားတဲ့စာပိုဒ်လေးကိုဖတ်ပြီးချိန်မှာရှိနေတဲ့အမြင်တွေပါမျှဝေခဲ့လို့လည်းရပါတယ်ဗျ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။