အကြားအမြင်ရချင်လျှင်

Astrology
အကြားအမြင်ရချင်လျှင်

အောက်ပါ ဂါထာတော်ကို တနေ့၂၇ပတ်ရအောင် ပုတီးစိတ်ရပါသည် …တထိုင်တည်း မစိတ်နိုင်လျှင် ၃ကြိမ်ခွဲပြီး စိတ်ရပါသည် ….တလလောက်စိတ်ကြည့်ရင်လည်း သိသာထင်ရှားလာတတ်ပါသည် ….သာမန်ရွတ်ဆိုလျှင်လည်း ဖော်ပြပါအကျိုးကျေးဇူးများ ရတတ်ပါသည် …ဂါထာတော်ကို အကြားအမြင်ရသော ဘိုးတော်မယ်တော်များ လည်း ပုတီးစိတ်လေ့ရှိပါသည် ….ဂါထာတော်သည် ဓမ္မစကြာသုတ်တော်ထဲက ထုတ်နှုတ်ထားတာဖြစ်ပါသည် …

အကြားအမြင်ရချင်လျှင် စိပ်ကြည့်ပါ။ ဗဟုသုတရစေရန်အတွက် တင်ပြအပ်ပါသည် …

စက္ခုံ ဥဒပါဒိ ၊ ဉာဏံ ဥဒပါဒိ ၊
ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ၊
အာလောကော ဥဒပါဒိ။

ဘုန်းကံပွင့်ဂါထာတော်

၁။ စက္ခုံဥဒပါဒိ = စက္ခုံ နိရောဓသစ္စာကိုမြင်ကာသိတတ်သော ပညာမျက်စိသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်၍လာလေပြီ

၂။ ဥာဏံဥဒပါဒိ = ဥာဏံ နိရောဓ သစ္စာကိုသိခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်လာလေပြီ

၃။ ပညာဥဒပါဒိ = အပြားအားဖြင့်သိခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့်အထင်အရှားဖြစ်ပေါ်လာလေပြီ

၄။ ဝိဇ္ဇာဥဒပါဒိ = ထိုးထွင်း၍သိမြင်ခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်၍လာလေပြီ

၅။ အာလောကောဥဒပါဒိ = အမှောင်ကိုခွင်း အရောင်အလင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့်အထင်အရှားရှိလေပြီ

ဖတ်ရှု့လေ့လာကြသူများ အားလုံးကိုလည်း… အစဉ်အမြဲ…ကျေးဇူးအထူးတင်ရှိပါသည်…

ရေးသားသူ –ဆရာမဇာဇာ (ခ)ဇွန်လေးနွယ် ဆန်းပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။