ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် အဂတိစွဲချက်ကနေ ကင်းလွတ်

International News
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် အဂတိစွဲချက်ကနေ ကင်းလွတ်

ထိုင်း၊ ဝန်ကြီးချုပ်ဟောင်း၊ ယင်လတ် ရှင်နဝပ်

ထိုင်းနိုင်ငံမှာ လာဘ်စားမှုနဲ့ တရားစွဲခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နဝပ်ကို ထိုင်းတရားရုံးချုပ်က အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်ပါတယ်။

အဲဒီ စွဲချက်တွေဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ် ကာလအတွင်း အစိုးရ ကန်ထရိုက် စာချုပ်တွေ ရယူခဲ့မှုနဲ့ ဆက်နွှယ်နေတာ ဖြစ်ပါတယ်။ပြည်ပမှာ ထွက်ပြေးခိုလှုံနေဆဲ ဖြစ်တဲ့ ယင်လတ် ရှင်နဝပ်ဟာ တခြားစွဲချက်တွေနဲ့ ဆက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ရှင်နဝပ် မိသားစုအတွက် ဒီတရားရုံး ဆုံးဖြတ်ချက်ဟာ အခုနောက်ဆုံးရခဲ့တဲ့ ဥပဒေကြောင်း အောင်နိုင်မှုဖြစ်ပါတယ်။ယင်လတ်ရဲ့ အကို ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ်ဟာလည်း အကျဉ်းကျနေရာကနေ ဖေဖော်ဝါရီလတုန်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။

သူဟာ ပြည်ပမှာ ကာလတာရှည် ထွက်ပြေးခိုလှုံနေခဲ့ရာကနေ မနှစ်တုန်းက ထိုင်းနိုင်ငံကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာ သူတို့ မောင်နှစ်မ နှစ်ဦးရဲ့ နိုင်ငံရေးပါတီက အာဏာ ပြန်ရထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။