ရေဘက်ထရီကို ဩစတြေးလျ သုတေသီများ တီထွင်ထုတ်လုပ်

International News Tech
ရေဘက်ထရီကို ဩစတြေးလျ သုတေသီများ တီထွင်ထုတ်လုပ်

မည်သည့်အခါတွင်မျှ ပေါက်ကွဲခြင်းမရှိဘဲ ပြန်လည်အသုံးချနိုင်မည့် ရေဘက်ထရီများကို ဩစတြေးလျနိုင်ငံမှ သုတေသီများကတီထွင် ထုတ်လုပ်နိုင်ခဲ့ကြောင်း Renew Economy ၏ ရေးသားဖော်ပြချက်အရ သိရသည်။

ဩစတြေးလျနိုင်ငံမှ သုတေသီများသည် မီးလောင်လွယ်သည့် လျှပ်စီးရည်ပေါ် မှီခိုစရာမလိုသည့် ရေဘက်ထရီတစ်မျိုးကို ဖန်တီးနေကြခြင်းဖြစ်ရာ ယခုအချိန်တွင် ၎င်းတို့၏ တီထွင်ဖန်တီးမှုမှာ အောင်မြင်မှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဩစတြေးလျနိုင်ငံမှ သုတေသီများ တီထွင်ထားသည့် ယခုနည်းပညာမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို သိုလှောင်နိုင်မည့် အစားထိုးနည်းလမ်းဖြစ်သည်သာမကဘဲ ဘေးကင်းမှုအတွက် အာမခံချက်မရှိသည့် သမားရိုးကျလီသီယံအိုင်းယွန်း ဘက်ထရီများ၏ နေရာတွင် အစားထိုးနိုင်မည် ဖြစ်သည်။ ရေဘက်ထရီများတွင် အစိတ်အပိုင်း သုံးပိုင်း ပါဝင်မည်ဖြစ်ပြီး လျှပ်စစ် အဖိုလျှပ်တိုင်၊ အမ လျှပ်တိုင်နှင့် ယင်းလျှပ်တိုင်များကြား အိုင်းယွန်းများကို ရွေ့လျားပေးမည့် လျှပ်စီးရည်တို့လည်း ပါဝင်သည်။ ထို့ပြင် သမာရိုးကျ လျှပ်စီးရည်နေရာတွင် ရေနှင့်ရိုးရိုးဆားတို့ကို အစားထိုးထားခြင်းဖြစ်သည်။

ရေဘက်ထရီတွင် မဂ္ဂနီဆီယမ်နှင့် ဇင့်တို့ကို သုံးထားခြင်းကြောင့် လီသီယမ်နှင့် ခဲအက်စစ် ဘက်ထရီများနှင့် နှိုင်းယှဉ်ပါက ပိုမိုဈေးသက်သာပြီးဘေးအန္တရာယ်လည်း ပိုမိုကင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရေဘက်ထရီ၏ ရှေ့ပြေးပုံစံ အများအပြားကို ဩစတြေးလျနိုင်ငံမှ သုတေသီများက ဖန်တီးထားပြီး နာရီများတွင် အသုံးပြုသည့် အကြွေစေ့ အရွယ်အစား ဘက်ထရီမှစ၍ သာမန်ဓာတ်ခဲ အရွယ်အစားခန့်အထိ ပါဝင်သည်။

ရေးသားသူ –The Standard Time Daily

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။