” ရာထူးအဆင့်တိုးတက်ပြီး အန္တရာယ်ကင်းဝေးစေသောယတြာ “

Astrology
” ရာထူးအဆင့်တိုးတက်ပြီး အန္တရာယ်ကင်းဝေးစေသောယတြာ “

မိမိအိမ်၏ ဗုဒ္ဓဘုရားရှင်၏ ရှေ့တည့်တည့်တွင်
ဘုရားကျောင်းဆောင်ပေါ်၌ဖြစ်စေ ၊ ဘုရားကျောင်းဆောင်မကျယ်ခဲ့သော် ဘုရားကျောင်းဆောင်၏ ရှေ့တွင် မတ်ရပ်စားပွဲထားပါ စားပွဲကိုပိတ်ဖြူခင်းပါ ။ မိမိ၏ ဝတ်ပြီးသား အပေါ်အကျီတစ်ထည်ကိုစားပွဲပေါ်မှာ ခပ်ရှည်ရှည် ခေါက်တင်ပါ ။ ၎င်းအကျီအပေါ်မှကြံရည် ၅ခွက် ၊ ဆွမ်း ၅ပွဲ ၊ ဘယာကြော် ၅ပွဲ ၊သပြေ ၅ခက် ၊ဂန္ဓမာ ၅ပွင့်
(မရလျှင်)ငွေပန်း ၅ပွင့် ၊ဖယောင်းတိုင်၅တိုင်ထွန်းပါ။

(က)ဘယာကြော်၅ပွဲမှာတစ်ပွဲလျှင်၅ခုပါရမည် ။
(ခ)ဆွမ်း၅ပွဲမှာတစ်ပွဲကိုကြံသကာတစ်ခဲစီထည့်ရမည်
ကြံသကာမရပါကသကြား ၁ဇွန်းစီထည့်ရမည် ။

တနင်္လာနေ့ နံနက်ပိုင်း တစ်ကြိမ် ၊ကြာသာပတေးနေ့ နံနက်ပိုင်း တစ်ကြိမ် ၊ မိမိမွေးနေ့ နံနက်တိုင်း တစ်ကြိမ် ၊ တစ်ပတ်လျှင် ၃ကြိမ်ပြုလုပ်ပေးရမည် ။

ရာထူးအဆင့် လျင်မြန်စွာ တိုးတက်ရ၏ ။အမှူ့ကိစ္စမှန်သမျှ ကင်းရှင်းရ၏ ။ အမှူရင်ဆိုင်ဆဲကာလဖြစ်ကအမှူပြီးပြတ်အနိုင်ရတတ်၏သူတစ်ပါး မကောင်းကြံစည်၍ မရနိုင်ပါ ။ရပေါက်ရလမ်း ၊ ရွှေငွေစီးပွားရေးကိစ္စမှန်သမျှအောင်မြင်ပြီးစီးရသည် အထကိမင်းစိုးရာဇာများ ချစ်ခင်လေးစားရသည် အပြစ်မှလည်းကောင်း၊အမှူ့မှ၎င်းလွတ်ကင်းရသည် ဆိုလိုသည့် ယတြာ အဓိပ္ပယ်မှာ ဘုရား တရား သံဃာ မိဘ ဆရာ အနန်တ၅ပါးအား ၅ပွဲစီ ၊ ၅ခွက်စီ ၊ ၅တိုင်စီဖြင့် ကပ်လှူပူဇော်ပြီး ဆန္ဒရှိသလို ၉ခါဆို၍ ဆုတောင်းရပါမည်ဟု ဆိုလိုပါသည် ။

ရက်မပျက်စေရ ၊၊ တစ်ပတ်၃ကြိမ် မှန်မှန်လုပ်သင့်ပါသည် ။မူလပထမရေးသားသူဆရာများအားလုံးကျမ္မာချမ်းသာစွာဖြင့်နေထိုင်နိုင်ပါစေ

credit

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။