ဆစ်ဒနီ ကမ်းခြေကို ပိုင်ရှင်မဲ့ ကိုကင်းထုပ်တွေ သောင်လာတင်

International News
ဆစ်ဒနီ ကမ်းခြေကို ပိုင်ရှင်မဲ့ ကိုကင်းထုပ်တွေ သောင်လာတင်


အခုလို ပိုင်ရှင်မဲ့ ကိုကင်းတွေ တွေ့ရှိမှုကြောင့် သြစတြေးလျမှာ ဒီကိုကင်းတွေ ဘာကြောင့် သောင်လာတင်လဲဆိုတဲ့မေးခွန်းတွေ ပိုပြီးနက်ရှိုင်းလာပါတယ်

သြစတြေးလျနိုင်ငံက ဆစ်ဒနီကမ်းခြေကို ပိုင်ရှင်မဲ့ ကိုကင်းမူးယစ်ဆေးဝါး အထုပ်တွေ သောင်တင်ခဲ့တယ်လို့ နယူးဆောက်ဝေးလ်ပြည်နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

၅ ကီလို အလေးချိန်ရှိတဲ့ အဲဒီကိုကင်းထုပ်တွေကို ကမ်းခြေမှာ သွားလာသူတွေက တွေ့ခဲ့တာပါ။

ဒါဟာ ဒီဇင်ဘာလကတည်းက သြစတြေးလျကမ်းခြေတွေကို သောင်လာတင်နေတဲ့ ကိုကင်းထုပ်တွေထဲ နောက်ဆုံးတွေ့ရှိထားတဲ့ ပိုင်ရှင်မဲ့ဖြစ်ပါတယ်။

ပိုင်ရှင်မဲ့ ကိုကင်းထုပ်တွေ ဘယ်လိုသောင်တင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒီမူးယစ်ဆေးတွေဟာ တောင်အမေရိက ကနေ သြစတြေးလျကို ကုန်တင်သင်္ဘောတွေနဲ့ ပါလာတာဖြစ်နိုင်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ABC သတင်းဌာနကို ဇန်နဝါရီလတုန်းက ပြောပါတယ်။

”တစ်ခါတရံမှာ ပစ္စည်းတွေကို သမုဒ္ဒရာထဲ တမင် ပစ်ချပြီး နောက်သင်္ဘောတစ်စီးက လာဆယ်သွားတာမျိုးကို ကျွန်တော်တို့ တွေ့ရတယ်” လို့ ပြည်နယ်ရာဇဝတ်ထိန်းချုပ်ရေးဌာန အကြီးအကဲ ဂျေဆင် ဝိုင်းစတိုင်းက ပြောပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်ပင်လယ်ပြင်တို့မှာ ပိုင်ရှင်မဲ့ ကိုကင်း‌ထုပ်တွေကိုလည်း ရဲ တပ်ဖွဲ့က မကြာခဏ ဖမ်းမိလေ့ရှိပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။