မြတ်နိုးအေးမွေးနေ့လက်ဆောင်ပို့ပေးတဲ့ ချည်သားအကျီနဲ့နွေပူကို လှတပတလေး အန်တုနေပါတယ်ဆိုတဲ့ ပိုင်ဖြိုးသု

Celebrity Local News
မြတ်နိုးအေးမွေးနေ့လက်ဆောင်ပို့ပေးတဲ့ ချည်သားအကျီနဲ့နွေပူကို လှတပတလေး အန်တုနေပါတယ်ဆိုတဲ့ ပိုင်ဖြိုးသု

ပရိသတ်ကြီးရေ.. အနုပညာ လောကရဲ့ နာမည်ကြီးဇနီးမောင်နှံဖြစ်တဲ့ ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ကတော့ ချစ်သူ သက်တမ်းအတော်ကြာပြီးမှ လက်ထပ်ခဲ့ကြ သူတွေဖြစ် ပါတယ်။

နှလုံးသားချင်းထပ်တူကျသလို ခံယူချက်ချင်း လည်း တစ်ထပ်တည်းကျတဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီးမောင်နှံဟာ သူတို့နှစ်ယောက် ရဲ့အောင်မြင်မှု ကျော်ကြားမှုတွေကို စွန့်လွှတ် ပြီး စစ်အာဏာရှင် ဆန့်ကျင်ကာ နယ်စပ်ဒေသ တွေမှာနေထိုင်နေတာပဲဖြစ် ပါတယ်။

အနုပညာသမားတွေပီပီ တော်လှန်ရေး အတွက်ကိုလည်း အနုပညာအလုပ်တွေနဲ့သာ ပါဝင်လှုံ့ဆော်ကူညီပေးနေ တဲ့ ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ဟာ တော်လှန်ရေး ဇာတ်လမ်းတိုတွေရိုက်ကူးရင်းနဲ့ ရန်ပုံငွေတွေ ရှာဖွေပေး နေတာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုနဲ့ ဏကြီးကတော့ တော်လှန်ရေး ဇာတ်ကား တွေကို ရိုက်ကူးရင်းနဲ့ လတ်တလောမှာတော့ တခြား အနုပညာ လှုပ်ရှားမှုတွေကို လုံးဝမလုပ်ကိုင်တာ ကို တွေ့ရပါတယ်။

ပရိသတ်ကြီး လည်း ဝတုတ်လူဆိုးနဲ့ ဦးရေခဲ ကြီးလို့ ချစ်စနိုးခေါ်ကြ တဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီး တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပုံ ရိပ်လေးကို သဘောကျကြမယ်လို့ ထင်ပါတယ်။

အခုတစ်ခါမှာတော့ နွေရာသီအပူကို သူမရဲ့ဖြတ်သန်းပုံလေးကို ပရိသတ်ကြီးအတွက် ဝေမျှလာတာပဲဖြစ်ပါတယ်။” Myat Noe Aye – မြတ်နိုးအေး မွေးနေ့လက်ဆောင်ပို့ပေးတဲ့ ချည်သားအင်္ကျီလေးတွေနဲ့ မမသုသုတယောက် နွေနေပူကို လှတပတလေး အန်တုနေပါတယ်လို့ ” ဆိုပြီး အလှပုံလေးတွေတင်ပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။