မင်္ဂလာဒုံတွင် တပ်ပိုင်မြေဟုဆိုကာ ပြောင်းရွှေ့ခိုင်းမှုကြောင့် အိုးအိမ်မဲ့သွားရသည့် ပြည်သူတချို့ လမ်းဘေးတွင် ဖြစ်သလို တဲထိုးနေရ

Local News

မင်္ဂလာဒုံတွင် တပ်ပိုင်မြေဟုဆိုကာ ပြောင်းရွှေ့ခိုင်းမှုကြောင့် အိုးအိမ်မဲ့သွားရသည့် ပြည်သူတချို့ လမ်းဘေးတွင် ဖြစ်သလို တဲထိုးနေရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်္ဂလာဒုံတွင် တပ်ပိုင်မြေဟုဆိုကာ ပြောင်းရွှေ့ခိုင်းမှုကြောင့် အိုးအိမ်မဲ့သွားရသည့် ပြည်သူတချို့ လမ်းဘေးတွင် ဖြစ်သလို တဲထိုးနေရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုကို တပ်ပိုင် မြေ ကျူးကျော် သည်ဟု ဆိုကာ ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးကို နိုဝင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးထား ဖျက် သိမ်းခိုင်း ထားခဲ့ရာ ပြည်သူတချို့မှ စတင် ပြောင်းရွှေ့မှုများ ရှိနေပြီး တချို့ပြည်သူများမှာမူ ပြောင်းရွှေ့မှု မရှိကြောင်း သိရှိရသည်။

“မနေ့ကတော့ ၂၂ ရက်နေ့ နောက်ဆုံးဆိုပြီး လော်စပီကာတွေနဲ့ ထပ်လာအော်တော့ ရွှေ့တဲ့သူလည်း ကိုယ့်ပစ္စည်းလေးတွေ မရလိုက်မှာစိုးလို့ ရွှေ့ကြတယ်။ တချို့လမ်းတွေတောင် ပစွည်းသယ်ကားတွေ အပြည့်ပဲ။ မပြောင်းရင် ထိရောက်စွာအရေးယူမယ်တဲ့ လာအော်ထားပေမယ့် မပြောင်းတဲ့သူ တွေ လည်း ရှိတယ်” ဟု ဂုံညင်းနီရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောဆိုသည်။
နေအိမ်ဖျက်သိမ်းပြီးနောက် နေစရာမရှိသည့် ပြည်သူတချို့မှာ လမ်းဘေးတွင် ဖြစ်သလို တဲထိုး နေရ ပြီး အိမ်ငှားရန်လည်း ငွေကြေးမတတ်နိုင်ကြဟု သိရှိရသည်။
“အိမ်ငှားခက တစ်လကို ၅ သောင်းအနည်းဆုံးရှိတယ်။ ဝင်ငွေမရှိတော့ မတတ်နိုင်ဘူး။ လောလော ဆယ် တာလဘတ်နဲ့ပဲ ဖြစ်သလို နေဦးမယ်။ နေလို့ရသလောက်ပေါ့။ ကိုယ့်တဲအိမ်လေးတော့ ဖျက်ပြီးပြီ။ လမ်းဘေးမှာ နေလို့မရရင်လည်း နေလို့ရတဲ့နေရာသွားပြီး နေရမှာပဲ။ အလုပ်ကတော့ ကျပန်း လုပ် တာပါ။ ကလေးတွေက စက်ရုံ၊ အလုပ်ရုံမှာ လုပ်ကြတော့ အဆောင်ပေးတယ်။ တို့လင်မယားပဲ နေ စရာ ခက်နေတာ” ဟု အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။


ရန်ကုန်ခေတ်သစ်၏ လေ့လာချက်အရ အိမ်ပြောင်းရွှေ့သွားသော ပြည်သူတချို့သည် လှည်းကူး နှင့်မှော်ဘီ အိမ်ငှားခ စျေးသက်သာသည့် ရွာနှင့် ဆင်ခြေဖုံးဘက်များသို့ ပြောင်းရွှေ့ကြကြောင်း၊ ပြည်သူတချို့မှာမူ ဖြစ်သလို လမ်းဘေးတွင် နေထိုင်နေကြရသည်ကို မြင်တွေ့ရသည်။
တပ်ပိုင်မြေအတွင်း ပါဝင်နေသည့် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း နှင့်သာသနိက အဆောက် အအုံများ ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းမည်ဟု စစ်တပ်က မင်္ဂလာဒုံမြို့နယ် သံဃာနာယအဖွဲ့ ကို အသိပေးထားပြီး မြို့နယ် သံဃနာယက အဖွဲ့ကလည်း စစ်တပ်အလိုကျ ဘုန်းကြီးကျောင်း၊ သီလရှင် ကျောင်း များ အနေဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့ မတိုင်မီ ဖယ်ရှားကြရန် ညွှန်ကြားသော်လည်း သီလရှင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများမှာ ဖျက်သိမ်းခြင်းမရှိဘဲ စစ်တပ်က လာဖျက်သည့်နေ့ စောင့်ဆိုင်းနေကြသည်ဟု သိရှိရသည်။
“ဆွမ်းခံမထွက်တာ ၁၆ ရက်နေ့ကတည်းက သူတို့လာဖျက်မှာပဲစောင့်နေတာပါ။ဘုန်းကြီးကျောင်း တော့ မဖျက်ဘူး။ ဒါတွေက ဒကာ၊ ဒကာမတွေ လှူထားတာ သံဃာတော်တွေကတော့ကိုယ် တိုင် ဖျက်လို့ မရဘူး။ စစ်တပ်က ဖျက်ချင် ဖျက်ပေါ့။ ရဟန်းရှင်လူတွေ အားလုံး ဒုက္ခတွေ ရောက်ကြတယ်” ဟု သံဃာတော်တစ်ပါး က မိန့်ကြားသည်။


စစ်တပ်က ဖျက်ခိုင်းသည့် မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်ကျေးရွာအုပ်စုတွင် မြဲမြံအောင်ရပ်ကွက်၊ ဓလ ပါ လရပ်ကွက်၊ စံသမာဓိရပ်ကွက်၊ ဂုန်ညှင်းနီရပ်ကွက်၊ မြဝတီရပ်ကွက် စသည့် ၅ ရပ်ကွက် ပါဝင် ပြီး အိမ်ခြေ ၁သောင်းနီးပါး၊ လူဦးရေ ၅ သောင်းနီးပါး မီတင်နေထိုင်ကြခြင်းဖြစ်သည်။
စစ်တပ်က အများပြည်သူပိုင်နေအိမ်များကို ဖျက်သိမ်းခိုင်းသည့်အတွက် ပြည်သူတချို့ နေအိမ်ဆုံးရှုံး မည့်အရေး စိတ်ဆင်းရဲကာ မိမိကိုယ်ကိုကိုယ် အဆုံးစီရင်မှုတချို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။