တစ်ယောက်နဲ့တစ်ယောက်စသိခဲ့တဲ့ အမှတ်တရအကြောင်းလေးတွေကိုဝေမျှပေးလာတဲ့ ပိုင်ဖြိုးသုနဲ့ ဒေါင်း

Celebrity Local News
တစ်ယောက်နဲ့တစ်ယောက်စသိခဲ့တဲ့ အမှတ်တရအကြောင်းလေးတွေကိုဝေမျှပေးလာတဲ့ ပိုင်ဖြိုးသုနဲ့ ဒေါင်း

မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ဆယ်ကျော်သက်အရွယ် ကတည်းကနေ ကလေးသရုပ်ဆောင်အဖြစ် အနုပညာ အလုပ်တွေကို လုပ်ကိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါ တယ်။ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး Now &Ever ရုပ်ရှင်နဲ့လဲ ပရိသတ်ရင်ထဲရောက်ရှိခဲ့သူလည်ဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ “မီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့ ပိုင်ဖြိုးသုဟာ အကယ်ဒမီဆုကြီးနဲ့ လွဲချော်နေဆဲဖြစ်ပေမယ့် ပရိသတ် လက်ခံအားပေးမှုကို အများဆုံးရရှိတဲ့ မင်းသမီးတစ် လက်ပဲဖြစ်ပါတယ်။

ပိုင်ဖြိုးသုနဲ့ ဒေါင်းတို့ဟာဆိုရင် အနုပညာလောကမှာ နာမည်ကိုယ်စီရရှိတဲ့ မင်းသားနဲ့ မင်းသမီးတို့ပဲဖြစ်ပါ တယ်။ ဒေါင်းနဲ့ ပိုင်ဖြိုးသု တို့ဟာ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ‘ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “အချစ်ဖြင့် လွမ်းစေ” ဇာတ်လမ်းတွဲတို့မှာ လိုက်ဖက်ညီညီ တွဲဖက် သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ တစ်ယောက်အပေါ်တစ်ယောက်စစတွေ့ချင်းက အမှတ်တရတွေကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်ပိုင်ဖြိုးသုက” ဒေါင်းကိုစသိတဲ့ အချိန်က ဒီမင်းသားအရမ်းပဲများတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ သူက ဂေါက်နေတာ၊ အသက်အရွယ်လည်း တူတော့ ပြောမနာ ဆိုမနာပဲ”သရုပ်ဆောင်ဒေါင်းကလဲ သုသု နဲ့ စသိတုန်းက ညှိရခက်မယ့် မင်းသမီး လို့ ထင်ခဲ့တာ၊ တကယ်တမ်းကျ သူနဲ့ အလုပ်လုပ် ရတာ အရမ်း အဆင်ပြေတယ်၊ နှစ်ယောက်လုံးက ဂေါက်သီးတွေဆိုတော့ ပေါင်း လို့ရတယ် ဆိုပြီး ပြောပြလာခဲ့ပါတယ်။


ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။