သူမကိုထားခဲ့တဲ့ သမီးလေးရဲ့ဖခင်အကြောင်း ပြောပြခဲ့တဲ့ အဆိုတော်အေသင်ချိုဆွေ

Celebrity Local News
သူမကိုထားခဲ့တဲ့ သမီးလေးရဲ့ဖခင်အကြောင်း ပြောပြခဲ့တဲ့ အဆိုတော်အေသင်ချိုဆွေ

အဆိုတော်အေသင်ချိုဆွေကတော့ အချစ်သီချင်းကောင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေသိမ်းပိုက်ခဲ့တဲ့ တခေတ်တခါက အောင်မြင်ခဲ့တဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့သီချင်းလေးတွေက အေးအေးလေးနဲ့ လူကြီးလူငယ်မရွေးအကြိုက်တွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။ အခုခါမှာတော့ အနုပညာအလုပ်တွေမလုပ်တော့ပဲ single mother အဖြစ်သမီးလေးကို ပြုစုပျိုးထောင်နေတာပဲဖြစ်ပါတယ်။

အေသင်ကသူမရဲ့သမီးလေးရဲ့ဖခင်အကြောင်းပရိသတ်ကြီးကိုပြောပြလာပါတယ်။“အချစ် ဆိုတာ ဘဝတခု မဟုတ်ဘူး။ ကိုယ်လုပ်စရာရှိတာ ကို လုပ်ပြီး ကိုယ့်ကိုကိုယ် ချစ်နိုင်ဖို့က အရေးကြီးပါတယ်” ဒီခံယူချက် ဒီဆုံးဖြတ်ချက်တွေ နဲ့ ကိုယ်ဝန်ဖျက် မချဘဲ သမီးငယ်လေးကို မွေးဖွားခဲ့သူက နာမည်ကျော် အဆိုတော် အေသင်ချိုဆွေ ဖြစ်ပါတယ်။ဘဝကို သေသေချာချာ လေး လေးနက်နက် ထားပြီး အရာအားလုံးကို အသေအချာ စဉ်းစား ဆင်ခြင်ပြီးဘဝတခုကို ထူထောင်မယ် ဆိုရင် ပိုပြီး တော့ အကျိုးရလဒ်ကောင်းတွေ ရမှာပေါ့။

လူတိုင်းက မှားတတ်တယ်၊ မမှားရင် ပိုကောင်းတယ်။ တကယ်လို့ မှားသွားခဲ့ရင်လည်း ဘယ်လို ရင်ဆိုင်မလဲ၊ ရှေ့ဆက်သွားမလဲ ဆိုတာအရေးကြီးပါတယ်။” လို့လည်း သူက ပြောပါတယ်။ အေသင်ချိုဆွေက လက်မထပ်ခင် သူ နဲ့ အတူနေခဲ့တဲ့ အမျိုးသားက တာဝန်မယူလို့ နှစ်ယောက် သား လမ်းခွဲခဲ့ကြပြီး လူမှုအသိုင်းအဝိုင်း ရဲ့ဝေဖန် ကဲ့ရဲ့မှု တွေကြားက ကလေးမွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူ့မှာ ကိုယ်ဝန်ရှိပြီလို့ သိလိုက်ရကတည်းက အမျိုးသားနဲ့ ဆွေးနွေးတာ ရှိခဲ့ပြီး အဲဒီအမျိုးသားက တာဝန်ယူလိုမှု မရှိ ခဲ့ဘူးလို့ အေသင်ချိုဆွေက ပြောပါတယ်။ သမီးလေးကို ဖခင်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ၊ မိခင် တစ်ယောက်တည်း အခက်အခဲတွေ ကြားက မွေးဖွားခဲ့ရတဲ့ အကြောင်းတွေ အားလုံးကို မကွယ်မဝှက် ပြန်ပြောပြမယ်။ သူ့သမီးက သူ့ဘဝ၊ သူ့ဘဝက သူ့သမီး ဖြစ်တယ်လို့ အေသင် ချိုဆွေက ပြောပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။