နတ်တော်လအတွက် အကောင်းဆုံးယတြာ

Astrology

နတ်တော်လအတွက် အကောင်းဆုံးယတြာ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နတ်တော်လအတွက် အကောင်းဆုံးယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နတ်တော်လအတွက် အကောင်းဆုံးယတြာ

လာဘ်ပွင့်တဲ့လပြည့် နတ်တော်လပြည့်နေ့ယတြာ ၂၉-၁၂-၂၀၂၀(အင်္ဂါနေ့) - ApannPyay  Media

နတ်တော်လဆန်း(၁)ရက် (23.11.2022) မှ နတ်တော်လကွယ်နေ့ (21.12.2022)အထိယတြာ
“ဖန်ခွက်တခွက်ထဲတွင် #ရေသန့် ဖြည့်ပြီး #ရွက်လှညွှန့်
(၆)ညွှန့်ကို ထိုဖန်ခွက်ထဲတွင် စိုက်ထည့်၍ ထိုဖန်ခွက်ကို
ကြွေပန်းကန်ပြားပေါ်တွင် ထားပါ။
ဤယတြာကို အိမ်ရှိဘုရားကျောင်းဆောင်ပေါ်တွင်
ထား၍ မြတ်စွာဘုရားရှင်အား ရိုသေစွာ လှူဒါန်းပူဇော်ပါ။
( ညှိုးနွမ်းမသွားမီ နေ့စဥ် လဲလှယ်ပေးပါ။)
ဤတစ်လတာတွင် #‌ဇွန်ပန်း (၈)ကုံး ကို
နေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးခြင်းဖြင့် မိမိအတွက်
ထူးခြားဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစား‌ရမည်။
နတ်တော်လအတွက် နေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ
◾️တနင်္ဂနွေနေ့=မြောက်အရပ်
◾️တနင်္လာနေ့=တောင်အရပ်
◾️အင်္ဂါနေ့=အရှေ့အရပ်
◾️ဗုဒ္ဓဟူးနေ့=အ‌နောက်အရပ်
◾️ကြာသပတေးနေ့=အရှေ့အရပ်
◾️သောကြာနေ့=မြောက်အရပ်
◾️စနေနေ့=တောင်အရပ်
အထက်ပါ သက်ဆိုင်အရပ်နှင့် သက်ဆိုင်ရာနေ့များကို မြေ
ပေါ်တွင် ဖိနပ်မပါပဲ မျက်နှာမူပြီး “စီးပွားတက်ပြီး ငွေဝင်စေ”
ဟု ဆုတောင်းပါ။
အထက်ပါအတိုင်း ကပ်လှူပူဇော်ပြီးပါက အောက်ပါ ဂါထာတော်ကို နေ့စဥ်နေ့တိုင်း (၂၇)ခေါက် ရွတ်ဖတ်ပေးပါ။
” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ
ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ
သဗ္ဗ လာဘသိဒ္ဓိ ဥပေတုံမေ။”
ဆုတောင်းစာ
~~~~~~~~~~
“အကျွန်ုပ်နှင်တကွ အကျွန်ုပ်၏ တစ်မိသားစုလုံး နတ်တော်လတစ်လတာအတွင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊ အတိုက်အခိုက်မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်း မင်္ဂလာအဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်းကာ ငွေဝင်လမ်းဖြောင့်ဖြူးပြီး စီးပွားလာဘ် လာဘ တိုးတက်အဆင်ပြေရပါလို၏။”
🕉ပန်း၊အရွက်၊အညွန့်များ ညှိုးနွမ်းလာပါ အသစ်ပြန်၍လဲလှယ်ကာ ယတြာကို ရိုသေစွာဖြင့် လုပ်ဆောင်ပေးကြပါ။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သော ကြောင့် ယုံကြည်စွာလုပ်ပါက နတ်တော်လတစ်လတာလုံးအတွင်း၌ အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေးစေ၍ စီးပွားလာဘ်လာဘများ ရရှိပါမည်။
ဤယတြာကို နတ်တော်လ တစ်လတာလုံးအတွင်း
မည်သည့်နေ့ရက်မှာမဆို စတင်၍လုပ်ဆောင်နိုင်သည်။

ရေးသားသူ –ဆရာပြည့်ဖြိုးမောင် (09-458930488. 09-776772466)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။