၂၀၁၅ ကလိုသာ UEC ဆုံးဖြတ်ရင် USDP နိုင်မယ်လို့ပြောလိုက်တဲ့ ပြည်ခိုင်ဖြိုးမှ ဦးသိန်းထွန်းဦး

Local News

၂၀၁၅ ကလိုသာ UEC ဆုံးဖြတ်ရင် USDP နိုင်မယ်လို့ပြောလိုက်တဲ့ ပြည်ခိုင်ဖြိုးမှ ဦးသိန်းထွန်းဦး

ယခုတင်ဆက်ပေးမယ့် သတင်းကတော့ ၂၀၁၅ ကလိုသာ UEC ဆုံးဖြတ်ရင် USDP နိုင်မယ်လို့ပြောလိုက်တဲ့ ပြည်ခိုင်ဖြိုးမှ ဦးသိန်းထွန်းဦး အကြောင်းပဲဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးမှ ဦးသိန်းထွန်းဦးရေးတဲ့စာကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ညွန့်(USDP) က ခိုင်လုံမဲ 19898 ရရှိအနိူင်ရခဲ့ပြီး
ဦးခိုင်ညီညီကျော် NLDပါတီက 18813 မဲဖြင့် ရှုံးနှိမ့်ခဲ့ရာ-

NLDပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းက USDPကိုယ်စားလှယ် ဦးအောင်ကျော်ညွန့် ရရှိသောမဲများဟာ ရက်ပေါင်း၁၈၀ နေထိုင်ခြင်း မရှိသူများ၏ မဲဖြစ်သည်ဟု ဆိုကာ UECသို့ တိုင်ကြားခဲ့သည်။

တိုင်ကြားမှုနှင့်ပတ်သက်ပြီး UECက စစ်ဆေးခဲ့ရာ ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုက “လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုယ်တိုင် မဟုတ်သော်လည်း”-

ရွေးကောက်ပွဲ အနိူင်ရရှိသူ ဦးအောင်ကျော်ညွှန့် USDPကိုယ်စားလှယ်ကို အရှုံးပေး ဆုံးဖြတ်ခဲ့ပြီး ရှုံးနေတဲ့ NLD ကိုယ်စားလှယ်လောင်းကို အနိုင်ပေးခဲ့သည်။

၂၀၂၀ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် တရားမဲ့ပြုကျင့်မှုများ မဲမသာမှုများအား အထက်ဖော်ပြပါ ဆုံးဖြတ်ချက်ကဲ့သို့ UEC က ဆုံးဖြတ် ပေးမည်ဆိုပါက မဲဆန္ဒနယ် အများစုကို USDP ပြန်လည်
ရရှိနိူင်မည်ဖြစ်ပေသည်။

ဦးသိန်းထွန်းဦး
ပြည်ခိုင်ဖြိုးပါတီ

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply