လူကြမ်းသရုပ်ဆောင်တစ်ဦးက ယခင်စကားများရန်ဖြစ်ခဲ့သူကို ရန်ငြိုးထားကာ ဓားဖြင့်ထိုး

Local News

သန်လျင်မြို့နယ်တွင် ယခင်စကားများရန်ဖြစ်ခဲ့သည်ကို မကျေနပ်၍ ရန်ငြိုးထားကာ ဓား ဖြင့်ထိုးသတ်သူ လူကြမ်းသရုပ် ဆောင် ညွန့်ဝင်း (ခ) သုံးဆယ် ဆိူသူကို ဖမ်းဆီးအရေး ယူထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

‘‘ဖြစ်စဉ်က ဟုတ်ပါတယ်။ ရန်ကြွေးဟောင်းကို ရန်ငြိုးထား ပြီး ကျူးလွန်ခဲ့တာလို့ စစ်ဆေးသိ ရတယ်။ ကနဦးတုန်းက အပြင်း အထန်နာကျင်စေမှုနဲ့ အမှုဖွင့် ထားတာ။ ဓားနဲ့ထိုးခံရသူသေ သွားတော့ လူသတ်မှုနဲ့ပြောင်းပြီး အမှုဖွင့်စစ်ဆေးနေပါတယ်’’ ဟု သန်လျင်မြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၆ ရက် ညနေက သန်လျင်မြို့နယ် ကရင်ဆိပ်စံပြ ကျေးရွာနေ ဦးစောဝေသည် နေ အိမ်တွင်ရှိနေစဉ် ၎င်း၏သားဖြစ် သူ အသက် (၂၉) နှစ်အရွယ် မင်း နိုင်မှာ ဓားဖြင့်အထိုးခံရပြီး ဆေးရုံ သို့ရောက်ရှိနေကြောင်း သတင်း ရ၍ သွားရောက်ကြည့်ရှုခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

သားဖြစ်သူမှာ ထိုးသွင်းပြတ် ရှဒဏ်ရာများ ရရှိထားသည်ကို တွေ့ရသဖြင့် မေးမြန်းခဲ့ရာ နိုဝင် ဘာ ၂၆ ရက် နံနက် ၁၀ နာရီက မင်းနိုင်သည် ကညင်ပင်ကျေးရွာ ညောင်ပင်လမ်းထိပ် အကြော် ဆိုင်အနီးတွင် ယခင်ရန်ဖြစ်ခဲ့ဖူး သူ ဘုရားကုန်းကျေးရွာနေ (၄၂) နှစ်အရွယ် လူကြမ်းသရုပ်ဆောင် ညွန့်ဝင်း(ခ)သုံးဆယ်နှင့် တွေ့ဆုံ ခဲ့သည်။

၎င်းတို့နှစ်ဦးမှာ လွန်ခဲ့သည့် တစ်လခန့်က စကားများရန်ဖြစ်ခဲ့ ဖူးကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် ညွန့်ဝင်းက မကျေနပ်သဖြင့် အ သင့်ပါလာသော ဓားဖြင့်ထိုးကာ ထွက်ပြေးသွားကြောင်း စစ်ဆေး ပေါ်ပေါက်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဓားဒဏ်ရာရရှိခဲ့သည့် မင်း နိုင်မှာ နိုဝင်ဘာ ၂၆ ရက် ညတွင် သေဆုံးခဲ့ကြောင်း သန်လျင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က လိုက် လံစုံစမ်းခဲ့ရာ အခင်းဖြစ်ညနေ တွင် ၎င်းနေထိုင်သည့်ကျေးရွာ တွင် ဖမ်းဆီးရမိခဲ့‌သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူး လွန်သူအမျိုးသားကို သန်လျင် မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှု ဖွင့်ထားသည်။

Leave a Reply