နိုင်ငံတော်မှထုတ်ဝေထားသည့် ငွေစက္ကူအား မီးရှို့ဖျက်ဆီးသူ ၂ ဦးအား ဖော်ထုတ်အရေးယူ

Local News

နိုင်ငံတော်မှထုတ်ဝေထားသည့် ငွေစက္ကူအား မီးရှို့ဖျက်ဆီးသူ ၂ ဦးအား ဖော်ထုတ်အရေးယူ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက် နေ့လည် ၁ နာရီခန့်တွင်

Biggest Shopping & Retail Page တွင်

အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှ Live လွှင့်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်လုပ်ထားသော

မြန်မာကျပ်ငွေ ငါးထောင်ကျပ်တန် ငွေစက္ကူအား မသင့်မလျော်မီးရှို့ ပြမှုနှင့်ပတ်သက်၍

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ အခန်း(၁၆)၊ အပိုဒ်-၉၉(က) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ

ငွေစက္ကူများအား ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း(သို့) အခြား တစ်နည်းနည်းဖြင့်

ပုံသဏ္ဍာန်ပျက်ယွင်းအောင်မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်ထားသည်ကို

ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသဖြင့်

အဆိုပါ Biggest Shopping & Retail Page မှ Live လွှင့်၍ မီးရှို့ပြသူ ၂ ဦးအား

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်နေ အမျိုးသားနှင့်

၎င်း၏ဇနီးတို့ဖြစ်ကြောင်း သိရှိရသဖြင့်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၃/၁၀၇ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Source : ရဲဇာနည် fb page

Plz Like & Share

Leave a Reply