တာချီလိတ်တွင် ကိုဗစ်ကာလ တရားမဝင် KTV နှင့် အနှိပ်ခန်းဖွင့်သည့်ဟိုတယ်ကို တရားစွဲ

Local News

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ကိုဗစ်-၁၉ ကာလ တရားမဝင် KTV နဲ့

အနှိပ်ခန်း ဖွင့်လှစ်ခဲ့တဲ့ 1G1 ဟိုတယ်ကို နိုဝင်ဘာ ၂၉ နေ့က သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေနဲ့

တရားစွဲထားတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာခင်ကျော်က “ကိုဗစ် ပထမပိုးစ‌တင်တွေ့ခဲ့တာက

ဟိုတယ်က ကလပ်မှာအလုပ်လုပ်တဲ့ အမျိုးသမီးငယ် တယောက်ပါ။ သူနဲ့ထိတွေ့တဲ့ ကွန်တက်လိုက်ရင်း ဒီဝန်ထမ်း နဲ့

ထိ‌တွေ့သူတွေ၊ club သွားဖူးသူတွေများတော့ လိုက်ရင်း အခက်အခဲရှိလာတော့ fever corner ဖွင့်ပြီး

စစ်ပေးခဲ့တာ လူရာဂဏန်းကျော်စစ်တာမှာ ၃၀ ကျော်မှာ ပိုးတွေ့ခဲ့ပါတယ်” လို့ နိုဝင်ဘာ ၃၀ ရက်နေ့က ပြောပါတယ်။

လတ်တလောမှာ အိမ်မှာနေရင်း ခရီးသွားရာဇဝင်မရှိ ထိတွေ့မှုမရှိသူတွေလည်း အနံ့ပျောက်

ဖျားနာတာကြောင့် လာပြလို့ စစ်ဆေးရာမှာ ၅ ဦးမှာလည်း ပိုးတွေ့ထားတယ်လို့ ပြောပါတယ်။

ဟိုတယ်ဝန်ထမ်းနဲ့မဆိုင်ဘဲ အခြားကကူးစက်လာတာလည်း ရှိနိုင်သလို ခရီးသွားရာဇဝင်

အမှန်မ‌ပြောကြသူလည်း ရှိနေတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့အဝင်မှာ Test kid နဲ့ စစ်ပြီး ပိုးတွေ့တာက ကားဆရာ ၁ ဦးနဲ့ အခြား‌ဒေသ ပြန်လာသူတဦးသာရှိပြီး

ကျန်တာက ဟိုတယ်ဝန်ထမ်းက ကူးစက်မှုနဲ့ အခြား ဇာစ်မြစ်မသိရသေးတဲ့ ကူးစက်မှုရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ပိုးတွေ့လူနာနဲ့ ရပ်ကွက်တွေကို လောဒေါင်းလုပ်ထားပြီး  ကျေးရွာအလိုက်လည်း ရွာအစီအစဉ်နဲ့

လောဒေါင်းချထားဖို့ ညွှန်ကြားထားတယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

ပိုးတွေ့လူနာ တွေ့ရှိခဲ့တဲ့ တာချီလိတ်မြို့ပေါ်က ရပ်ကွက်‌ပါင်း ၁၁ ခုမှာ ပုန်းထွန်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊

မယ်ခေါင်ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်၊ ပါဆတ်ရပ်ကွက်  နဲ့ မိုင်းဖုန်း(က) ကျေးရွာအုပ်စုတို့ကို

လော့ဒေါင်းချထားတယ်လို့ သိရပါတယ်။

Source : DVB

Leave a Reply