နိုင်ငံံ့ဝန်ထမ်းများ ဒီဇင်ဘာ ၇ ရက်ကစ၍ အင်အားအပြည့်ဖြင့် ရုံးပြန်တက်ရမည် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှဝန်ထမ်းများ မပါဝင်သေး

Local News

နေအိမ်တွင် နေထိုင်ရေး (Stay at Home)အဖြစ်သတ်မှတ်ထားသည့် မြို့နယ်များမှလွဲ၍ တစ်နိုင်ငံလုံးရှိ နိုင်ငံ့ဝန်ထမ်းများ မူလအင်အားအပြည့်အဝဖြင့် ဒီဇင်ဘာ ၇ ရက် တွင် ရုံးပုံမှန်ပြန်တက်၍ ပြန်လည်တာဝန်ထမ်းဆောင်ရန် ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။

COVID-19 ကာကွယ်ထိန်း ချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီနယ် မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ် များရှိ နိုင်ငံ့ဝန်ထမ်းများတွင် COVID-19 ကူးစက်ခံရမှုကို အ ထိုက်အလျောက် ထိန်းချုပ်လာ နိုင်၍  နှစ်ပတ်ရုံးတက်၊ နှစ်ပတ် အိမ်တွင်နေ၍ ရုံးလုပ်ငန်းဆောင် ရွက်စေသည့် အစီအစဉ်ကို ရုပ် သိမ်း၍ မူလအင်အားအတိုင်းအ ပြည့်အဝ တာဝန်ထမ်းဆောင်စေ ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့သော် Stay at Home သတ်မှတ်ထားသော မြို့နယ်များ မှ နိုင်ငံ့ဝန်ထမ်းမှာမူ ဒီဇင်ဘာ ၇ ရက်ကစ၍ ရုံးပုံမှန်ပြန်တက်ရ မည့်အစီအစဉ်တွင် ပါဝင်ခြင်း မရှိသေးပေ။

နှစ်ပတ်ရုံးတက်၊ နှစ်ပတ် အိမ်တွင်နေ၍ ရုံးလုပ်ငန်းဆောင် ရွက်စေသည့်အစီအစဉ်ကို စက် တင်ဘာ ၁၅ ရက်တွင် စတင် ကျင့်သုံးခဲ့ပြီး နှစ်လခွဲအကြာတွင် ယင်းစနစ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

ယင်းအစီအစဉ်ကို  ဒီဇင်ဘာ ၁ ရက်က ပြုလုပ်ခဲ့သည့် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး အမျိုးသားအဆင့်ဗဟိုကော် မတီ ညှိနှိုင်းအစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နှစ်ပတ်ရုံးတက်၊ နှစ်ပတ် အိမ်တွင်နေ၍ ရုံးလုပ်ငန်းဆောင် ရွက်စေသည့် အစီအစဉ်ကို ကျန်း မာရေးဝန်ထမ်းများ အနေဖြင့် စတင်ဆောင်ရွက်စဉ်က မကျင့် သုံးနိုင်ခဲ့ဘဲ ယခုလို ပုံမှန်ရုံးပြန် တက်ရ၍ အခြားဝန်ကြီးဌာနများ နှင့် ပူးပေါင်းဆောင်ရွက်မှု အား ကောင်းလာနိုင်ကြောင်း နေပြည် တော်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြော သည်။

‘‘ဝန်ထမ်းတွေအနေနဲ့၊ ရုံး ဌာနတွေအနေနဲ့ သတိထားရမှာ က ဧည့်သည်ပါပဲ။ ဧည့်သည်တွေ များလာမှာ၊ လုပ်ငန်းတွေများလာ မှာ အများပြည်သူနဲ့ဆက်ဆံတဲ့ ဌာနတွေ သတိထားရမယ်’’ ဟု ၎င်းကဆိုသည်။

နေပြည်တော်ရှိ အစိုးရဝန် ထမ်းများအား ပညာပေးမှုများ ဆောင်ရွက်ထားပြီး စည်းကမ်း လိုက်နာမှုများရှိလာ၍ နောက် ပိုင်းတွင် ကူးစက်မှုလျော့နည်း လာကြောင်း ဒေါက်တာမြတ်ဝဏ္ဏ စိုးက ဆက်လက်ပြောကြားသည်။

‘‘အခုလို ပုံမှန်ပြန်တက်ရ တော့ လုပ်ငန်းလုပ်ရတာပိုအဆင် ပြေမှာ။ အခုက အဆင်မပြေဘူး။ ပိုပြီးတော့ ပင်ပန်းတယ်။ တစ် ဝက်တက်၊ တစ်ဝက်နားဆိုတော့ တစ်ယောက်စာကို နှစ်ယောက် စာလုပ်နေရတာလေ’’ ဟု ဝန်ကြီး ဌာနတစ်ခုမှ လက်ထောက်ညွှန် ကြားရေးမှူးတစ်ဦးက ပြော ကြားသည်။

နေပြည်တော်တွင် ကိုဗစ်၁၉ ရောဂါ ကူးစက်မှုမှာ ဝန်ထမ်း များထံမှ ကူးစက်မှုသိပ်မရှိသော် လည်း မမြင်ရသည့် ရောဂါဖြစ်၍ စိုးရိမ်စိတ်အနည်းငယ်ရှိကြောင်း ၎င်းကဆိုသည်။

နေပြည်တော်သို့လာရောက်သူများအနေဖြင့် မြို့နယ်အလိုက် သတ်မှတ်ထားသည့်ရက်အတိုင်း Quarantine ဝင်ရောက်၍ ကိုဗစ် ရှိ၊ မရှိ စစ်ဆေးပြီးမှသာ ဝင်ခွင့်ရ ရှိမည်ဖြစ်သည်။

Leave a Reply