အဂတိတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ရာထူးက နုတ်ထွက်

Local News

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ရာထူးက သဘောဆန္ဒ အလျောက် နုတ်ထွက်မှုကို ဒီဇင်ဘာ ၁ ရက် ဒီကနေ့မှာ သမ္မတရုံးက သဘောတူလက်ခံခဲ့တယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ဘီဘီစီကိုအတည်ပြုပါတယ်။

ကော်မရှင်သက်တမ်းမကုန်ဆုံးသေးပေမယ့် ကျန်းမာတဲ့အချိန်မှာ တရားဘာဝနာအတွက်အချိန်ပေးချင်တာကြောင့် အခုလိုအနားယူသွားတာဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာမရှိဘူးလို့ ဦးကျော်စိုးကပြောပါတယ်။

ဦးအောင်ကြည်ဟာ နိုဝင်ဘာ ၆ ရက်က နုတ်ထွက်စာတင်ခဲ့တာဖြစ်ပေမယ့် တစ်လနီးပါးကြာမှသာ သမ္မတရုံးက နုတ်ထွက်စာကိုခွင့်ပြုတဲ့အကြောင်း အကြောင်းပြန်ခဲ့တာလည်းဖြစ်ပါတယ်။

စစ်အစိုးရခေတ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်အတွင်း ဆက်ဆံရေးဝန်ကြီးလုပ်ခဲ့တဲ့ ဦးအောင်ကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသူတစ်ဦးလည်းဖြစ်ပါတယ်။

ဦးအောင်ကြည်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ပြန်ကြားရေးဝန်ကြီးအဖြစ်ကနေ သက်တမ်းမကုန်ခင် အနားယူခဲ့သူလည်းဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အအဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

Leave a Reply