ရွာငံမြို့နှင့်ပင်လောင်းမြို့နယ်တို့တွင် ထိန်းချုပ်ဓာတုပစ္စည်းများ၊စိတ်ကြွဆေးပြားများအား သယ်ဆောင်သူ ၉ ဦးနှင့်အတူဖမ်းမိ

Local News

ရွာငံမြို့နှင့်ပင်လောင်းမြို့နယ်တို့တွင် ထိန်းချုပ်ဓာတုပစ္စည်းများ၊စိတ်ကြွဆေးပြားများအား သယ်ဆောင်သူ ၉ ဦးနှင့်အတူဖမ်းမိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရွာငံမြို့နှင့်ပင်လောင်းမြို့နယ်တို့တွင် ထိန်းချုပ်ဓာတုပစ္စည်းများ၊စိတ်ကြွဆေးပြားများအား သယ်ဆောင်သူ ၉ ဦးနှင့်အတူဖမ်းမိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရွာငံမြို့ရှိ Mobile X-Ray(မြို့ကြီး)တွင် အောက်တိုဘာ ၂၆ ရက်နံ နက်ပိုင်းက ၁၂ ဘီးကုန်တင်ကားပေါ်မှ ဖမ်းဆီးရမိခဲ့ပြီး ပင်လောင်းမြို့နယ်တွင်လည်း စိတ်ကြွ ဆေးပြားများဖမ်းမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သည့် ပူးပေါင်းအဖွဲ့မှ ရွာငံမြို့နယ်၊ Mobile X- Ray(မြို့ကြီး)တွင် ကျော်သက်အောင်(၃၂)နှစ် မောင်းလာသည့် NISSAN ၁၂ ဘီးကားနှင့် ထွန်းထွန်း(၅၂)နှစ်မောင်းကာ ဒေါ်ညိုညို(၄၈)နှစ်၊ကျော်ကျော်လွင်(၅၂)နှစ်၊မြတ်သူ(ခ)သားကြီး (၃၅)နှစ်နှင့် စည်သူအောင်(ခ)သားငယ်(၃၀)နှစ်တို့လိုက်လာသည့် ISUZU EXTRA CAB ကားတို့အား စစ်ဆေးခဲ့ကြသည်။

၁၂ ဘီးကုန်တင်ကားပေါ်ရှိ ပလတ်စတစ်ပုံးများအတွင်းမှ ၎င်းတို့အတူတကွသယ်ဆောင်လာသည့် ဆာလဖျူရစ်အက်ဆစ် ၄၃၀၀ လီတာအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ရွာငံမြို့မရဲစ ခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ထို့ပြင် ပင်လောင်းမြို့နယ်တွင် ပင်လောင်း-နေ ပြည်တော်သွားကားလမ်း၏ လိန်းလီကြိုးတံတားထိပ်တွင် အောက်တိုဘာ ၂၇ ရက်နံနက် ၁၀ နာရီခွဲခန့်က ကောင်းသူကျော်(ခ)လပြည့်(ခ)စောကောင်းပြည့်(၃၂)နှစ်မောင်းကာ မ၀င်းနွယ်(၃၇) နှစ်နှင့်သော်တာ၀င်း(၁၉)နှစ်တို့လိုက်လာသည့် HIJET ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၇၄၀၀၀ ပြားအားဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖိုကုန်းနယ်မြေရဲစခန်းက မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ရေးသားသူ – ပေါ်ပြူလာဂျာနယ်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။