ရွေးကောက်ပွဲကော်မရှင် ချောင်ပိတ်မိနေပြီဟု ဦးစိုးမောင်ပြော

Local News

ပြီးခဲ့တဲ့ (၂၀၂၀) အထွေထွေရွေးကောက်ပွဲမှာ မဲမသမာ မှုတွေရှိခဲ့တဲ့အကြောင်း အထောက်အထားတွေ အပြည့်အဝရထားတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ချောင်ပိတ်မိနေပြီလို့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးစိုးမောင်က ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ (၅) ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ 

မြန်မာနိုင်ငံရေးရွေးကောက်ပွဲကော်မရှင် အနေနဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲကလို ‘ဘယ်ပြေးမလဲမိချိုသဲ’ ဆိုတဲ့အတိုင်းဖြစ်နေပြီလို့ ဦးစိုးမောင်က ပြောပါတယ်။ 

အခုလက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် မှာ စာချွန်လွှာ ပေးပို့ထားပြီး တပ်မတော်က လည်း သက်သေအဖြစ်ပါဝင်တယ်လို့ ပြည်ခိုင်ဖြိုးနဲ့မိတ်ဖက်ပါတီ တွေက သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။

ဒီလိုမျိုး ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက်နေရတာဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့၊ တရားဥပဒေစိုးမိုးဖို့ နဲ့ နောင်လာမယ့်ရွေးကောက်ပွဲတွေ မှာ တရားမျှတ ပြီးပွင့်လင်းမြင်သာမှုရှိဖို့ ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီကပြောပါတယ်။ 

မြန်မာနိုင်ငံရဲ့ (၂၀၂၀) အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ အသိအမှတ်ပြု ချီးကျူးထားပါတယ်။

မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ကတော့ တပ်မတော်အပါအဝင် နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲရလဒ် ကို လက်မခံတဲ့သဘောထား တွေ မလုပ်ကြဖို့ အသိပေးထားပါတယ်။ 

Leave a Reply