ရန်ကုန်မြို့အတွင်း စီးနင်းခွင့်မပြုသည့် မြို့နယ်မှာ ကားနှင့်ဆိုင်ကယ် မတော်တဆဖြစ်ခဲ့ရင်

Local News

ရန်ကုန်မြို့တော် နယ်နမိတ်အတွင်း စီးနင်းခွင်မပြုသည့် မြို့နယ်တို့၌ ကားနှင့်ဆိုင်ကယ်မတော်တဆမှုဖြစ်ခဲ့သော်  ဘယ်လိုအရေးယူမလဲဆိုရင် မေးလာကြတဲ့ ယာဉ်မောင်းတွေအတော်များလာတာမို့ ထပ်ပြီး ရှင်းလင်းဖြေကြားပါရစေ။ မော်တော်ဆိုင်ကယ်မစီးရနယ်မြေမှာစီးနင်းခဲ့ရင် ဒီလိုမျိုးအရေးယူပါတယ် ဥပမာပေါ့ မစီးရနယ်မြေမှာစီးနင်းလို့ နယ်ကျော်လို့ ဆိုင်ကယ်မှာလိုင်စင်မရှိ without ဖြစ်လို့ စတာတွေနဲ့ သက်ဆိုင်သလိုအရေးယူပါတယ်။ ယာဉ်မတော်တဆမှုဖြစ်ခဲ့ရင်တော့ သက်ဆိုင်ရာယာဉ်စည်းကမ်း လမ်းစည်းကမ်း ပုဒ်မတို့နဲ့အရေးယူပါတယ် ဆိုင်ကယ်နဲ့ကားနဲ့ပဲဖြစ်ဖြစ် ဆိုင်ကယ်နဲ့လမ်းလျှောက်သူနဲ့ပဲဖြစ်ဖြစ် ယာဉ်/လမ်းစည်းကမ်းချိုဖေါက်တဲ့ ယာဉ်မောင်းကိုပဲအရေးယူပါတယ်။ ဒီနေရာမှာ အများစု စိတ်ထဲစွဲမှတ်နေတာက မစီးရနယ်မြေမှာ စီးတဲ့ဆိုင်ကယ်သသာလျှင် ဘယ်လိုဆိုဆိုမှာတာလို့ ပြောကြပါတယ် ဒါကိုကျွန် တော်ကဘယ်၍ဘယ်မျှ မည်သို့မည်ပုံရယ်လို့ ဘာမှဝင်မဆွေးနွေးလိုပါဘူး တစ်ခုပဲ အဲ့ဒီလိုထင်မှတ်ထားပြီး မတော်တဆဖြစ်ခဲ့လို့ရှိရင်ထင်မှတ်ထားသလို ဖြစ်မလာဘဲ မိမိအရေးယူခံလိုက်ရမှာကို မဖြစ်စေလိုတာမို့ ဒီလိုတော့ရှိတယ်ဆိုတာလေး ပြောပြခြင်းသာဖြစ်ပါတယ်။

ယာဉ်တိုက်မှုဖြစ်လို့အရေးယူတာကတပိုင်း မစီးရနယ်မှာစီးလို့အရေးယူမှာကတပိုင်းပါ။ယာဉ်မောင်းကောင်းတစ်ယောက်အနေဖြင့် ပြောရမယ်ဆိုရင်လဲ ဘယ်ယာဉ်စည်းကမ်းဖေါက်ဖေါက် မိမိစည်းကမ်းလိုက်နာဖို့သာ အဓိကပါ။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Leave a Reply