ခေတ်ကို ပြန်လည်ကိုယ်စားပြုလာတဲ့ သီချင်းဟောင်းလေးတစ်ပုဒ်

Knowledge

ခေတ်ကို ပြန်လည်ကိုယ်စားပြုလာတဲ့ သီချင်းဟောင်းလေးတစ်ပုဒ်… “သဘာဝရဲ့ ရင်သွေးငယ်တွေ . . . “

စိုင်းခမ်းလိတ်ရေးသားခဲ့သော “သဘာဝရဲ့ ရင်သွေးငယ်တွေ” သီချင်းဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေနှင့် အလွန်ကိုက်ညီလျက်ရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာ့တပ်မတော်မှ ပြည်သူများရဲ့ ရွေးကောက်ပွဲဆန္ဒမဲများကို လစ်လျူရှုကာဖက်စစ်ဆန်ဆန် တိုင်းပြည်အာဏာလုယူသွားခဲ့သည်။

နိုင်ငံတဝန်းရှိ ပြည်သူများမှ မကျေနပ်ချက်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဖေဖော်ဝါရီလ ၅ရက်နေမှ စတင်ကာ တတိုင်းပြည်လုံးရှိ လမ်းမများပေါ်တွင် ပြည်သူများ ပြည့်နှက်လာခဲ့ပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒများ ထုတ်ဖော်ခဲ့ကြသည်။

နောက်ပိုင်းကာလများတွင် အာဏာလုစစ်ကောင်စီ၏ အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် ပြည်သူများ ထိခိုက်သေကြေလာခဲ့ကြပြီး လူငယ်အချို့မှာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို စတင်လျှောက်လှမ်းလာခဲ့ကြသည်။

လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကိုလျှောက်လှမ်းလာခဲ့သော လူငယ်အများအပြားသည် အနာဂတ် ဘဝ တက်လမ်းများကိုစွန့်လွှတ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ တောတောင်များထဲသို့ အများအပြားထွက်ခွာလာခဲ့ကြသည်။

“သဘာဝရဲ့ ရင်သွေးငယ်တွေ” သီချင်းတွင် ပါဝင်သော သီချင်းစာသားများသည် အဆိုပါ လူငယ်များ၏ ဘဝများကို ဖော်ပြနေသကဲ့ ဖြစ်နေလေသည်။

စစ်ပွဲများ (ဝါ) အကြမ်းဖက်သတ်ဖြတ်မှုများ မရှိသော နေရာကို ရှာဖွေချင်သော လူငယ်များ…

ပိုင်ဆိုင်မှုများအားလုံး စွန့်လွှတ်ခဲ့ကြသော လူငယ်များ…

အရာရာလှပသော… ငြိမ်းချမ်းသော လောကသစ်တစ်ခုကို ဖန်တီးချင်သော လူငယ်များ…

“သဘာဝရဲ့ ရင်သွေးငယ်များ . . . ”

https://www.youtube.com/watch?v=1ZLk7tB5yT4

စစ်ပွဲများ (ဝါ) အကြမ်းဖက်သတ်ဖြတ်မှုများ မရှိသော နေရာကို ရှာဖွေချင်သော လူငယ်များ…

ပိုင်ဆိုင်မှုများအားလုံး စွန့်လွှတ်ခဲ့ကြသော လူငယ်များ…

အရာရာလှပသော… သန့်ရှင်းသော… ငြိမ်းချမ်းသော လောကသစ်တစ်ခုကို ဖန်တီးချင်သော လူငယ်များ…

“သဘာဝရဲ့ ရင်သွေးငယ်များ . . . “

Leave a Reply