အာဏာလုစစ်ကောင်စီရဲ့ အရှက်မရှိတဲ့ လုပ်ရပ်

Local News

ယခုလတ်တလော ဆိုးရွားစွာဖြစ်ပေါ်နေသည့် ကိုဗစ်ရောဂါကို ထိန်းချုပ်ကုသနိုင်ရန်အတွက် ပါဝင်လှူဒါန်းမှူများပြုလုပ်နိုင်ကြောင်း စစ်ကောင်စီက ၎င်းတို့ပိုင် မြဝတီမီဒီယာမှကြေညာခဲ့ရသည်။

စစ်တပ်က ထိန်းချုပ်ထားသည့် ကိုဗစ်ကုသနေသော ဆေးရုံဆေးခန်းများ၊ ကွာရန်တင်းစင်တာများ၊ ကွန်မြူနတီစင်တာများကို ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရန်အတွက် လိုအပ်သည့် ကာကွယ်ရေးပစ္စည်း၊ ဆေးဝါးအသုံးအဆောင် များကို လှူဒါန်းရန်အတွက် ပြည်သူများကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အရပ်သားအစိုးရလက်ထက်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို နေမဝင်အလှူရှင်များအဖြစ် တင်စားကာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လှူဒါန်းသူများကို ဂုဏ်ပြုခဲ့ပြီး လုပ်ငန်းရှင်များနှင့် ပြည်သူအများစုက ကိုဗစ်ရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို အားတက်သရောပါဝင်ကူညီခဲ့ကြသည်။

သို့သော် ယခုဆိုးရွားစွာဖြစ်ပေါ်နေသည့် ကိုဗစ်တတိယလှိုင်းတွင် ကူညီမည့် ပြည်သူများမရှိသဖြင့် စစ်ကောင်စီက စေတနာ့ဝန်ထမ်းများကို နေ့စားခပေး၍ ငှားရမ်းခြင်း၊ ဆရာဝန်များကို ကန်ထရိုက်စနစ်ဖြင့် ခန့်ထားခြင်းများကို ပြုလုပ်နေရသည်။

Leave a Reply