၂၀၂၂ သင်္ကြန်စာအတွက် ဆရာတော်ဥူးသုမင်္ဂလ ဒဲ့ဟောလိုက်ပြီ

Knowledge Local News

၂၀၂၂ သင်္ကြန်စာအတွက် ဆရာတော်ဥူးသုမင်္ဂလ ဒဲ့ဟောလိုက်ပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၂ သင်္ကြန်စာအတွက် ဆရာတော်ဥူးသုမင်္ဂလ ဒဲ့ဟောလိုက်ပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ဗြဟ္မဏဝါဒ”က လိမ်သမျှကို ဗုဒ္ဓဘာသာ ငတုံးတွေ အကုန်ခံရတယ်။

သင်္ကြန်နီးပြီ ဆိုတော့ သိကြားမင်းက မပါလို့ မရဘူး။

လူ့ပြည် အနှစ်တစ်ရာမှ တာဝတိ ံသာမွာ တစ်ရက်ပဲရှိတာ။

ခင်ဗျားတို့ အလိုအတိုင်း တစ်နှစ်တစ်ခါသာ ဆင်းရမယ်ဆို တစ္နာရီ တစ်ခါလောက်
လူ့ပြည် ဆင်းရလိမ့်မယ်။

သိကြား အဲဒီလောက် အချိန်မပေးနိုင်ဘူး။ သူ့မှာ မယားလေးယောက်နဲ့ နတ်ပြည်
နှစ်ထပ်ကို အုပ်ချုပ်ထားရတာ။

သူ့ဘုန်းကံနဲ့ ဖြစ်လာတဲ့ သိန္ဓောမြင်းလေး ရှစ်ကောင်က နတ်ရထားတွေလည်း အဆင်သင့်ရှိပြီးသား။

အဲဒါခင်ဗျားတို့က သိကြားကို ကျွဲစီးဆင်းခိုင်းလိုက် နွားစီးဆင်းခိုင်းလိုက် ဘီလူးစီးဆင်းခိုင်းလိုက်နဲ့ ခင်ဗျားတို့လုပ်မှ သိကြားတောင် မွဲသွားရှာပြီ။

“သုမင်္ဂလ”ကလေးဘဝတုန်းက အိမ်မှာ ​အမေက အတာအိုးနှစ်အိုး ပြင်ထားတာ
တွေ့တော့ “သုမင်္ဂလ”ကလည်း စပ်စုမိရော။

​အမေ ဒီနှစ်ပိုက်ဆံပေါတယ် ထင်တယ်။ ခါတိုင်း အတာအိုးတစ်အိုးပဲ ထားတာ။

ဒီနှစ်ကျမှ အတာအိုးက နှစ်အိုးတောင်ဆိုတော့ ဒီနှစ် ပိုက်ဆံအဆင်ပြေတယ် ထင်တယ်။

ဟဲ့ ဒီနှစ်က သောကြာသားတွေ တာစားတယ် လေ။ သောကြာသားတွေဖြစ်တဲ့ နင်နဲ့နင့်အဖေ အတွက် တစ်ယောက်တစ်အိုးစီ ထားပေးထား ရတာတဲ့။

” တာစားတယ်ဆိုတာ ဘာတုန်းအမေ ”

“သားမသိလို့ ပြောပြပါဆိုတော့ အမေက နင်လေ ဗုဒ္ဓဘာသာဖြစ်ပြီး အတော်တုံးတာပဲ”

“တာစားတယ်ဆိုတာ ဒီနှစ် သောကြာသားက ဗြဟ္မာကြီး ဦးခေါင်းကို ကိုင်ရတာဟဲ့”

“​အမေ ဒါဆိုဗြဟ္မာက ခေါင်းပြတ်ကြီးလား အဲဒီဗြဟ္မာကြီးကို ဘယ်သူ ခေါင်းဖြတ်သွားတာလဲ။

ပြီးတော့ အဲဒီ ဗြဟ္မာကြီး ဦးခေါင်းက သမုဒ္ဒရာထဲချရင် ရေတွေ အကုန်ခမ်းပြီး မြေပြင်မှာထားရင် အကုန်မီးဟုန်းဟုန်း လောင်တယ်။ ထားစရာနေရာ မရွိဘူးတဲ့”

အဲဒါကြောင့် ၇ ရက်သားသမီးတွေက တစ်နှစ်တစ်ခါ အလှည့်ကျ ကိုင်ရတာတဲ့။

ဟာ အဲလောက်တောင် ပြင်းတာလား။ ဒါဆို ကိုင်ထားတဲ့ ကောင်တွေကျ ဘာမှမဖြစ်ဘူးလား။

ဟုတ်တယ်လေ။ ဗြဟ္မာ့ဘုံဆိုတာ အမြင့်ဆုံး ဘုံလည်းပြောသေးတယ်။ အဲဒီဗြဟ္မာကို ဘယ်သူ ခေါင်းဖြတ်သွားမှန်းမသိဘူး။

အဲဒါ”သုမင်္ဂလ”လည်း ထောက်လှမ်းရေး sb တွေ စရဖတွေ လွှတ်ပြီး စုံစမ်းရဦးမယ်။ ​သဘောပါလား…

ဗြဟ္မဏဝါဒက လိမ်သမျှကို ဗုဒ္ဓဘာသာငတုံးတွေ အကုန်ခံရတယ်။ အယူမှားရင် အကုန်ဒယ်အိုးပဲ…

ဆရာတော် ဥူးသုမင်္ဂလ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

Leave a Reply