စစ်တပ်နဲ့ YMBA ပေါင်းပြီး ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်​

Local News

စစ်တပ်နဲ့ YMBA ပေါင်းပြီး ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်​

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်တပ်နဲ့ YMBA ပေါင်းပြီး ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်​ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းက နယ်မြေခံစစ်တပ် တပ်ရင်းတွေထဲမှာ မနေ့ (မတ်လ ၂၈ ရက်) ကစလို့ ဗုဒ္ဓဘာသာ ကလျာ ဏယုဝအသင်း YMBA နဲ့ စစ်ကောင်စီတပ်တို့ပူးပေါင်းပြီး ယဉ်ကျေးလိမ္မာသင်တန်းတွေကို လိုက်လံဖွင့်လှစ်နေတယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေရဲ့ကလေးတွေနဲ့ စစ် တပ်ထောက်ခံတဲ့အသိုင်းအဝိုင်းက ကလေးတွေကို ယဉ်ကျေးလိမ္မာအောင်အတွက် သင်ကြားပေးနေတာလို့သိရပါတယ်။

” အရင်လိုနွေရာသီကျောင်းပိတ်ရက် ဓမ္မစကူးလ် ပုံစံမျိုး အဲ့ဒီတုန်းကသင်တဲ့ပုံစံမျိုးအတိုင်းပါဘဲ။ ရန်ကုန်တိုင်း YMBAကဦးစီးပြီးဖွင့်တာ”လို့ မှော်ဘီမြို့နယ် အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာလည်း မနေ့ (မတ်လ ၂၈ ရက်နေ့)က အင်းစိန်မြို့နယ်၊တညင်းကုန်း လမ်းဆုံအနီးက အမှတ်(၁)စစ်သားစုဆောင်းရေးတပ်(စသစ- ၁) တပ်နဲ့ ရန်ကုန်တိုင်း YMBA တို့ ပူးပေါင်းပြီး ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခဲ့တယ်လို့ဖော်ပြတာကိုတွေ့ရပါတယ်။

စစ်ကောင်စီတပ်နဲ့ YMBA ပူးပေါင်းပြီး ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်တာနေတာနဲ့ပတ်သက်လို့ ရန်ကုန်မြို့ခံတဦးကသူ့ရဲ့အမြင်ကိုအခုလိုပြောပါတယ် ။

” မနှစ်ကဒီလိုအချိန်တွေဆိုနော် ရပ်ကွက်တွေထဲ၊ လမ်းတွေထဲ စစ်တပ်ကကောင်တွေအော်ဆဲနေတာ မိုးမွှန်နေတာ။ကလေးတွေကိုသင်ပေးမယ့်အစား လူသားအချင်း ချင်းဘယ်လိုလေးစားရတယ်။ ဘယ်လိုယဉ်ကျေးရတယ် ၊ အကြင်နာတရားထားရတယ်ဆိုတာ ဒီစစ်တပ်ကကောင်တွေကိုအရင်သင်ပေးရမှာ။ခုထိလည်း ရိုင်းစိုင်းနေကြတုန်း” လို့ရန်ကုန်မြို့၊ စမ်းချောင်းမြို့ခံတဦးက သူ့ရဲ့အ မြင်ကို ပြောပါတယ်။

YMBA အသင်းဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အမြဲတမ်း ဂုဏ်ထူးဆောင်နာယကအဖြစ်ခန့်အပ်ထားပြီး စစ်တပ်အာဏာသိမ်းတာကိုထောက်ခံခဲ့တဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတခုဖြစ်တဲ့အပြင် မြို့နယ်အဆင့်စစ်ကောင် စီတွေမှာလည်း YMBA အဖွဲ့ဝင်တွေက စစ်တပ်သတင်း ပေးအလုပ်တွေမှာဝင်ရောက်လုပ်ဆောင်နေတာပါ။

လက်ရှိမှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ် တပ်လက်အောက်မှာထားမယ့် ပြည်သူ့လုံခြုံရေးအဖွဲ့ကို YMBA အပါအဝင်၊ စစ်မှုထမ်းဟောင်း၊ ကြက်ခြေနီ၊မီး သတ်တို့နဲ့စမ်းသပ်ဖွဲ့ စည်းဖို့ စစ်ကောင်စီအစည်းအဝေးတခုမှာ ထည့်သွင်းညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ရေးသားသူ – AyeyarwaddyTimes

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။