February Predictions(Libra ,Scorpio ,Sagittarius )

Astrology
February Predictions(Libra ,Scorpio ,Sagittarius )

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ February Predictions(Libra ,Scorpio ,Sagittarius ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

February Predictions(Libra ,Scorpio ,Sagittarius )
Libra

ဖေဖော်ဝါရီမှာ ကံကောင်းမယ့်သူတွေထဲ Libra တွေကိုလည်း မေ့ထားလို့မရပါဘူး ။ လဆန်းပိုင်းကတည်းက ကံကောင်းမှုရှိတယ်ဆိုပေမယ့် ကျန်းမာရေးကိစ္စလေးတွေ ၊ စိတ်ကသိကအောက်ဖြစ်စရာလေးတွေ ပူးတွဲရှိနေဦးမယ် ။ ဒါပေမယ့် ဖေဖော်ဝါရီဒုတိယအပတ် Valentine’s Day ဝန်းကျင်ကစပြီး သိသိသာသာ အတက်ဖက်ရောက်လာဖို့ရှိတယ် ။ အထူးသဖြင့် ၂၀ ရက်နောက်ပိုင်းက ကိုယ့်အတွက်စပ်တူလုပ်ကိုင်တာတွေ ၊ အချစ်ရေး လူမှုရေးတွေမှာ သိသိသာသာအဆင်ပြေချောမွေ့ခြင်း ၊ လက်ရှိနောင်ဂျိန်ပလေးနေတဲ့အတွဲတွေအတွက် ပြန်လည်သင့်မြတ်ခြင်းလေးတွေ ရှိနေပါမယ် ။

ဒီတစ်လအတွင်း သိသိသာသာထူးခြားချက်လေးအနေနဲ့ ကိုယ့်အကြောင်းနဲ့ ကိုယ့်အနားကလူတွေအကြောင်း ပိုပြီးသိမြင်လာဖို့ရှိနေတယ် ။ Ellie အမြင်အရတော့ လဆန်းပိုင်းမှာ ပိုပြီးသိသာနိုင်တယ် ။ ကိုယ့်အပေါ်အမြင်မကောင်းတဲ့သူတွေ ၊ ကိုယ်နဲ့ရေရှည်မမြဲမယ့်သူတွေ အလိုလိုဇာတိပြလာဖို့မြင်မိတယ် ။ ကိုယ့်ဖက်ကလည်း စိတ်ရှင်းရှင်းနဲ့ပြတ်သားနိုင်မယ့်လမို့ အရင်လိုလိုက်ခံစားနေတာ ၊ ဆွဲထားတာမျိုးလည်း လုပ်ဖို့သိပ်ပြီးမရှိဘူး ။

ကိုယ့်ရဲ့အနာဂတ်အတွက် ပိုကောင်းဖို့ဖြစ်လာတယ်လို့ ကိုယ့်စိတ်ကလက်ခံနိုင်ပါလိမ့်မယ် ။ ဒီအတွက် ကိုယ့်အပေါ်ကောင်းတဲ့သူဆို ကိုယ်နိုင်တဲ့ဖက်ကကူညီဖို့ ချစ်ခင်ဂရုစိုက်ပေးဖို့ ကိုယ်အဆင်သင့်ဖြစ်နေသလို ၊ ကိုယ့်အတွက်မကောင်းဘူးမြင်လာရင်လည်း အရင်ကဘယ်လောက်တွယ်တာရသူဖြစ်ဖြစ် စိတ်ပြတ်ပြတ်နဲ့ပေးသွားလိုက်ဖို့ အားသာပါတယ် ။ ဒါကြောင့် ဖေဖော်ဝါရီကကိုယ့်စိတ်ထဲမေးနေတဲ့ အရေးကြီးမေးခွန်းတွေနဲ့ပတ်သက်ပြီး တိကျတဲ့အဖြေတွေရလာမယ့်လလို့ ပြောနိုင်တယ် ။

အလုပ်အကိုင်ဖက်မှာဆိုလည်း ဒီလိုပဲ ။ ဒါလေးကောင်းမလား ဟိုဟာလေးလည်းကောင်းတာပဲ ဆိုတာမျိုးကနေ တစ်ခုဆိုတစ်ခုသေချာရွေးချယ်ပြီး စိတ်ဒုန်းဒုန်းချလုပ်ကိုင်နိုင်သွားလိမ့်မယ် ။ ကိုယ့်စိတ်မှာရွေးချယ်ပြီးတဲ့အရာကို ကောင်းကောင်းဆိုးဆိုး အကောင်းဆုံးကြိုးစားကြည့်မယ်ဆိုတဲ့ စိတ်အားတက်ကြွမှုတွေ ဖေဖော်ဝါရီကပေးလာပါလိမ့်မယ် ။

ကိုယ့်စိတ်မှာ အကောင်းမြင်မှုလေးလိုအပ်ပါတယ် ။ ဒီ ၂၈ ရက်တာဟာ အတိုတောင်းဆုံးလတစ်လဆိုပေမယ့် ၂၀၂၃ ရဲ့အရေးပါတဲ့သင်ခန်းစာတွေ ရှိနေပါတယ် ။ ယုံကြည်ချက်ထားပါ ၊ စိတ်သစ်လူသစ်စတင်ပါ ၊ တကယ်တမ်းစတင်နိုင်ဖို့လည်း အခွင့်အရေးတွေရဖို့ရှိတယ် ။ ကံကောင်းခြင်းကို ပုံစံနှစ်မျိုးနဲ့ရကိုရပါမယ် (ငြင်းလို့မရပါ) ။

ပထမတစ်မျိုးက ကိုယ့်အတွက်အတွေးအမြင်အသစ် ၊ အခွင့်အလမ်းအသစ်တွေရလာတာမျိုးပါ ။ အလုပ်နဲ့ပတ်သက်ပြီး Win-Win လေးတွေရှာနိုင်မယ် ၊ Creativity ကိုအသုံးချရသူမှန်သမျှ ဖေဖော်ဝါရီ (အထူးသဖြင့်လကုန်ပိုင်းက) ကိုယ့်အတွက်ရှိနေမယ် ။ Single တွေအတွက် Crush စရာအသစ်တွေ ၊ ပိုကောင်းတဲ့ Option လေးတွေအနားရောက်လာမယ် ။

Relationship လည်းဒီပုံပဲ ။ လက်ရှိအားမလိုအားမရဖြစ်နေခြင်းက ပြေလည်ရင်ပြေလည် ၊ မပြေလည်တာမျိုးမှာ ကိုယ်နဲ့တကယ် Type တူတဲ့သူ ၊ စိတ်တိုင်းကျတဲ့သူတွေ တနည်းနည်းနဲ့မြင်လာဖို့ရှိနေတယ် ။

နောက်တစ်မျိုးမှာ လက်ပြနှုတ်ဆက်ခြင်းပါ ။ လူတစ်ချို့ကိုယ့်အနားကထွက်သွားတယ်လို့တော့ ခံစားရနိုင်တယ် ။ ဒါပေမယ့် ထွက်သွားသင့်တဲ့အချိန်မို့ကို ထွက်သွားတာလို့ပဲပြောရမယ် ။ ဒါကြောင့်ဖေဖော်ဝါရီက အလုပ်အသစ် ၊ ပတ်ဝန်းကျင်အသစ် ၊ အသိုင်းအဝိုင်းအသစ်တွေ ကိုယ့်ကိုစောင့်ကြိုနေပါတယ် ။ Routine လေးတွေဆွဲပါ ၊ ကိုယ်ရင်ဆိုင်ရမယ့် တစ်ခုထဲသောအခက်အခဲက ဟုတ်ပါ့မလား ဖြစ်ပါ့မလားဆိုတာလေးတစ်ခုပဲလို့ မြင်တယ် ။

ဖြစ်ကိုဖြစ်တယ် ၊ ဖြစ်အောင်လုပ်ယူနိုင်တယ်လို့ ယုံကြည်လိုက်နိုင်တာနဲ့ ကျန်တာကိုယ့်အောင်ပွဲ သေချာပေါက်ဖြစ်လာလိမ့်မယ် ။ ဒီတစ်လက စိတ်ကောင်းထားပြီးအကျိုးခံစားရမယ့်လပါ ။ ဒီလိုပဲ စိတ်ပုပ်ထားရင်လည်း အမြန်ဝဋ်လည်တာ ၊ ကျန်းမာရေးညံ့တာမျိုးရှိလိမ့်မယ် ။

ဘဝတက်လမ်းအတွက် Risk ယူသင့်တာယူပါ ၊ RS မှာအဆင်မပြေလို့ Move On တာမျိုးအားပေးတယ် ။ ထောင်မြင်ရာစွန့်တာမျိုးကတော့ ကိုယ်နဲ့ထိုက်တန်တဲ့အကျိုးပြန်ရဖို့မြင်မိတယ် ။ ဖေဖော်ဝါရီဟာကိုယ့်အတွက် ယုံကြည်မှုအပြည့်ရှိဖို့မြင်မိလို့ ကိုယ့်ကိုခရီးဖင့်စေသူတွေ ၊ ကိုယ့်ကိုကောင်းကျိုးမပေးတဲ့သူတွေကို လက်ပြနှုတ်ဆက်ခွင့်ရမယ့်လပါပဲ ။

Scorpio

Scorpio တွေ ခေါင်းရောကိုယ်ရောကို အလုပ်ပေးရမယ့်လတစ်လဖြစ်ပါလိမ့်မယ် ။ သို့လောသို့လောလေးတွေ အများကြီးကြုံရမယ် ။ အခွင့်အရေးတွေလည်းရမယ် ၊ အပြိုင်အဆိုင်လည်းများတတ်တယ် ။ မြန်မြန်တွေး ၊ နည်းနည်းပြော ၊ များများလုပ်ဆိုတဲ့လမျိုးလို့ မြင်မိတယ် ။

ဖေဖော်ဝါရီရဲ့အဓိက Focus က ကိုယ့်ဘဝတက်လမ်းနဲ့ပတ်သက်တယ်လို့မြင်တယ် ။ ကိုယ့်ဘဝတက်လမ်းဆိုတာမှာ ကိုယ့်မိဘတွေနဲ့မပတ်သက် ၊ ကိုယ့်မိသားစု ချစ်သူ အိမ်ထောင်ဖက်ကနေ သားသမီးအထိမပက်သက်တဲ့ Personal အတွေးအမြင်မျိုးတွေပါ ။ ကိုယ်ဝါသနာပါတာလေး တစ်ယောက်ထဲဇွတ်တိုးလုပ်ပါ ၊ ကိုယ်တက်ချင်တဲ့သင်တန်းရှိလား? တက်ပစ်လိုက် ၊ ကိုယ်လုပ်ချင်ပြီးငဲ့နေရတာရှိလား? စိတ်ပိုင်းဖြတ်ပြီးလုပ်သာလုပ် ။

ကိုယ့် Action တွေအပေါ် သံသယတွေ မေးခွန်းထုတ်တာတွေကတော့ လာမှာပဲ ၊ ဒါပေမယ့် ကိုယ့်ဖက်ကလည်းဂရုစိုက်နေဖို့ မမြင်မိဘူး ။ အဆင်ပြေရင်နေ ၊ အဆင်မပြေလည်း လက်ခံနိုင်အောင်ကြိုးစားဆိုတဲ့လတစ်လ ဖြစ်နေလိမ့်မယ် ။ Ellie အနေနဲ့ ရေးရတာတောင်အားရပါတယ် ။ ပြောရရင် ဒီတစ်လအတွင်း ကိုယ့်အတွေးတွေမြန်နေသလို အကောင်အထည်ဖော်ခြင်းလည်း မြန်နေဖို့ရှိတယ် ။

တိုင်ပင်နေတာမှကြာဦးမယ် ၊ ကိုယ့်ကိုပိတ်ပင်မှာစိုးလို့ လုပ်ချင်တာအရင်လုပ်ပြီးမှ အသိပေးတဲ့ကာလမျိုးပေါ့ ။ ကောင်းတဲ့အချက်က လုပ်သမျှအောင်မြင်ဖို့ Chance တအားများတယ် ။ ကိုယ့်ကိုခရီးဖင့်စေသူတွေအပေါ် တချိန်မှာ Result ကောင်းကောင်းနဲ့ သက်သေပြန်ပြနိုင်ဖို့ရှိနေပါတယ် ။

Scorpio လုပ်ငန်းရှင်တွေအနေနဲ့ ဒီတစ်လအတွင်း လုပ်ငန်းချဲ့ထွင်ဖို့လည်းမြင်ပါတယ် ။ ထောင်မြင်ရာစွန့်ရမယ့် ကာလမျိုးပါ ။ မိသားစုနဲ့နိုင်ငံခြားရွေးရခက်နေလား ၊ အချစ်ရေးနဲ့ပညာရေး ဒွိဟဖြစ်နေလား? ကိုယ်တစ်ယောက်ထဲကောင်းမယ့်လမ်းကို ရွေးပါ ။ ငှက်တစ်သောင်းနားတာနောက်ကိစ္စ ၊ အခုက ကိုယ်ပိုင်သစ်တစ်ပင်ကောင်းဖို့ အရင်လုပ်ရမယ့်ကာလလို့ပဲ ပြောချင်တယ် ။ လက်ရှိအကျိုးအမြတ်နည်းပြီး တစ်ချိန်အကျိုးအမြတ်ရမယ့်ကိစ္စမျိုးကို ပိုဦးစားပေးသင့်တယ် ။ ထီကံလည်း အထိုက်အလျောက်မြင့်နေဖို့မြင်ပါတယ် ။

အချစ်ရေးအရဆိုရင်လည်း Commitment လေးတွေ ၊ ပေါင်းစည်းမှုလေးတွေရှိနေတယ် ။ ဒါပေမယ့် အတက်အကျများဖို့ရှိတယ် ။ အထူးသဖြင့် ကိုယ့်ဆန္ဒတွေကိုလိုက်လျောနိုင်သူ ၊ နားလည်နိုင်သူမျိုးဆို သိသိသာသာအဆင်ပြေဖို့ ၊ စိတ်ထဲနက်နက်ရှိုင်းရှိုင်းကျေးဇူးတင်မိဖို့ရှိသလို ကိုယ့်ကိုဘုဂလန့်လုပ်တာ ဆရာလာလုပ်နေတာမျိုးမှာတော့ သိပ်အများကြီးမပြောပဲ ထားရစ်ခဲ့ဖို့ရှိနေတယ် ။

ဒီတစ်လအတွင်း ကိုယ့်မှာထူးခြားတဲ့ရှုထောင့်တွေ ရှိနေပါတယ် ။ အများမမြင်တဲ့လမ်းက အောင်မြင်ခွင့်ရဖို့အားသာတယ် ။ ဒါပေမယ့် မြန်မြန်လုပ်ပါ ၊ အပြိုင်ပေါ်တတ်တယ် ။ ရန်သူဟောင်းနဲ့ပတ်သက်ပြီး စိတ်ပြန်ရှုပ်ရတတ်တယ် ။ ကောင်းတဲ့အချက်က ကွဲကွာနေတဲ့သူတွေ မိတ်ဆွေဟောင်းတွေ LDRS အချစ်ရေးတွေဆီက ကိုယ်မျှော်လင့်နေတဲ့သတင်းစကားရတာ ၊ ပြန်လည်ဆုံစည်းခွင့်ရဖို့လည်း အတော်လေး Chance ရှိပါတယ် ။

ပြောရရင် February မှာ အနာဂတ်နဲ့ပတ်သက်ပြီး ကိုယ်ဘာလုပ်ရမယ်ဆိုတာမျိုး ထင်ရှားလာလိမ့်မယ် ။ ဒီလမှာ စိတ်ပျော်ရတာလေးရှိသလို စိတ်ပင်ပန်းတာလည်းရှိမယ် ။ ကိုယ်တစ်ယောက်ပဲ အဓိကအပင်ပန်းခံရတတ်ပေမယ့် ကိုယ်ချစ်ခင်သူတွေကို ကိုယ့်လက်နဲ့ကူညီခွင့်ရဖို့ ၊ ကိုယ့်ကြောင့်အကျိုးဖြစ်ထွန်းစေမယ့်ကာလမျိုးလို့ မြင်ပါတယ် ။

Open Relationship တွေ ၊ Single တွေအတွက်တော့ Personal Development က Focus လို့မြင်ပါတယ် ။ ချစ်လို့မရတော့မဟုတ် ချစ်ပါ ။ တအားကြီး Serious လိုက်မခံစားမိဖို့ပဲ ။ တက်လမ်းတွေများတဲ့လမို့ အချစ်ရေးက အချိန်ကုန်စေတာပဲများစေလိမ့်မယ် ။

Sagittarius

ကိုယ်တစိုက်မတ်မတ်ကြိုးစားနေတာမျိုးဆီက ကောင်းမွန်တဲ့ Result တွေစောင့်ကြိုနေပါတယ် ။ ကိုယ့်အရည်အသွေး ၊ အရည်အချင်းနဲ့ပတ်သက်ပြီး အလိုလိုသိမြင်ခံရတာ ထုတ်ဖော်ချီးကျူးခံရတာမျိုးလေးတွေ ရှိနေလိမ့်မယ် ။ အလုပ်မှာနာမည်ကောင်းရဖို့ ရာထူးတိုးဖို့အားသာသလို ကိုယ်လူမသိသူမသိ အနစ်နာခံထားတာမျိုးရှိရင် ဒါနဲ့ပတ်သက်ပြီး တစ်ဖက်ဖက်ကအကျိုးအမြတ်ပြန်ပေးလာဖို့ ရှိနေပါတယ် ။

ဒီတစ်လအတွင်း ကိုယ့်စိတ်မှာအကောင်းမြင်စိတ်တွေ ၊ ချစ်ခင်စိတ်လေးတွေ တိုးပွားနေဖို့ရှိတယ် ။ တော်ရုံကိစ္စမျိုး ခွင့်လွတ်လိုက်နိုင်တာ ။ ကိုယ့်စိတ်ထဲက Trauma သဘောမျိုးတွေကို ပြန်ပြီး Heal လုပ်ခွင်ံရဖို့အားသာချက်ရှိတယ် ။ တစ်ယောက်ထဲတော့ မနေဖို့တိုက်တွန်းချင်တယ် ။ အထူးသဖြင့် ကိုယ့်အတွက်ဒီတစ်လကံကောင်းခြင်းတွေက ကိုယ့်စိတ်ထဲရှိသူတွေကတဆင့် ရလာဖို့မြင်ပါတယ် ။

မိသားစုနဲ့အချိန်ပေးပါ ၊ အချစ်ရေးအတွက်လည်း ဂရုစိုက်ကြင်နာမှုလေးပေးပါ ။ မဆုံတာကြာတဲ့ သူငယ်ချင်း ၊ မောင်နှမတွေမျိုးနဲ့လည်း ပြန်လည်ပေါင်းထုပ်ဖို့အားသာနေတယ် ။ ဒီတစ်လက ကိုယ်ချစ်ခင်ရသူတွေကို အကောင်းမြင်စိတ်လေးနဲ့ကြည့်နိုင်လေ ကိုယ့်အတွက်ကံတက်လေဆိုတဲ့လလို့ မြင်ပါတယ် ။

ဆက်ကြည့်ရရင် လက်ရှိမှာ စီးပွားရေး ၊ ပညာရေးအခွင့်အလမ်းရှာနေသူတွေ လူမှုရေးကတစ်ဆင့် အဆင်ပြေလာဖို့ရှိတယ် ။ ကိုယ့်ဖက်ကမျက်စိပွင့်နားပွင့်နေရုံမကပဲ ကိုယ့်အနားရှိတဲ့အဆက်အသွယ် ၊ ချိတ်မျိုးတွေကို ပူးပေါင်းပါ ။ အားကိုးပါ ။ သူတို့ကြိုက်နှစ်သက်မယ့်အရာတွေ လက်ဆောင်ပေးခြင်း ၊ နှစ်လိုဖွယ်စကားဆိုခြင်းကတဆင့် ချဥ်းကပ်ဖို့တိုက်တွန်းပါတယ် ။

ဒီဖေဖော်ဝါရီက Sagittarius အတွက်လည်း ရှင်းလင်းကောင်းမွန်တဲ့အမြင်မျိုး ပေးလာဖို့ရှိနေတယ် ။ ကိုယ်သိချင်နေတဲ့အရာတွေ သိခွင့်ရလာမယ် ။ ဥပမာ- သူတကယ်မှချစ်ရဲ့လားဆိုတာမျိုးမှာ ထုတ်မမေးပဲသိလာရတာမျိုးပေါ့ ။ ကိုယ့်အနားအတုအယောင်တွေ အစစ်အမှန်တွေပိုထင်ရှားလာမယ် ။ ဒါလေးက ဒီတစ်လအတွင်းကံအကောင်းဆုံးအချက်လို့တောင် ပြောလို့ရနိုင်တယ် ။

ကိုယ့်အတွက်ကောင်းမွန်သူတွေကို ပစ်ထားမိနေလား? ကိုယ်အသိတရားဝင်ပြီး ပြန်နီးစပ်ဖို့ Chance ရလိမ့်မယ် ။ ဒီလိုပဲ ကိုယ်မြွေပွေးခါးပိုက်ပိုက်ထားမိနေလား? တစ်နည်းနည်းနဲ့ ကိုယ့်အတွက်ရှင်းလင်းတဲ့အဖြေမျိုး ရလာဖို့ရှိတယ် ။

ပိုကောင်းတာတစ်ခုက အထိအခိုက်မများခင် လွှတ်ချနိုင်လိုက်လိမ့်မယ် ။ အကောင်းဆုံးကတော့ Red Flag ဆို Move On ပစ်လိုက် ၊ လိုက်ခံစားမနေနဲ့ ။ သူ့နေရာပိုကောင်းတဲ့သူတစ်ယောက် အလိုလိုရောက်လာလိမ့်မယ် ။ ရောက်မလာလည်း ကိုယ်ခနချင်းလိုက်ရှာတတ်တယ်လေ (Sagittarius တွေကို ဒီကိစ္စကတော့ စိတ်မပူရဘူးလို့မြင်တာပဲ)။

ဒီလအတွင်း ပျော်စရာကိစ္စလေးတွေများပါတယ် ။ ခရီးသွားလာခြင်း ၊ အပျော်အပါးကိစ္စလေးတွေနဲ့ပတ်သက်ပြီး နှစ်ခါမခေါ်ရတဲ့သူဖြစ်နေလိမ့်မယ် ။ မကောင်းဘူးမြင်ရင် ပစ်ခဲ့မယ် ၊ ချစ်တဲ့သူတွေကို အချိန်ပေးမယ် ။ ပညာရေးအခွင့်အလမ်းလည်းရှိလို့ သင်တန်းတက်တာ ကျောင်းတက်တာမျိုးလည်း အတော်ကောင်းနေတယ် ။

အချစ်ရေးကတော့ လုံးဝအိုကေနေတာမျိုးထက် ရန်ဖြစ်ပြီးပြန်ချစ်တာဖက် ပိုရောက်တယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလအတွင်းပြသနာကြုံလည်း အဲဒီပြသနာကတစ်ဆင့် ပိုကောင်းတဲ့ Step တစ်ခုကို ရွေ့သွားနိုင်ဖို့ရှိပါတယ် ။ အမြဲတမ်းကောင်းနေတဲ့သူဆိုတာ မရှိသလောက်ရှားပါတယ် ။ ဒီထဲမှာမှ နည်းနည်းလုပ်ပြီး များများအောင်မြင်မှုရနိုင်တဲ့လဖြစ်တာမို့ ဖေဖော်ဝါရီမှာကံကောင်းတဲ့ရာသီခွင်တွေထဲ Sagittarius ကိုလည်း သတိတရလေးထည့်လိုက်ချင်ပါတယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။