ဒေါ်လာတစ်သိန်းကျော်ရရှိခဲ့တဲ့ ပန်ဆယ်လိုရဲ့ နာမ်နှိမ်ရန်ပုံငွေပွဲ

Local News

ဒေါ်လာတစ်သိန်းကျော်ရရှိခဲ့တဲ့ ပန်ဆယ်လိုရဲ့ နာမ်နှိမ်ရန်ပုံငွေပွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေါ်လာတစ်သိန်းကျော်ရရှိခဲ့တဲ့ ပန်ဆယ်လိုရဲ့ နာမ်နှိမ်ရန်ပုံငွေပွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အားလုံးသိတဲ့အတိုင်း ပြည်သူ့ဘက်တော်သား ပန်ဆယ်လိုဟာ စခများကို နည်းမျိုးစုံနဲ့ ရေးသားတော်လှန်ပြီး ပြည်သူ့အတွက် ရန်ပုံငွေရှာပေးနေတာ ဖြစ်ပါတယ်။

အခုတခါမှာလည်း အမေရိကန် ဆန်ဖရန်စ္စကိုမှာကျင်းပတဲ့ နာမ်နှိမ်ရန်ပုံငွေရှာဖွေပွဲမှာ ပန်ဆယ်လိုရဲ့ ဦးဆောင်မှုနဲ့အတူ ဒေါ်လာတစ်သိန်းကျော် မြန်မာငွေ သိန်း ၂ ထောင်ကျော်ခန့် ရရှိခဲ့တာ ဖြစ်ပါတယ်။

နာမ်နှိမ်တယ်ဆိုတာကတော့ စစ်အာဏာရူး မင်းအောင်လှိုင်ပုံကို ပစ်မှတ်အရုပ်လုပ်ထားပြီး အမျိုးသမီး ထဘီများနဲ့ဝိုင်းစွပ်ပေးတာပဲ ဖြစ်ပါတယ်။ ဗေဒင်ယတြာရူး မအလတို့အတွက် ဘယ်လောက်ရင်နာစရာ ကောင်းလိုက်မလဲနော်။

ပန်ဆယ်လိုက ထိုကဲ့သို့ ရရှိမှုအပေါ် သူ့ရဲ့လူမှုကွန်ယက်မှာ အောက်ပါအတိုင်း တင်ထားခဲ့ပါတယ်။

“San Francisco Bay Area မှာ ကျင်းပတဲ့ FBAC ရဲ့ နာမ်နှိမ်ရန်ပုံငွေရှာဖွေပွဲမှာ အမေရိကန်ဒေါ်လာတစ်သိန်းဝန်းကျင် ရှာဖွေနိုင်ခဲ့ပါတယ်။

MaALoe တွေကို တိုက်ထုတ်ဖို့ MaALoe တွေနဲ့ပဲ ရန်ပုံငွေပြန်ရှာနိုင်တာ ကျေနပ်လိုက်တာ။”

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။