Mytel တာဝါတိုင်များဖြင့် လ-က်နက်ကြီးတွေထုတ်လုပ်နိုင်ပြီဆိုတဲ့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့

Local News

Mytel တာဝါတိုင်များဖြင့် လ-က်နက်ကြီးတွေထုတ်လုပ်နိုင်ပြီဆိုတဲ့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Mytel တာဝါတိုင်များဖြင့် လ-က်နက်ကြီးတွေထုတ်လုပ်နိုင်ပြီဆိုတဲ့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


Mytel တာဝါတိုင်များဖြင့် တဖက်ပွင့်လ-က်နက်ကြီးများအပါအဝင် လ-က်နက်ကြီး “မမ” များကိုလည်း ကိုယ်ပိုင်ဖန်တီးတီထွင်မှုများဖြင့် ထုတ်လုပ်နိုင်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ – CDSOM က ယနေ့(ဇွန် ၉ ရက်)တွင် ထုတ်ပြန်သည်။


“တော်လှန်ရေးကာလမှာ ထိုက်သင့်တဲ့ကုန်ကြမ်း တစ်ခုအနေနဲ့ ရှိတယ်။သူ့(စစ်ကောင်စီ)အရိုးနဲ့ သူ့ကိုပြန်ထိုးနိုင်တဲ့အခွင့်အလမ်း တစ်ခုပဲ”ဟု CDSOM တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
အဆိုပါထုတ်လုပ်မှုများကို ယခုနှစ် တော်လှန်သင်္ကြန်ကာလအတွင်း အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ထုတ်လုပ်ထားသော “မမ”များသည် ပေ ၂၀၀၀ နှင့်အထက်ပြေးနိုင်သည့်အပြင် စစ်ဆင်ရေးများတွင် အဝေးပစ်အနေဖြင့် အကောင်းဆုံး အသုံးပြုနိုင်မည်ဟု ဆို သည်။


မဟာမိတ်စစ်ဆင်ရေးအများစုတွင် အဆိုပါ တဖက်ပွင့် လ-က်နက်ကြီးများအား အသုံးပြုခဲ့ပြီးအထူးသဖြင့် ၂၀၂၂ ဧပြီအတွင်း ဖြစ်ပွားခဲ့သော ရေလယ်ကျွန်းစစ်ဆင်ရေးနှင့် လက်ယက်မစစ်ဆင်ရေး တိုက်ပွဲများတွင် စတင်အသုံးပြုခဲ့သည်ဟု CDSOM က ပြော သည်။
လက်ရှိတွင် တဖက်ပွင့်လ-က်နက်ကြီးများကို ပြန် လည်ပြင်ဆင် ထုတ်လုပ်လျက်ရှိပြီအရေအတွက် အများအပြား ထုတ်လုပ်နိုင်ရန် စီစဥ်လျက်ရှိကြောင်း အသိပေးသည်။


ထိုအပြင် မကြာမီအချိန်အတွင်း Mytel တာဝါတိုင်များမှတဆင့် လ-က်နက်ကြီး၊ လ-က်နက်ငယ်များ အမျိုးအစားပေါင်းစုံ ထပ်မံထုပ်လုပ်သွားမည်ဖြစ်ကာ လ-က်နက်ထုတ်လုပ်မှုမှ ရဲဘော်များအား လ-က်နက်အတော်အသင့် တပ်ဆင်ပေးနိုင်မည်ဟု CDSOM က ခန့်မှန်းသည်။
Mytel တာဝါတိုင်များသည် လ-က်နက်ထုတ်လုပ်ရေးအတွက် အကောင်းဆုံးကုန်ကြမ်းဖြစ်သည့်အပြင် အဆိုပါ တာဝါတိုင်မှထုတ်လုပ်သော လ-က်နက်များသည် မဟာမိတ်စစ်ဆင်ရေးများ၏ အရေးကြီးသည့်နေရာမှ ပါဝင်နေ ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။


ထို့ကြောင့် Mytel တာဝါတိုင်မှတဆင့် လ-က်နက်ကြီး၊ငယ်နှင့် (မမ)များ ပိုမိုထုတ်လုပ်ပြီး တိုက်ပွဲဝင်နိုင်ရန်နှင့် ထုတ်လုပ်မှုတွင် ပါဝင်သော ဆက်စပ်ကုန်ကြမ်းများအတွက် ပါဝင်အားဖြည့်ပေးရန်လည်း CDSOM က မေတ္တာရပ်ခံသည်။
အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်အတွင်း
စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင် ၅၀၀ခန့်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်း၌ သုံးပုံ နှစ်ပုံကျော်အထိရှိကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။


(စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင်ဖြင့် လက်နက်များ ထုတ်လုပ်ရန် ဖြတ်​တောက်​နေစဥ်၊ ဓာတ်ပုံ – CDSOM)
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။