ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦး ကြိုးမိန့်အပေးခံလိုက်ရပြီ

Local News

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦး ကြိုးမိန့်အပေးခံလိုက်ရပြီ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦး ကြိုးမိန့်အပေးခံလိုက်ရပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ် ပြစ်ဒဏ် ချမှတ်ခံထားရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို ပြစ်ဒဏ် စီရင်လိုက်ပြီ ဖြစ်ကြောင်းယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတွင် ထုတ်ပြန် ဖော်ပြထားသည်။
(အတည်မပြုနိုင်သေး)


အင်းစိန်ထောင်သတင်းရပ်ကွက်များကမူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို ရက်ပိုင်းအတွင်း သေဒဏ် စီရင်ပြီးနောက် အကျဉ်းထောင်အတွင်း လုံခြုံရေး တင်းကျပ်ထားကြောင်း ပြောဆိုကြသည်။


“ဝန်ထမ်းတွေလည်း ၂ ရက်ရှိပြီအပြင်ပေးမထွက်။ အပြင်လူလည်းပေးမဝင်ဘူး။ သေဒဏ် စီရင်တာကို သိတာ ၅ယောက်ပဲ ရှိတာပြောတယ်။ ဟိုရက်က မိသားစုနဲ့ပေးတွေ့တာကလည်း နောက်ဆုံးအခွင့်ရေးပေးတာလို့ ပြောတယ်။သတင်းကအပြင်လုံးဝ ထွက်မလာလို့ပါ” ဟု အင်းစိန်ထောင်သတင်းရပ်ကွက်က ပြောသည်။


ဒီသတင်းကို အခုချိန်ထိ အတည်မပြုနိုင်သေးတာကြောင့် သတင်းမှာ ဖြစ်ပါစေဆိုပြီးတော့လဲ အကုန်လုံးက ဆုတောင်းနေကြရပါတယ်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။