သံအမတ်ကြီး ဦးကျော်မိုးထွန်း ၇၇ ကြိမ်မြောက် ကုလညီလာခံ၏ နောက်ဆက်တွဲ အစည်းအဝေး ၁၁ ခု တက်ရောက်ပြီး စစ်ကောင်စီကို ကုလသမဂ္ဂနှင့်နိုင်ငံတကာက အရေးယူရန် တိုက်တွန်းနေ

Local News

သံအမတ်ကြီး ဦးကျော်မိုးထွန်း ၇၇ ကြိမ်မြောက် ကုလညီလာခံ၏ နောက်ဆက်တွဲ အစည်းအဝေး ၁၁ ခု တက်ရောက်ပြီး စစ်ကောင်စီကို ကုလသမဂ္ဂနှင့်နိုင်ငံတကာက အရေးယူရန် တိုက်တွန်းနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ၇၇ ကြိမ်မြောက် ကုလညီလာခံ၏ နောက်ဆက်တွဲ အစည်းအဝေး ၁၁ ခု တက်ရောက်ပြီး စစ်ကောင်စီကို ကုလသမဂ္ဂနှင့်နိုင်ငံတကာက အရေးယူရန် တိုက်တွန်းနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၄
အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ နောက်ဆက်တွဲ အစည်းအဝေး ၁၁ ခုကို တက်ရောက်ပြီး မင်းအောင်လှိုင် ခေါင်း ဆောင်သော အကြမ်းဖက်စစ်ကောင်စီကို အရေးယူရန် နိုင်ငံတကာနှင့် ကုလသမဂ္ဂကို တိုက်တွန်းလျက်ရှိကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် စက်တင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး ၇၇ ကြိမ်မြောက် ကုလသ မဂ္ဂအထွေထွေညီလာခံ၏ နောက်ဆက်တွဲ ကော်မတီအစည်းအဝေးများကို စတင်ကျင်းပလျက်ရှိပြီး အောက်တိုဘာလ ၁၄ ရက်နေ့အထိ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အစည်းအဝေး ၁၀ ခုကို တက်ရောက်ခွင့်ရရှိခဲ့ကြောင်း၊ ယင်းအစည်းအဝေး ၁၀ ခုတွင်လည်း မြန်မာပြည်သူများကို ကူညီရန်နှင့် ရက်စက်ယုတ်မာသည့် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာနှင့် ကုလသမဂ္ဂက အရေးယူရန် တောက်လျှောက်ဆိုသလို တိုက်တွန်းနေခြင်းဖြစ်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့သော ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ၏ နောက် ဆက်တွဲ ကော်မတီအစည်းအဝေး ၁၁ ခုမှာ –
၁- စက်တင်ဘာလ ၃၀ ရက်နေ့၌ ကျင်းပပြုလုပ်သော ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးသည့် တတိယကော်မတီ အစည်း အဝေး။
၂- အောက်တိုဘာလ ၄ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှု (General Debate) ဆိုင် ရာ အစည်းအဝေး။
၃- အောက်တိုဘာလ ၆ ရက်နေ့တွင် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၏ အမျိုးသမီးများကဏ္ဍမြှင့်တင်မှု ဘာသာရပ်ခေါင်းစဉ်အောက်၌ မိန့်ခွန်းတစ်ရပ်ပါဝင်ပြောကြားခဲ့ပါသည်။
၄- အောက်တိုဘာလ ၆ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ ဘာသာရပ်အစီအစဉ် (၁၇)အောက်ရှိ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာ ညီလာခံများ၏ ရလဒ်များ အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်သည့် အစည်း အဝေး။

၅-အောက်တိုဘာလ ၇ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဥပဒေရေးရာဆိုင်ရာကော်မတီ (ဆဋ္ဌမကော်မတီ) ၏ အစည်းအဝေး။
၆- အောက်တိုဘာလ ၁၀ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မ တီ ၏ ကလေးသူငယ်များအခွင့်အရေး ဘာသာရပ်ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုအစည်းအဝေး။
၇-အောက်တိုဘာလ ၁၀ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဆိုင်ရာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းတစ် ရပ် ထွက်ပေါ်လာရေးနှင့် စပ်လျဉ်းသည့် ဘာသာရပ်အစီအစဉ်အစည်းအဝေး။

၈-အောက်တိုဘာလ ၁၁ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်အစည်းအဝေး။
၉-အောက်တိုဘာလ ၁၂ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီတွင် မည်သည့်တရားရုံး တွင်မဆို တရားစီရင်နိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal jurisdiction) နယ်ပယ်နှင့် အခြေခံသဘောတရားကို အသုံးချမှုနှင့် စပ်လျဉ်းသည့် ဘာ သာ ရပ်အစီအစဉ်အစည်းအဝေး။

၁၀-အောက်တိုဘာလ ၁၂ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မ တီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ ဘာသာရပ်အစီအစဉ် (၂၄) မှ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး၊ စား နပ်ရိက္ခာဖူလုံရေးဆိုင်ရာခေါင်း စဉ် ဆွေးနွေးမှုအစည်းအဝေး။
၁၁-အောက်တိုဘာလ ၁၃ ရက်နေ့တွင် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်အစည်း အဝေး တို့ကို တက်ရောက် မိန့်ခွန်းပြောကြားပြီး အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာနှင့် ကုလသမဂ္ဂက ချက်ချင်းအရေးယူဆောင်ရွက်ရန် တိုက်တွန်းပြောဆိုလျက်ရှိကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။