နမ့်ခမ်း၊ မင်းကင်း၊ ပုလော၊ သံတောင်ကြီး၊ မြဝတီ၊ ခင်ဦးနှင့် ပေါက် တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၅ ဦးthay ဆုံး၊ စစ်သား ၁ ဦး အရှင်ဖမ်းမိ

Local News

နမ့်ခမ်း၊ မင်းကင်း၊ ပုလော၊ သံတောင်ကြီး၊ မြဝတီ၊ ခင်ဦးနှင့် ပေါက် တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၅ ဦးthay ဆုံး၊ စစ်သား ၁ ဦး အရှင်ဖမ်းမိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နမ့်ခမ်း၊ မင်းကင်း၊ ပုလော၊ သံတောင်ကြီး၊ မြဝတီ၊ ခင်ဦးနှင့် ပေါက် တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၅ ဦးthay ဆုံး၊ စစ်သား ၁ ဦး အရှင်ဖမ်းမိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၉

ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ စစ်ကိုင်းတိုင်း မင်းကင်းနှင့် ခင်ဦးမြို့နယ်၊ ကရင် ပြည်နယ် သံတောင်ကြီးမြို့နယ်၊ မြဝတီမြို့နယ်၊ မကွေးတိုင်း ပေါက်မြို့နယ်နှင့် တနင်္သာရီတိုင်း၊ ပုလောမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားကာ စစ်သား ၁၅ ဦးthay ဆုံးပြီး ၁ ဦး အရှင်ဖမ်းမိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
နမ့်ခမ်းတွင် စစ်ကြောင်းကို KIA က တိုက်ခိုက်မှု ၅ ဦးthay ဆုံး
===================================
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့များကို KIA တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခံရာ စစ်သား ၅ ဦးthay ဆုံးကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။
နိုဝင်ဘာလ ၅ ရက်နေ့တွင် နမ့်ခမ်းမြို့နယ် မန်စပ်ရွာ (စိုက်ခင်းရပ်)တွင် အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များကို KIA တပ်ဖွဲ့မှ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးပွဲချင်းပြီးthay ဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိခိုက် ဒဏ်ရာရရှိသူ ၂ ဦးသည် လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် ကျည်ဖောက်ဝင် ပြင်းထန် ဒဏ်ရာများ ရရှိသော ကြောင့် အချင်းချင်း ပစ်thet ခဲ့ကာ တိုက်ပွဲကျသူ အပါအဝင် စစ်သား အလောင်း ၅ လောင်းကို တိုက်ပွဲဖြစ်ပွားသည့် အနီးအနားတွင် မီးရှို့ သဂြိုလ်သွားကြောင်း သိရသည်။
မင်းကင်းတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်
=========================================
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ် စစ်ကြောင်းကို PDF များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မင်းကင်းမြို့နယ်ရှိ ကုန်းမော်ကျေးရွာနှင့် ကျောက်မော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို People Defense Force Taung Dwin-Minkin TDPDF က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း TDPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကုန်းမော်ကျေးရွာနှင့် ကျောက်မော်ကျေးရွာကို မီးရှို့ဖျက်ဆီး ၎င်းတို့ တပ်စွဲထားသည့် ကျော်ရွာသို့ ပြန်လာစဥ် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်မှ ၃ နာရီ ၃၀ မိနစ်အထိ TDPDF တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ TDPDF တပ်ဖွဲ့ မှစမ်းသပ် ထုတ်လုပ်ထားသည့် lat nat ကြီး နှစ်လက်၊ lat nat ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်thay ဆုံးမှု အရေ အတွက် ကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကျော်ရွာ‌အတွင်းသို့ တပ်ပျက်ကာ ထွက်ပြေးသွားကြောင်း သိရသည်။
သံတောင်ကြီးတွင် စစ်တပ်ဂိတ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီး စစ်သား ၁ ဦးအရှင်ဖမ်းမိ
==========================================
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ စစ်တပ် ဂိတ်စခန်း ပစ်ခတ် တိုက်ခိုက်ခံရပြီး ၁ ဦးအရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်မုတ်ဦး အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို KNLA နှင့် PDF တပ်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ဦး အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
” ဘုရင့်နောင်မုတ်ဦးမှာ ပစ်ခတ်ခံရတယ်။ ၁ ရပ်ကွက်အစွန် သံတောင်ကြီးမြို့ထဲက ဒီနေ့ နံနက် ၅ နာရီကတည်းက ဖြစ်နေတာ မြို့အစွန် စစ်တပ်ဂိတ်ကို ပစ်တာ အရှင် တစ်ကောင်မိတယ် ပြောတယ်။ ခွေးthay လည်းများတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။
ခင်ဦးတွင် စစ်ကောင်စီ တပ်စခန်း တိုက်ခိုက်မှု စစ်သား ၇ ဦးthay ဆုံး
=====================================
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းရွာရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စခန်းကို ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် ရွာသစ်ကုန်းကျေးရွာရှိ အကြမ်း စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ တပ်စွဲထားသော စခန်းကို ဒေသခံ ကာ ကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၇ ဦးthayဆုံးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်လင်းယုန် -Local ပြောက်ကျား တပ်ဖွဲ့ ၊ ခင်ဦးမြို့နယ် ပ.က.ဖ၊ KSO တပ်ဖွဲ့၊ ဒေါင်းစစ်သည် Ldf-KU၊ Khin Oo Dog Killers-KDF၊ Future Heros -KU၊ စွန်ရဲနီ-Ldf-KU၊ သူရိန်လျှပ်စီးမိုးကြိုး- Ldf-KU တို့မှ ပူပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပေါက်မြို့ပေါ်တွင် အချုပ်ကား ၁ စီး လက်ဗုံး ပစ်သွင်းခံရ
=================================
မကွေးတိုင်း၊ ပေါက်မြို့ပေါ်တွင် အချုပ်ကား လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခံရကြောင်း သိရသည်။
နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မြိုင် ပကဖ တပ်ရင်း-၁ မှ ပေါက်မြို့ပေါ်ရှိ တရားရုံးအတွင်း အချုပ်သားများလာပို့ပြီး တရားရုံး အချုပ်အတွင်းသို့ အချုပ်သားများ ခေါ်ဆောင်သွားစဥ် အချုပ်ကားဘေးရှိ အကြမ်းဖက် စစ်သားများ လက်ပစ်ဗုံး ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခံရပြီး ထိခိုက်thay ဆုံးမှု အရေအတွက်ကို အတည် မပြုနိုင်သေးကြောင်း မြိုင် ပကဖ အဖွဲ့မှ ထုတ်ပြန်ထားသည်။


မြဝတီ-ဝေါ်လေ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွား
===========================
မြဝတီ-ဝေါ်လေ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ‌မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းအနီး ဆုံဆည်းမြိုင်ကျေးရွာမှ တောင်နီ၊ သေ့ဘော့ဘိုး စသည့် ကျေးရွာများအနီးသို့ ကျူးကျော်လာသော အကြမ်းဖက် စစ်တပ် တပ်မ ၄၄ လက်အောက်ခံ၊ နည်းဗျူဟာ ၄၄၃ ၏ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းနှင့် နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော ကော်ဘရာစစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း နှစ်ဖက် အပြန်အလှန် lat nat ကြီး ၊lat nat ငယ်များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်thay ဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
ဆုံဆည်းမြိုင် ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ၁၂၀ မမ lat nat ကြီးများ သေ့ဘော့ဘိုး ကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး ပြည်သူပိုင် နေအိမ် တချို့ ထိခိုက် ပျက်စီးခဲ့ကြောင်းသိရသည်။
ပုလောတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးthay ဆုံး
=============================
နိုဝင်ဘာလ ၉ ရက် ညနေ ၃ နာရီ ၃၀ မိနစ် အချိန်တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊ပုလောမြို့နယ်၊နန်းပရုပ်‌​​​ကျေးရွာနှင့်ထမင်းမစားကျေးရွာကြားတွင် ကင်းလှည့်လာယူထားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော) KPDF ဗိုလ်ခေါင်းဖြူစစ်ကြောင်းက သွားရောက်တိုက်ခိုက်ရာ
စစ်သား ၃ ဦးthay ဆုံးကြောင်း ပုလော KPDF က ပြောသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။