နိုင်ငံရေးအကျဥ်းသားတွေလွှတ်ပေးဖို့နဲ့ အာဆီယံမူ ၅ချက်ကိုအကောင်အထည်ဖော်ဖို့စစ်ကောင်စီကို အမေရိကန်သမ္မတပြော

International News Local News

နိုင်ငံရေးအကျဥ်းသားတွေလွှတ်ပေးဖို့နဲ့ အာဆီယံမူ ၅ချက်ကိုအကောင်အထည်ဖော်ဖို့စစ်ကောင်စီကို အမေရိကန်သမ္မတပြော
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိုင်ငံရေးအကျဥ်းသားတွေလွှတ်ပေးဖို့နဲ့ အာဆီယံမူ ၅ချက်ကိုအကောင်အထည်ဖော်ဖို့စစ်ကောင်စီကို အမေရိကန်သမ္မတပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးရမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ကပြောပါတယ်။

မြန်မာ့အရေးဖြေရှင်း‌ဖို့မှာ မြန်မာစစ်တပ်အပေါ် ဖိအားပေးတိုးမြှင့်လုပ်ဆောင်ဖို့ နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း‌ကြောင်းပေါ်ပြန်ရောက်ဖို့ အရေးကြီးတယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ကပြောကြားကြောင်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

မနေ့ နိုဝင်ဘာ၁၃ရက်မှာ အိမ်ဖြူတော်ကထုတ်ပြန်တဲ့ ပြီးခဲ့တဲ့ရက်က ဖနွမ်းပင် အာဆီယံအစည်းအဝေးကိုသမ္မတဘိုင်ဒန်တက်ရောက်ခဲ့တာနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်မှာ မြန်မာ့အရေးအဲဒီလိုပြောထားတာပါ။ဒါ့အပြင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်နဲ့ သမ္မတဘိုင်ဒန်တို့ တွေ့ဆုံချိန်မှာလည်း အလားတူပြောခဲ့ကြောင်း နိုင်ငံတကာသတင်းတွေကဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွင်း ဆိုးရွားလာနေတဲ့အကျပ်အတည်း‌တွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်းပြောထားသလို အာဏာသိမ်းခံထားရတဲ့ မြန်မာ့အရေး‌အဖြေရှာဖို့ အာဆီယံနဲ့နီးကပ်စွာပူးပေါင်းဆောင်ရွက်မယ်လို့လည်းပြောခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းကို ချက်ခြင်း ပြန်သွားဖို့ဆိုပြီး ဖနွမ်းပင် အာဆီယံအစည်းအဝေးတက်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရက်စ်ကလည်းပြောခဲ့သလို အာဆီယံနိုင်ငံတွေထဲ မလေးရှား၊စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ကလည်း မြန်မာ့အရေးဖြေရှင်းဖို့စစ်တပ်ရဲ့ အကောင်အထည်ဖော်မှုဟာအားနည်းတယ်လို့ထောက်ပြနေကြတာပါ။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ပြီးခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးက ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်အရ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်ကို ဆက်ပြီး ကိုင်စွဲထားမှာ ဖြစ်ပေမဲ့ အကောင်အထည်ဖော်မယ့် အချိန်သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အာဆီယံကထုတ်ပြန်ထားတာပါ။ စစ်ကောင်စီကတော့ မြန်မာ့အရေးအာဆီယံကြေညာချက်ကို ကန့်ကွက်ထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။