လောင်းလုံးတွင် စစ်တပ်က ဆိုင်ကယ်များကို အကြောင်းမဲ့ ပစ်ခတ်သဖြင့် ၁၄ နှစ်အရွယ် မောင်အောင်ဝေယံ အပါအဝင် ၂ ဦး thayဆုံး

Local News

လောင်းလုံးတွင် စစ်တပ်က ဆိုင်ကယ်များကို အကြောင်းမဲ့ ပစ်ခတ်သဖြင့် ၁၄ နှစ်အရွယ် မောင်အောင်ဝေယံ အပါအဝင် ၂ ဦး thayဆုံး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့လောင်းလုံးတွင် စစ်တပ်က ဆိုင်ကယ်များကို အကြောင်းမဲ့ ပစ်ခတ်သဖြင့် ၁၄ နှစ်အရွယ် မောင်အောင်ဝေယံ အပါအဝင် ၂ ဦး thayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် ဆိုင်ကယ် စီးနင်းလာသည့် လူငယ်များကို စစ်တပ်က အကြောင်း မဲ့ ပစ်ခတ်သောကြောင့် ၁၄ နှစ်အရွယ် မောင်အောင်ဝေယံ အပါအဝင် လူ ၂ ဦး thayဆုံး ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့ပေါ် ပြည်သူ့ဆေးရုံကြီး အနီး၌ စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆိုင်ကယ် စီးနင်းလာသည့် လူငယ် များကို အကြောင်းမဲ့ ပစ်ခတ် ဖမ်းဆီးခဲ့​ကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ဆိုင်ကယ် မောင်းနှင်လာသည့် လူငယ် ၂ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်း မဲ့ လိုက်လံ ပစ်ခတ်စဥ် သဗျာကျေးရွာမှ လောင်းလုံးမြို့အတွင်းသို့ ဆိုင်ကယ် အတူ စီးနင်းလာသည့် မောင်နှမ ၂ ဦးလည်း ထိမှန်ခဲ့ကြောင်း၊ မောင်အောင်ဝေယံ (အသက် ၁၄ နှစ်)သည် ကျည်ထိမှန်ဒဏ်ရာဖြင့် thayဆုံးခဲ့ကြောင်း၊ ညီမဖြစ်သူ မယွန်းပြည့်သဇင် အသက် ၁၂ နှစ် မှာလည်း ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် သေဆုံးခဲ့သည့် မောင်အောင်ဝေယံ

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးနင်းသူ အမည်မသိလူငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ ကြောင်း၊ အခြားလူငယ် တစ်ဦးကိုလည်း အကြမ်းဖက် စစ်တပ်မှ တပ်သားများက အပြင်းအထန် ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။
” ဖြစ်စဥ် တစ်နေရာတည်းမှာ ဖြစ်သွားတာ အမည်မသိ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်ကို စစ်ခွေးတွေက အကြောင်းမဲ့ ပစ်ခတ် ဖမ်းဆီးရင်းကနေ မောင်အောင်ဝေယံတို့ မောင်နှမ စီးလာတဲ့ ဆိုင်ကယ်ပါ ကျည်ထိမှန်ပြီး မောင်အောင်ဝေယံ သေဆုံးခဲ့တယ်။ အမည်မသိ လူငယ် ၁ ဦးလည်း သေဆုံးတယ်” ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။