ပရိသတ်တွေသိချင်ကြတဲ့ မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးrockerကြီး လေးဖြူရဲ့ဘဝဇာတ်ကြောင်း

Celebrity Local News
ပရိသတ်တွေသိချင်ကြတဲ့ မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးrockerကြီး လေးဖြူရဲ့ဘဝဇာတ်ကြောင်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ ပရိတ်သတ်တွေ မသိသေးတဲ့ မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးRockerကြီးကို လေးဖြူရဲ့ဘဝအကြောင်းကို အခုလို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်နော်။ ကိုလေးဖြူ ကိုယ်ရေးအကျဉ်း မသိသူများ အတွက် မြန်မာပြည်ရဲ့Rockerကြီးတစ်ဦးအကျော်ကြားဆုံး အဆိုတော် တစ်ယောက် ၊ သူရဲ့နာမည်ကတော့ လေးဖြူ ပဲ ဖြစ်သည်၊ သူ၏ music album ကန္တာရလမင်း ဖြင့် အောင်မြင်မှုကို ရရှိခဲ့သူလည်း ဖြစ်သည် ။

လေးဖြူ ကို ၁၉ ရက် မေလ ၁၉၆၅ ခုနှစ်တွင်ရှမ်းပြည်နယ်- အင်းလေးတွင် မွေးဖွားခဲ့သည် ။ အဆိုတော် အငဲ သည် သူနှင့် ညီအစ်ကို တော်စပ်သည် ။ လေးဖြူသည် မန္တလေးတက္ကသိုလ် မှ အင်္ဂလိပ်ဘာသာ ဖြင့် ဘွဲ့ရရှိထားသူ တစ်ဦးလည်းဖြစ်သည် ။ တက္ကသိုလ်တွင် ဝိုင်ဝိုင်းနှင် တွေ့ဆုံခဲ့သည် ။သူသည် Iron Cross Music Band နှင့် ချိတ်ဆက်ခဲ့သည် ။ ထို Music Band သည် ကျော်ကြားသော ကရင် Guitar Player စော ဘွဲ့မှူး ခေါင်းဆောင် တည်ထောင်သော Band ဖြစ်သည် ။

စောဘွဲ့မှူး ကွယ်လွန်ပြီးနောက် ချစ်စမ်းမောင်မှ Guitar Player အား ဆက်ခံခဲ့သည် ။ နောက်ပိုင်းတွင် အမဲ ၊ မျိုးကြီး နှင့် ဝိုင်ဝိုင်း စသည့် နာမည်ကြီး အဆိုတော်များ ထို Musie Band တွင် ပါဝင်လာခဲ့သည် ။လေးဖြူ ၏ အနုပညာ ခရီး လမ်းမှာ ဤသို့ ဖြစ်လေသည် ။ သူဟာ သူ့ရဲ့ ပထမဦးဆုံး Rock Music Album ဖြစ်တဲ့ “ ကန္တာရ လမင်း ” ဖြင့် အောင်မြင်ခဲ့သူ တစ်ဦးဖြစ်သည် ။ထိုအချိန်က သူ၏ သီချင်း များသည် Nazareth , Metallica , Van Halen, Scorpion, Dream Theatre နှင့် Bon Jovi တို့၏ သီချင်းများကို ကော်ပီလုပ်ကာ သီဆိုထားခြင်း ဖြစ်သည် ။

နောက်ပိုင်းတွင်တော့ လေးဖြူ သည် ကိုယ့်ကိုယ်ကို ယုံကြည် ရှိလာခဲ့ပြီး ကိုယ်ပိုင် သံစဉ် သီချင်းများကို ဖန်တီး သီဆိုလာ ခဲ့သည် ။ လေးဖြူသည် မြန်မာ နိုင်ငံ၏ ဂီတလောကအား နိုး ထလာစေသူ တစ်ဦးလည်း ဖြစ်သည်။လေးဖြူသည်ဇနီးသည် နွယ်နွယ်သန်းနှင့်အတူနေထိုင်လျက်ရှိပြီး သားသမီး နှစ်ဦး ထွန်းကားသည် ။ သမီးကြီး၏ အမည်မှာ ဆောင်းလေးဖြူ ဖြစ်ပြီး သားငယ်၏ အမည်မှာ တိမ်လေးဖြူ ဖြစ်သည် ။

လေးဖြူ ၏ ထွက်ရှိပြီးသမျှ Music Album များမှာ အောက်ပါ အတိုင်း ဖြစ်သည် ။ကန္တာရလမင်း/ပင်လယ်အော် သံ/ကန္တာရပင်လယ် လမင်းအော်သံ ( Live )/ဂီတ /ပါဝါ ၅၄/ကမ္ဘာသစ်တေး/ကျိန်စာ/သားကောင်/အိပ်မက်ကဗျာ/ လိပ်ပြာမံမီများ/ခဏလေးများ/ဘင်္ဂလားပင်လယ်အော် (BOB )ဒိုင်ယာရီ မြို့ဖစ်သည် ။ ထို့အပြင်တစ်ခြားအဆိုတော် များနှင့်လည်းပူးတွဲကာသီဆိုထားသော သီချင်းများလည်း အမြောက်အမြား ရှိလေသည်။ ဆိုပြီးတော့ ရေးသားဖော်ပြ ထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည် ကူးယူ ဖော်ပြပေး လိုက်ရပါတယ်။

ရေးသားသူ – Let pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။