စစ်တပ်တွင် ခွင့်မဲ့၊ စစ်ပြေးနှင့်ကျဆုံး စစ်သည်များ၏ လစာများကို လိမ်လည်ထုတ်ယူမှု များပြားနေ၍ စာရင်းများ တိုက်ဆိုင်စစ်ဆေးရန်၊ ငွေများ ပြန်သွင်းရန် တပ်တွင်း အမိန့်ထုတ်ရ

Local News

စစ်တပ်တွင် ခွင့်မဲ့၊ စစ်ပြေးနှင့်ကျဆုံး စစ်သည်များ၏ လစာများကို လိမ်လည်ထုတ်ယူမှု များပြားနေ၍ စာရင်းများ တိုက်ဆိုင်စစ်ဆေးရန်၊ ငွေများ ပြန်သွင်းရန် တပ်တွင်း အမိန့်ထုတ်ရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်တပ်တွင် ခွင့်မဲ့၊ စစ်ပြေးနှင့်ကျဆုံး စစ်သည်များ၏ လစာများကို လိမ်လည်ထုတ်ယူမှု များပြားနေ၍ စာရင်းများ တိုက်ဆိုင်စစ်ဆေးရန်၊ ငွေများ ပြန်သွင်းရန် တပ်တွင်း အမိန့်ထုတ်ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၅

အကြမ်းဖက်စစ်တပ်အတွင်း ခွင့်မဲ့၊ စစ်ပြေးနှင့်ကျဆုံး စစ်သည်များ၏ လစာများကို လိမ်လည်ထုတ် ယူမှုများ ကြီးမားများပြား စွာရှိနေ၍ ငွေစာရင်းများ တိုက်ဆိုင်စစ်ဆေးရန်၊ ငွေစာရင်းတိကျရန်နှင့် ငွေများ ပြန်သွင်းရန် တပ်တွင်း အမိန့်ထုတ်ထားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်ရင်းများတွင် တပ်အင်အားစာရင်းကို အင်အားပြည့် ပြ၍ လစာထုတ်ယူ အလွဲ သုံးစားမှုများ တွင်ကျယ်နေကြောင်း၊ စစ်ကောင်စီက တပ်ဖွဲ့တပ်ရင်းများ၏ အင်းအားကို လက်တွေ့ စုဆောင်း သောအခါ လစာထုတ်ယူထားသည့် အင်အားအတိုင်း စစ်သားများ ရှိမနေကြောင်း၊ ခွင့်မဲ့များ၊ စစ်ပြေးများနှင့် thay ဆုံးသွားခဲ့ပြီးသော စစ်သည်များ၏ လစာများကိုပါ လိမ်လည် ထုတ်ယူ အလွဲသုံးစားမှုများ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်မှ စစ်သားအိုးတစ်ဦး။

“ခွင့်မဲ့/စစ်ပြေး စစ်သည်များ၏ ထုတ်ယူသုံးစွဲခွင့်မရှိသော လစာနှင့်စရိတ်များကို ခွင့်မဲ့ပျက်ကွက်မှုနှင့် စစ်ပြေးများ မှတ်ပုံတင် (ထွေ-၂၆) ၊ တပ်ရင်းအမိန့်၊ ပင်မလစာစာရင်းစာအုပ် (တပ်မတော်ပုံစံ-ရေး-၆) တိုက်ဆိုင်စစ်ဆေးပြီး ကာကွယ်ရေးရငွေစာရင်းသို့ ငွေပြန်သွင်းရန်၊ တပ်ရင်းတပ်ဖွဲ့ ငွေစာရင်းများတွင် ဘဏ်လက်ကျန်စာရင်းနှင့် ဘဏ်စာအုပ်ရှိ လက်ကျန်ငွေများ ကိုက်ညီရမည်ဖြစ်ကြောင်း ” စစ်ကောင်စီ၏ ညွှန်ကြားချက်များတွင် ဖော်ပြထားသည်။

လက်ရှိတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းအတွင်းရှိ ရှေ့တန်းရောက် တပ်ရင်းတပ်ဖွဲ့တချို့အတွက် လစာများကို မပေးနိုင်ဘဲ လစာ ပေါင်းယူရသည့် လများပင်ရှိလာကြောင်း ၊နောက်တန်းမှ မိသားစုဝင်များက စစ်သားများ၏ လစာထုတ်ယူကြခြင်းဖြစ်သော်လည်း လစာ ပေါင်းယူရသည့် ကာလများရှိနေကြောင်း၊ ရှေ့တန်းရောက် စစ်တပ် အရာရှိနှင့် စစ်သည်များက စစ်ကောင်စီ၏ လစာကို စိတ်ဝင်စားဘဲ ပြည်သူလုထုထံမှ ငွေညှစ်တောင်းခံခြင်း၊ ပစ္စည်းများကို လုယက်ခြင်းများကို လုပ်ဆောင်ခြင်းဖြင့် ဝင်ငွေကောင်းနေကြကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။