စစ်ကိုင်း၊ တလိုင်းရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူများ သောင်းချီ ထွက်ပြေးနေရ ၊ ခင်ဦးတွင်လည်း စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး ပြည် သူများကို ဖမ်းဆီးthet ဖြတ်နေ၍ စစ်ဘေးသင့် ပြည်သူသောင်းချီ တိမ်းရှောင်ရ

Local News

စစ်ကိုင်း၊ တလိုင်းရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူများ သောင်းချီ ထွက်ပြေးနေရ ၊ ခင်ဦးတွင်လည်း စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး ပြည် သူများကို ဖမ်းဆီးthet ဖြတ်နေ၍ စစ်ဘေးသင့် ပြည်သူသောင်းချီ တိမ်းရှောင်ရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကိုင်း၊ တလိုင်းရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူများ သောင်းချီ ထွက်ပြေးနေရ ၊ ခင်ဦးတွင်လည်း စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး ပြည် သူများကို ဖမ်းဆီးthet ဖြတ်နေ၍ စစ်ဘေးသင့် ပြည်သူသောင်းချီ တိမ်းရှောင်ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို ယနေ့နံနက်ပိုင်း စစ်တပ် က ဝင်ရောက်မီးရှို့နေပြီး စစ်ကိုင်းမြို့ နယ်ရှိ ကျေးရွာ ၂၀ မှ ပြည်သူ လူထု သောင်းချီ ထွက်ပြေးနေရကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း စဉ့်ကိုင်တောင်ရွာ၊ မြောက်ရွာကို ယမန်နေ့ တွင် မီးတင်ရှို့ခဲ့သော စစ်ကြောင်းက စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို ဝင်ရောက်လာပြီး ထပ်မံ မီးရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အားလုံး ရှောင်နေရလို့ အthay အပျောက် မသိရသေးဘူး။ ရွာပေါင်း ၂၀ လောက် စစ်ဘေးရှောင်နေရပါတယ်။ နှမ်းတို့ အသီးနှံသိမ်းချိန်ဖြစ်လို့ ဒုက္ခ ရောက် နေကြပါတယ်။ အရင်နေ့က မီးရှို့သွားတဲ့ ထန်းကြီးရွာ၊ ကြောင်းဖြူရွာ တို့နဲ့ တစ်တန်းတည်း ရွာတွေ ပြန်လာပြီး စစ်တပ်က ရှို့တာပါ။ စဉ့်ကိုင် တောင်ရွာ မြောက်ရွာရှိတာ မြောက်ရွာကတစ်ရွာလုံးနီးပါးလောင်သွားပြီး တောင်ရွာက သိပ်မများဘူး။ အခုနံနက် ရှို့တဲ့ တလိုင်းရွာကိုတော့ သူတို့ မကြိုက်တဲ့ အိမ်တွေကိုရွေး ပြီး ရှို့သွားတယ်။ ပြီးတော့ မီးရှို့ပြီး တလိုင်းရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းအတိုင်းထွက်သွားတယ်။ စစ်ကိုင်းနဲ့ ဝက်လက်နယ်အစပ် ဝက်လက်နယ်အရှေ့တောင်ချမ်းမှာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။


စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ကျေးရွာကို စစ်အုပ်စုက ယနေ့ နံနက်ပိုင်း စီးနင်း လုယက် မီးကာ ရှို့ထင်တိုင်းကျဲ ပစ်ခတ်နေသဖြင့် စဉ့်ကိုင်ရွာသာမက မင်းဝံ တောင်ရိုးကျေးရွာများမှ ပြည်သူ သောင်းချီ ထွက်ပြေးနေရသည်ဟု သိရှိရသည်။
အလားတူ ယမန်နေ့ နံနက်ပိုင်း ၆ နာရီခန့်မှစ၍ ရေဦးမြို့မှ စစ်ကြောင်းများက ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း ညောင်ပင်ခြံ-ဆည်ကြီး-ကုန်းသာ ကျေးရွာ တို့သို့ စစ်ကြောင်းထိုးလာသဖြင့် ပြည်သူများ ထွက်ပြေး တိမ်း ရှောင် နေရ ကြောင်း ဒေသခံများက ပြောသည်။
စစ်ကြောင်းထိုးလာစဉ် ကုန်းသာကျေးရွာမှ အသက် ၁၇ နှစ်အရွယ် ကျောင်း သား မောင်ဥက္ကာ၊ မောင်အောင်ကျော်မျိုး ၊ မရမ်းအင်းရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦးကို စစ်တပ်က လမ်းပြနှင့် လူသားဒိုင်း အဖြစ်ပြုလုပ် ခေါ်ဆောင်ခဲ့ကြောင်း၊ ကျောင်းသား ၂ ဦးကို ပြန်လွှတ် ပေးသော် လည်း ကျန်တစ်ဦးကိုမူ မလွှတ်ပေးသေးကြောင်း၊ လမ်းတွင်တွေ့ခဲ့သော ဆိုင်ကယ် ၅ စီးခန့်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။
ယနေ့ နံနက် ပိုင်းတွင် ကံကြီးကုန်း အရှေ့ဘက် လယ်များအကြားမှ တပင် ကောင်းဘက်ဦးတည် ထွက်ခွာလာပြီးlat nat ကြီးများဖြင့် စစ်တပ်က ရမ်းသမ်းပစ်ခတ်သဖြင့် PDF ရဲဘော် ၂ ဦးထိမှန်ပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
လက်ရှိ ခင်ဦးနယ်တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် အိုးအိမ်နှင့် နေရပ် စွန့်ခွာပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် အသက်ဘေးလွတ်ရာသို့ စစ်ဘေး ရှောင်နေရသည့် စစ်ဘေးရှောင် ပြည်သူ ၂၀၀၀၀ နီးပါးရှိနေပြီး သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ မီးဖွားပြီးစ ကလေးမိခင်များပါ ဒုက္ခ ရောက် နေကြကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။