ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာ ဂျပန်ရောက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်

Local News

ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာ ဂျပန်ရောက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာ ဂျပန်ရောက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အင်းစိန်အကျဥ်းထောင်ကနေ မနေ့ နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီး လေဆိပ်ကိုတိုက်ရိုက်ပို့ဆောင်ခံရကာ ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ ဂျပန်မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တိုရူကူဘိုတာဟာ ဂျပန်နိုင်ငံတိုကျိုမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။


ပြန်ရောက်ရောက်ချင်းမှာပဲ သူဟာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။
သူ့ကို ကူညီထောက်ခံအားပေးသူများနဲ့ ဂျပန်အစိုးရကို ကျေးဇူးတင်ကြောင်းအပါအဝင် သူ့ရဲ့ အတွေးအမြင်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ ဂျပန်သတင်းထောက်တစ်ဦးဖြစ်တဲ့ မစ္စတာယူကီကိတဇူမိထံက သိရှိရပါတယ်။
တိုရူကူဘိုတာဟာ ရန်ကုန်မြို့ မြောက်ဒဂုံမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင့်ဆန္ဒပြပွဲကို လိုက်ပါသတင်းယူရိုက်ကူးရေးလုပ်စဥ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက် သူ့ကို ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးအက်ဥပဒေနဲ့ စုစုပေါင်း ထောင် ခုနစ်နှစ်၊ လူဝင်မှုကြီးကြပ်ရေးအက်နဲ့ ထောင် ၃ နှစ် စုစုပေါင်း ထောင် ၁၀ နှစ် စက်တင်ဘာလအတွင်းချမှတ်ခံခဲ့ရပါတယ်။
အဲဒီနောက်မနေ့က စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာပြီး ဂျပန်နိုင်ငံကိုပြန်လည်ပို့ဆောင်ခံခဲ့ရပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။