Practical advice for current matters ( Tarot & Zodiac )

Astrology
Practical advice for current matters ( Tarot & Zodiac )
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့Practical advice for current matters ( Tarot & Zodiac ) ဆိုတဲ့tarotလေးပဲ ဖြစ်ပါတယ်။

Practical advice for current matters ( Tarot & Zodiac )
လက်တွေ့ကျတဲ့ အကြံတွေ ပေးဖို့ Tarot cards တွေနဲ့
ဟောပြောထားပါတယ် လက်ရှိမှာ ရင်ဆိုင်နေရတဲ့ အခတ်အခဲပြဿနာတွေရှိပါသလား  အဖြေရှာကြည့်ပါ
• Take A Deepest Breathe and Pick A Pile •
Pile 1
PIle 2
Pile 3
Pile 1
ဒီpileကိုရွေးချယ်တဲ့သူတွေကတော့ အခုအချိန်မှာခက်ခဲတဲ့အခြေအနေထဲမှာရောက်နေတာကြောင့်မလို့ မင်းတစ်ယောက်တည်းလို့ဘယ်တော့မှမတွေးလိုက်ပါနဲ့
အဲ့လိုတွေးရင်မင်းဘဲစိတ်ပင်ပန်းရမှာဖြစ်လို့ အရမ်းအတွေးမလွန်ဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်
Water sign နဲ့ Air signတွေအနေနဲ့အခုလက်ရှိအချိန်မှာမင်းလုပ်ကိုင်နေတဲ့အရာတွေအပေါ်ကိုသာ အာရုံစိုက်ထားသင့်ပါတယ်
အနာဂတ်အကြောင်းတွေကိုလည်းကြိုတွေးတာမျိုးမလုပ်ပါနဲ့ ဘယ်အရာမှတစ်သတ်မတ်တည်းသွားတာမျိုးလည်းမရှိသလို အတည်တကျဖြစ်မယ်ဆိုပြီးအာမခံနိုင်တဲ့အရာလည်းမရှိပါဘူး
အတိတ်အကြောင်းတွေကိုလည်းဒီလောက်ဘဲ စဥ်းစားသင့်ပါတယ်
အချိန်ခရီးသွားပြီးပြင်ဆင်နိုင်မှာလည်းမဟုတ်တော့သလို ကိုယ့်ရဲ့စိတ်ထဲမှာပိုပြီးရှုပ်ထွေးလာရတာဘဲရှိမှာပါ
အဲ့ဒါကြောင့်အခုအချိန်မှာ ကိုယ်လုပ်နေတဲ့အရာတစ်ခုတည်းကိုသာအာရုံစိုက်ထားပြီး ကောင်းတာလေးတွေဘဲဖြစ်လာမယ်ဆိုတာကိုများများတွေးပေးပါ
Earth sign နဲ့ Fire signတွေအနေနဲ့လည်း Positive thinking များများတွေးပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု့အပြည့်အဝထားထားပါ
အမြဲစိတ်အားငယ်စေမယ့်အရာတွေကိုသာမတွေးဘဲ စိတ်ကိုခိုင်ခိုင်မာမာထားပါ
ကိုယ့်မှာရှိတဲ့မကောင်းတဲ့အရာတွေကိုသာမမြင်ဘဲ ကိုယ်လုပ်နိုင်တဲ့အရာတွေနဲ့ကိုယ့်ရဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကိုသာ ပြန်လည်တွေးကြည့်ရင်းကောင်းကွက်တွေကိုရွေးတွေးကြည့်ပါ
လူတိုင်းမှာသူတို့တော်တဲ့အရာတွေရှိပြီး တစ်ယောက်နဲ့တစ်ယောက်မတူညီပါဘူး
မင်းမှာလည်းကိုယ်ပိုင်အရည်အချင်းဆိုတာရှိတဲ့အတွက် အဲ့ဒါကိုရှာဖွေပြီးသေချာအသုံးချနိုင်အောင်ကြိးစားသင့်ပါတယ်
Water- Cancer,Scorpio,Pisces
Earth- Taurus,Virgo,Capricorn
Air- Gemini,Libra,Aquarius
Fire- Aries,Leo,Sagittarius
Pile 2
မင်းကတော့မကြာသေးခင်ကမှ ပြဿနာတစ်ခုကြောင့်အကြီးအကျယ်စိတ်ညစ်ခဲ့ရတယ်လို့ထင်မိပါတယ်
ကိုယ်နဲ့မဆိုင်ဘူးဆိုပေမယ့်လည်းတစ်မျိုးတစ်ဖုံပတ်သတ်နေမိတာကြောင့် စက်ကွင်းကမလွတ်ဘူးဖြစ်နေရတာပါ
အဲ့ဒီရဲ့အကျိုးဆက်ကတော့ကိုယ့်ရဲ့စိတ်ထဲမှာမရှင်းလင်းနေတာကြောင့် လုပ်ဆောင်တဲ့အရာတွေကပါအဆင်မပြေဘူးဖြစ်နေရတာပါ
တစ်ခုခုလုပ်မယ်ကြံလိုက်တိုင်း အဖျက်အမှောက်တစ်ခုမဟုတ်တစ်ခုကဝင်ရှုပ်နေလေ့ရှိတာကြောင့် စိတ်တွေကတဖြည်းဖြည်းစိတ်တွေပိုရှုပ်ထွေးလာသလိုဖြစ်ရပါတယ်
ဘယ်လိုလုပ်လုပ်စိတ်တွေကမရှင်းနိုင်တဲ့အတွက် ကိုယ့်ဘာသာကိုယ်လည်းအားမလိုအားမရဖြစ်တာတွေများလာရပြီး ကိုယ်ပြုလုပ်တဲ့အရာတွေမှာလည်းတာဝန်မကျေသလိုခံစားလာရပါတယ်
တကယ်တမ်းဆိုရင်မင်းကမနိုင်ဝန်ထမ်းနေတာလည်းမဟုတ်သလို အမှားတွေဘဲပြုလုပ်နေမိတာမဟုတ်ပါဘူး
အဲ့လိုပြောလို့လည်းမင်းဘက်ကအလုံးစုံမှန်နေတာလည်းမဟုတ်ပြန်ပါဘူး
မင်းဘက်ကအပြည့်အဝကြီးမမှန်ရင်တောင် သူတို့ဘက်ကပိုပြီးအမှားမကင်းဘူးဆိုတာကငြင်းပယ်လို့မရပါဘူး
Earth sign နဲ့ Water sign တွေကတော့ ကံအနိမ့်ပိုင်းကိုရောက်နေတယ်လို့မြင်မိပါတယ်
ဒီရက်ပိုင်းမှာအရမ်းseriousဖြစ်တဲ့အရာတွေကိုမပြုလုပ်ဘဲ ပေါ့ပေါ့ပါးပါးသာနေထိုင်သင့်တယ်လို့ထင်မိပါတယ်
Fire sign နဲ့ Air sign တွေကလည်း ကိုယ့်ဘက်ကဘဲနစ်နာတယ်လို့မမြင်ဘဲ အတတ်နိုင်ဆုံးဖြည့်တွေးပေးဖို့လိုအပ်ပါတယ်
အဲ့လိုတွေးပေးခြင်းအားဖြင့်ကိုယ့်ရဲ့စိတ်ကိုပါ တစ်မျိုးတစ်ဖုံသက်သာရာရစေနိုင်ပါတယ်
Water- Cancer,Scorpio,Pisces
Earth- Taurus,Virgo,Capricorn
Air- Gemini,Libra,Aquarius
Fire- Aries,Leo,Sagittarius
Pile 3
မင်းအခုလောလောဆည်ပြဿနာတွေမရှိပေမယ့်လည်း မင်းစိတ်ထဲမှာအခဲမကျေဖြစ်နေရတဲ့အရာတစ်ခုရှိနေပါလိမ့်မယ်
တကယ်တမ်းတွေးကြည့်ရင် မင်းစိတ်တိုရင်လည်းတိုချင်စရာပါတစ်ဖက်သူရဲ့လုပ်ရက်တွေကမှမမှန်ကန်နေတာ
အခုအဖြစ်ကိုနှိုင်းယှဥ်ပြရမယ်သူခိုးကလူပြန်ဟစ်ခံရတာပါ
မင်းအတွက်အများကြီးထိခိုက်သွားတာတော့မရှိပေမယ့် မဟုတ်မခံစိတ်ကြောင့်အလွန်ကိုခံရခက်လှပါတယ်
ဘယ်လိုမှကိုဖြည့်တွေးပေးလို့မရနိုင်အောင် တစ်ဖက်သတ်ကြီးဖြစ်လွန်းတာကြောင့်မင်းပတ်ဝန်းကျင်ကသူတွေကပါ အံ့ဩပြီးစိတ်ထဲမသိုးမသန့်ခံစားရပါလိမ့်မယ်
မင်းရဲ့စိတ်ထဲမှာလည်းအဲ့ဒီသူတွေကိုမင်းခံစားရတာထက်ပိုဆိုးတာကို ခံစားစေချင်နေနိုင်ပါတယ်
သူတို့လည်းတစ်ချိန်ကျရင်သူတို့ပြုလုပ်ထားတဲ့အရာတွေအတွက် ပေးဆပ်ရမယ့်အချိန်ဆိုတာရောက်လာအုံးမှာပါ
မင်းဘက်ကနေသူတို့ကိုမေတ္တာသာပို့ပေးလိုက်ပါ သူတို့အကျိုးသူတို့ခံရပါလိမ့်မယ်
ဝဋ်ဆိုတဲ့အရာကနောက်ဘဝမကူးဘူးဆိုတာ မင်းလည်းတခြားသူတွေရဲ့အဖြစ်ကိုကြည့်ပြီးသိထားပြီးသားဖြစ်နေမှာသေချာပါတယ်
သူတို့ထိုက်တဲ့သူတို့ကံမလို့ မင်းဘက်ကနေအထူးတလည်လက်စားချေတာမျိုးတောင် ပြုလုပ်စရာမလိုအပ်ပါဘူး
ကိုယ်မှန်တယ်ဆိုတာကိုကိုယ်ကိုယ်တိုင်သာသိထားပြီး ကိုယ့်လိပ်ပြာကိုယ်လုံရင်ရပါပြီ
Air sign နဲ့ Earth sign တွေကတော့ အဲ့ဒီသူတွေနဲ့မပတ်သတ်တော့ဘဲအပြီးတိုင်အဆက်အသွယ်ဖြတ်လိုက်တာက ပိုအဆင်ပြေမယ်လို့ထင်မိပါတယ်
Water sign နဲ့ Fire sign တွေအနေနဲ့ကတော့စိတ်ကိုလျော့ချပြီး အဲ့ဒီသူရဲ့ဝဋ်လည်တာကိုဘေးနားကနေကြည့်ရှု့သင့်ပါတယ်
အဲ့ဒီအချိန်ကလည်းသိပ်မကြာခင်အချိန်အတွင်းမှာကို ရောက်လာတော့မှာဘဲဖြစ်ပါတယ်
Water- Cancer,Scorpio,Pisces
Earth- Taurus,Virgo,Capricorn
Air- Gemini,Libra,Aquarius
Fire- Aries,Leo,Sagittarius
ရေးသားသူ – Warlocks’ Kingdom Co Ltd
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုtarotလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။