အိမ်ထောင်ရေးလမ်းအခွဲပါသူအကြောင်း..

Astrology
အိမ်ထောင်ရေးလမ်းအခွဲပါသူအကြောင်း..

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်ထောင်ရေးလမ်းအခွဲပါသူအကြောင်း.. ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်ထောင်ရေးလမ်းအခွဲပါသူအကြောင်း..

ဒီလိုမျိုးအမှတ်အသားပါသူတွေအတွက်လက်ပုံဖြင့် မျှဝေပါတယ်…ဘယ်ညာကြည့်ရှုစစ်ဆေးကြပါ..

ဝါသနာရှင်များအနေနဲ့.. ပုံပါအတိုင်း အိမ်ထောင်ရေးလမ်းမှာအခွဲပါနေမယ်ဆိုရင် ဒါဟာ လက္ခဏာရှင်အတွက် အားနည်းမှုအညံ့ဖြစ်ပါတယ်…အိမ်ထောင်ရေးမှာကြားလူစိတ်အနှောင့်အယှက်ပေးတတ်ပါတယ်..စိတ်ညစ်စရာတွေဝင်ရောက်တတ်ပြီး အိမ်ထောင်ရေးရုတ်တရက်ခွဲခွာမှုကြုံရတတ်ပါတယ်..ကွဲကွာမှုကို ဒီအခွဲကပြပေးနေတာဖြစ်ပါတယ်…ဒီလိုပါရင်တော့ အများအားဖြင့် အိမ်ထောင်ရေးမှာ စိတ်ညစ်စရာ၊စိတ်ရှုပ်စရာတွေနဲ့ကွဲကွာနိုင်မှုကိုသတိထားပေးရပါမည်..အဓိက တစ်ဦးနဲ့တစ်ဦး ကွဲကွာသွားရနိုင်တယ်လို့ပြပါတယ်..

အိမ်ထောင်ရေးလမ်းအစများပါရှိခြင်း

အခွဲအောက်နဲ့အပေါ်မှာလဲ လမ်းအစပါနေရင် ဒါဟာ လက္ခဏာရှင်အတွက် အိမ်ထောင်ရေးအားနည်းမှုကို အထောက်အကူပြုပေးပါတယ်..မိသားစုသို့မဟုတ် သာသမီးတွေကြောင့် အိမ်ထောင်ရေးခွဲခွာမှုအညံ့ကနေ အားနည်းစေတတ်ပါတယ်..မဖြစ်တည်အောင် အထောက်အကူပေးထားတာဖြစ်ပါတယ်..ဒီလမ်းအစတွေအားနည်းတော့ စိတ်ကိုအဓိက သတိပြုရမယ်…စိတ်များမှု၊တွေဝေနေမှုတွေကိုသတိထားပြုပြင်နိုင်မယ်ဆို အညံ့နည်းစေပါတယ်..အဓိက လမ်းအစပိုကောင်းရင် ဖြစ်တည်မယ့်အညံ့ကိုသေချာပေါက်ကာကွာမှုပေးမယ်လို့ပြပါတယ်..လမ်းအစမပါရင်တော့ အညံ့ဖြစ်တည်မှုတွေကို ကာကွယ်မှုမရှိပဲပိုကြုံရတတ်ပါတယ်..

(မှတ်ချက်) ဒီလိုအမှတ်အသားမျိုးပါရင် စိတ်ခံစားချက်တွေအရမ်းမထားနဲ့၊မေတ္တာစေတနာအနည်းငယ်လျှော့ချပေးလိူက်ပါ…စိတ်ခံစားချက်တွေကို ဦးစားမပေးသင့်ဘူလို့ပြပါတယ်..

ခုနှစ်ရက်သားသမီးများနဲ့ ကျေးဇူးရှင်များ ကျန်းမာ ၍ ချမ်းသာမှုအပေါင်းနဲ့ပြီးပြည့်စုံအောင်နေထိုင်နိုင်ကြပါစေ..အခက်ခဲတွေမှန်သမျှ ကောင်းစွာကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်…

ရေးသားသူ – Htet Paing Oo

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။